ကုန်သွယ်မှုသတင်းများ

Powered by Drupal
17 Jul 2023

   ပန်းအလှ၌ ပန်းတိမ်ဆရာလက်မှိုင်ချရသည်အထိ တင်စားခေါ်ဆိုသောပန်းတိမ်ငိုပန်းသည် သုံးရာသီရှိသောမြန်မာ့ရေမြေတွင် မိုးတွင်းကာလ၌ပွင့်တက်သည့် ပန်းတစ်မျိုးဖြစ်သည်။ ပန်းတိမ်ငိုမျိုးတွင် တစ်ထပ်ပန်းတိမ်ငို၊ နှစ်ထပ်ပန်းတိမ်ငို၊ သုံးထပ်ပန်းတိမ်ငို (ခေါ်) ဆင်စွယ်ဟူ၍သုံးမျိုးရှိသည်။ မျိုးကွဲပေါင်းများစွာရှိပြီး ပန်း၏အရောင်မှာ အပန်းရောင်၊ ခရမ်းရောင်နှင့် အဖြူရောင်တို့ရှိကြသည်။ ဖေဖော်ဝါရီလတွင် ဥများကိုတူးဖော်ကာစိုက်ပျိုးကြသည်။ အပင်အမြင့်သည် ၁၈လက်မမှ ၂၄လက်မအထိရှိပြီး အရွက်များမှာ အမြဲစိမ်းစို

17 Jul 2023

    ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ နမ့်ဆန်မြို့နယ်တွင် လက်ဖက်များကိုအဓိကစိုက်ပျိုးလျက်ရှိပြီး လက်ဖက်စို၊ လက်ဖက်ခြောက်လုပ်ငန်းများကိုလည်း လုပ်ကိုင်လျက်ရှိကြောင်းသိရှိရပါသည်။ လက်ဖက်လုပ်ငန်းနှင့်ပတ်သက်ပြီး လေ့လာချက်အရ သင်္ကြန်မတိုင်မီတွင် ဈေးနှုန်းများအနည်းငယ်ကွာခြားမှုရှိကြောင်း သိရှိရပါသည်။

17 Jul 2023

   မြေပဲကို အပူပိုင်း၊ သမပိုင်းနှင့် သမပိုင်းရာသီဥတုရှိသောနေရာများတွင် စိုက်ပျိုးကြပါသည်။ မြေပဲကို မိုးရာသီနှင့် ဆောင်းရာသီဟူသော နှစ်ရာသီလုံးတွင် စိုက်ပျိုးကြပြီး အထက်မြန်မာပြည်ဘက်၌ မြေပဲသီးသန့် (သို့) ပဲစဉ်းငုံ၊ နှမ်းတို့နှင့် သီးညှပ်စိုက်ပျိုးကြပြီး အောက်မြန်မာပြည်ဘက်တွင်မူ စပါးသီးထပ်အဖြစ် စိုက်ပျိုးကြပါသည်။ မြေပဲမှာ ဆီထွက်သီးနှံများထဲတွင် မရှိမဖြစ်လိုအပ်သည့် သီးနှံဖြစ်ပါသည်။ စားသုံးဆီအပြင် မုန့်ပဲသားရေစာများတွင်လည်း ထည့်သွင်းအသုံးပြုနိုင်သောကြောင့် ဈေးကွက်ဝင်သီးနှံတစ်မျိ

17 Jul 2023

   ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်အတွင်းရှိ မြို့နယ်များတွင် ဒေသတွင်းနှင့် ပြည်တွင်းစားသုံးမှုဖူလုံရေး၊ ဆန်စပါးဈေးနှုန်းတည်ငြိမ်ရေးနှင့် ပိုလျှံသည်များကို ပြည်ပသို့တင်ပို့နိုင်ရေးအတွက် မိုးစပါး၊ နွေစပါးများစိုက်ပျိုးထုတ်လုပ်လျက်ရှိရာ နတ်တလင်းခရိုင်အတွင်း (၂၀၂၂-၂၀၂၃) ဘဏ္ဍာနှစ်၌ မိုးစပါးလျာထားဧက (၃၁၄၄၆၃) ကို လျာထားချက်ပြည့်မီအောင်စိုက်ပျိုးနိုင်ခဲ့ကြောင်းနှင့် နွေစပါးလျာထားဧက (၅၈၂၇၂) ကို ကျော်လွန်အောင်စိုက်ပျိုးနိုင်ခဲ့ကြောင်းသိရပါသည်။

16 Jul 2023

အယ်လ်နီညိုဖြစ်စဉ် စတင်ခြင်းကြောင့် စိုက်ခင်းများ ခြောက်သွေ့လာပြီး သီးနှံများ ထိခိုက်ပျက်စီးမည့်အပေါ် စိုးရိမ်မှုများမြင့်တက်လျက်ရှိပြီး တင်သွင်းသူများအနေဖြင့်လည်း သိုလှောင်မှု များပြားလာခြင်းကြောင့် အာရှရှိ ဆန်ဈေးသည်လည်း နှစ်နှစ်အတွင်း အမြင့်ဆုံးသို့ ရောက်ရှိလာကြောင်း Bloomberg သတင်းဌာနက ဖော်ပြခဲ့သည်။

Pages