ကုန်သွယ်မှုသတင်းများ

Powered by Drupal
14 Jul 2023

  တောင်ငူမြို့နယ်၊ စပါးကြွယ်ကျေးရွာတွင် တစ်နိုင်တစ်ပိုင်စီးပွားရေးလုပ်ငန်းအဖြစ် သစ်သားစင်းနှီတုံးများကိုလုပ်ကိုင်ကြပါသည်။ သစ်သားစင်းနှီတုံးကို မန်ကျည်းသားဖြင့်ပြုလုပ်ရပါသည်။ မန်ကျည်းသားသည် အလွန်မာကြောပြီး တာရှည်ခံသောကြောင့် ဆန်ဖွတ်ရန်ကျည်ပွေ့များ၊ ဆီဆုံနှင့်ကြိတ်စက်များ၊ ထယ်များ၊ စူးများ၊ ဆောက်ရိုးများပြုလုပ်ရာတွင် ပိုမိုအသုံးဝင်သည့်အပြင် မီးဖိုချောင်သုံးပစ္စည်းဖြစ်သော စင်းနှီတုံးများပြုလုပ်ရာတွင်လည်းအသုံးပြုဝင်သည်။

14 Jul 2023

  တောင်ငူမြို့နယ်၊ ခပေါင်းတိန်ကျေးရွာသည် ရန်ကုန်-မန္တလေးအမြန်လမ်းမကြီး၏ အရှေ့ ဘက်၊ ဇီးပင်သာရဲစခန်းနှင့် တစ်မိုင်ခန့်အကွာတွင်ရှိပါသည်။ အိမ်ခြေ ၁၆၅အိမ်၊ လူဦးရေကျား/မပေါင်း ၆၄၁ဦးတို့နေထိုင်ကြပါသည်။ ပဲခူးရိုးမတောင်ပေါ်တွင် ချောင်းဖျားခံစီးဆင်းလာသော ခပေါင်းချောင်းဘေးတွင်တည်ရှိပါသည်။ ပဲခူးရိုးမတောင်ပေါ်တွင် ခပေါင်းဆည်ကြီးရှိသဖြင့် ခပေါင်းချောင်းသည် စိုက်ပျိုးရေးအတွက် ရေကိုဖူလုံစွာရရှိပါသည်။

14 Jul 2023

      ကယားပြည်နယ်တွင် စားဖိုဆောင်သီးနှံဖြစ်သော ကြက်သွန်ဖြူကို ရှမ်းပြည်နယ် (တောင်ပိုင်း) မြို့နယ်များဖြစ်သော တောင်ကြီး၊ပင်လောင်း၊ဟိုပုံးမြို့နယ်များမှ အဓိကမှာယူ တင်သွင်းစားသုံး ကြပါသည်။ ယခင်ဇွန်လ ဒုတိယပတ်အတွင်း ကယားပြည်နယ်တွင် ဖြစ်ပေါ် နေသော ကြက်သွန်ဖြူ (ရှမ်းစ/ဒေသစ) ဈေးနှုန်းမှာ (၄၅၀၀) ကျပ်နှင့် ကြက်သွန်ဖြူ (ကြူကုတ်စ) ဈေးနှုန်းမှာ(၅၂၀၀)ကျပ် ဖြစ်ပြီး ယခု ဇူလိုင်လ ဒုတိယပတ်အတွင်း ကြက်သွန်ဖြူ (ရှမ်းစ/ဒေသစ) ဈေးနှုန်းမှာ (၈၀၀၀)ကျပ် နှင့် ကြက်သွန်ဖြူ (ကြူကုတ်စ)ဈေးနှုန်းမှာ (၇၂၀၀)

14 Jul 2023

  ကယားပြည်နယ်၊ လွိုင်ကော်မြို့ သီရိမင်္ဂလာဈေးတွင် ၂၀၂၃ခုနှစ်၊ဇူလိုင်လ(ပထမပတ်)အတွင်း ရာသီစာနာနတ်သီးများ ရောင်းအားကောင်းလျက်ရှိပါသည်။ နာနတ်သီးသည် အရည်ရွှမ်း၊ အနံ့မွှေး၍ အရသာကောင်းမွန်သည့်အပြင် ဗီတာမင်နှင့်သတ္တုဓာတ် များစွာကြွယ်ဝသဖြင့် ကျန်းမာရေးအတွက် များစွာအထောက်အကူပြုကြောင်း၊ နာနတ်သီးတွင် အဓိကပါဝင်သော အာဟာရဓာတ်များမှာ ကာဗိုဟိုက်ဒြိတ်၊ ဗီတာမင်၊ သတ္တုဓာတ်နှင့်အင်ဇိုင်း ဓာတ်များပါဝင်ပြီး အဆိုပါ အာဟာရဓာတ်များသည် ပင်ပန်းနွမ်းနယ်မှုများကို လျော့နည်းစေခြင်း၊ အရိုးကျန်းမာရေးကောင်းစ

14 Jul 2023

    ကယားပြည်နယ်ဈေးကွက်အတွင်း ရောင်းချလက်ရှိသည့် စိုက်ပျိုးရေးမှိုများဖြစ်သော ငွေနှင်းမှို၊ ကောက်ရိုးမှုနှင့် အပ်မှိုတို့သည် အိမ်ရှင်မတိုင်းအတွက် အရသာရှိသော ဟင်းတစ်ခွက် ဖြစ်စေပါသည်။ အရသာရှိသည့်အပြင် ကျန်းမာရေးနှင့်လည်း ညီညွတ်လှပါသည်။ သဘာဝမှိုများသည် အဆိပ်ရှိတက်ပြီး စိုက်ပျိုးရေးမှိုများသည် အဆိပ်ကင်းပါသည်။ အစာလည်း ဆေး၊ ဆေးလည်းအစာဆိုသလို အလွန်အကျွံစားသုံးခြင်းကို ရှောင်ကြဉ်သင့်ပါသည်။

Pages