ကုန်သွယ်မှုသတင်းများ

Powered by Drupal
16 Jul 2023

အာဖရိကဒေသရှိ နိုင်ငံ ၈ ခုတွင် ဆန်စပါးထုတ်လုပ်မှုကို မြှင့်တင်ရန်နှင့် ပြည်ပမှ ဆန် တင်သွင်းမှုအပေါ် အမှီပြုနေရမှုအား လျှော့ချနိုင်ရန်အတွက် တောင်ကိုရီးယားနိုင်ငံအနေဖြင့် လာမည့်သီတင်းပတ်တွင် သက်ဆိုင်ရာနိုင်ငံများနှင့် သဘောတူစာချုပ်တစ်ခု လက်မှတ်ရေးထိုးရန် စီစဉ်လျက်ရှိကြောင်း တောင်ကိုရီးယား စိုက်ပျိုးရေးဝန်ကြီး Chung Hwang-keun က ပြောကြား ခဲ့သည်။

16 Jul 2023

ကမ္ဘောဒီးယားနိုင်ငံသည် ၂ဝ၂၃ ခုနှစ် ပထမနှစ်ဝက်ကာလအတွင်း တရုတ်နိုင်ငံသို့ ဆန် တန်ချိန် ၁၃၈၃၆၄ တန်၊ တန်ဖိုးအားဖြင့် အမေရိကန်ဒေါ်လာ ၈၈.၉ သန်းဖိုး တင်ပို့နိုင်ခဲ့ကြောင်း ကမ္ဘောဒီးယားဆန်စပါးအသင်းအဖွဲ့ချုပ် (CRF) ၏ ပြောကြားချက်အရ သိရှိရပါသည်။

16 Jul 2023

ဘင်္ဂလားဒေ့ရှ်နှင့် အိန္ဒိယနိုင်ငံတို့သည် ၂ဝ၂၃ ခုနှစ် ဇူလိုင်လ ၁၁ ရက်နေ့မှစတင်၍ နှစ် နိုင်ငံကုန်သွယ်ရာ၌ အိန္ဒိယငွေကြေးရူပီးဖြင့် စတင်ပေးချေဆောင်ရွက်ခဲ့ပါသည်။ ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ စီးပွားရေးလုပ်ငန်းနှစ်ခုဖြစ်သည့် Tamim Agro နှင့် Shahjahan Mia တို့၏ အိန္ဒိယရူပီးငွေ ၂၈ သန်းတန်ဖိုးရှိသည့် ပို့ကုန်ငွေလွှဲစာတမ်းနှစ်စောင်နှင့် Nita Company နှင့် Abdul Matlub Ahmad တို့၏ အိန္ဒိယရူပီးငွေ ၁၂ သန်းတန်ဖိုးရှိသည့် သွင်းကုန်ငွေလွှဲစာတမ်းနှစ်စောင်တို့ကို ဘဏ် (၄) ခုဖြစ်သော Sonali Bank ၊

16 Jul 2023

အိန္ဒိယနိုင်ငံ၌ ကော်ဖီထုတ်လုပ်မှု အကြီးမားဆုံးဖြစ်သော ကာနာတကာပြည်နယ်ရှိ Chikkamagaluru ၊ Kodagu နှင့် Bababudanagiri ဒေသများတွင် စိုက်ပျိုးထုတ်လုပ်သည့် အာရေဗီးကား ကုန်းမြင့်ကော်ဖီ အမျိုးအစားများသည် ထူးခြားသောအရသာနှင့် ရနံ့တို့ရှိပြီး ပထဝီအညွှန်း GI အမှတ်တံဆိပ်ရရှိထားရာ ၎င်းကော်ဖီများ၏ အမှတ်တံဆိပ် (Brand)  မြှင့်တင်မှုနှင့်အတူ ပြည်နယ်အတွင်း ကော်ဖီဂေဟခရီးသွားစနစ်ကို တိုးမြှင့်ဆောင်ရွက်မည်ဖြစ်ကြောင်း  ပြည်နယ်ဝန်ကြီးချုပ် Siddaramiah က ပြောကြားခဲ့ပါသည်။

16 Jul 2023

အိန္ဒိယစိုက်ပျိုးရေးဝန်ကြီးဌာနသည် စားသုံးဆီထုတ်လုပ်သူများ မဖြစ်မနေလိုက်နာရမည့် စားသုံးဆီရောနှောခွင့်ရှိသော ပမာဏရာခိုင်နှုန်းအား သတ်မှတ်သည့် အမိန့်ကြော်ငြာစာကို ၅-၇-၂၀၂၃ ရက်နေ့တွင် ထုတ်ပြန်ပြဋ္ဌာန်းခဲ့ပါသည်။

Pages