ကုန်သွယ်မှုသတင်းများ

Powered by Drupal
15 Jun 2023

      မိုးသီးနှံကို နှစ်စဉ် မေ၊ ဇွန်လများ၌ စတင်စိုက်ပျိုးရာ ၂၀၂၃ခုနှစ်၊မေလလယ်၌ မိုခါမုန်တိုင်းကြောင့် မိုးရွာသွန်းမှုရှိခဲ့ရာ မြေယာပြုပြင်ရန် တောင်သူများအတွက် လွယ်ကူချောမွေ့ကြောင်း သိရသည်။ မြေယာပြုပြင်ရာ၌ ထယ်ထိုးရာတွင် စက်ထယ်မှာ တစ်ဧကလျှင် (၃၅၀၀၀) ကျပ်၊ နွားထယ်မှာ (၁၀၀၀၀) ကျပ်ရှိကြောင်း သိရသည်။ မြေပြင်ပြုပြင်ပြီးနောက် မိုးသီးနှံစိုက်ရန် မြေခံမြေသြဇာကို သုံးစွဲကြရာ ဒေသတွင်းတောင်သူများအနေဖြင့် ရှေးရိုးမပျက် နွားချေးကို ပုံမှန်သုံးစွဲလေ့ရှိပါသည်။ နွားချေး စျေးမှာ နွားလှည်းတစ်စ

15 Jun 2023

      မိတ္ထီလာခရိုင်တွင်း ကုလားပဲကို မိတ္ထီလာ၊ ဝမ်းတွင်း၊ မလှိုင်၊ သာစည်မြို့နယ်များတွင် စိုက်ပျိုးကြောင်း၊ ၂၀၂၂-၂၀၂၃ ခုနှစ်တွင် ကုလားပဲ စိုက်ဧက (၄၆၇၅၃) ဧကနှင့် ရိတ်သိမ်းဧက (၄၆၇၅၃) ဧကရှိကြောင်း ၊ အထွက်စုစုပေါင်းမှာ (၄၇၅၁၅၉) တင်းရှိပါသည်။ ယခင်မေလဒုတိယပတ်၌ ကုလားပဲ V2 တစ်တင်းလျှင် (၇၂၀၀၀) ကျပ် စျေးနှုန်းရှိပြီး၊ ယခုဇွန်လ ဒုတိယပတ်၌ ကုလားပဲ V2 တစ်တင်းလျှင် (၈၅၀၀၀) ကျပ် စျေးဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိပြီး ယခင်လ ဒုတိယပတ်နှင့် ယခုလ ဒုတိယပတ်နှင့် နှိုင်းယှဉ်ကြည့်ပါက ကုလားပဲ V2 တစ်တင်းလျှင် (၁၃၀၀၀) ကျ

15 Jun 2023

   စားသုံးသူရေးရာဦးစီးဌာန ၊ မန္တလေးတိုင်းဒေသကြီး ၊ မိတ္ထီလာခရိုင်မှ ဝန်ထမ်းများသည် ခရိုင်ဦးစီးမှူး၏ ကြီးကြပ်မှုဖြင့် (၆-၆-၂၀၂၃) ရက်နေ့ ၊နံနက် (၁၀:၃၀) ချိန်တွင် ထမုန်ကန်အုပ်စု စက်ပစ်တောင်ကျေးရွာနှင့် ကွက်ငယ်အုပ်စု ဇီးချိုကုန်းကျေးရွာ စပါးစိုက်ခင်းများတွင် နိုင်ငံ့စီးပွားမြင့်တင်ရေး ရန်ပုံငွေဖြင့် စိုက်ပျိုးထားသော နွေးစပါးစိုက်တောင်သူများနှင့် ကွင်းဆင်းတွေ့ဆုံဆွေးနွေးခဲ့ပါသည်။

15 Jun 2023

    ဗုဒ္ဓဘာသာဝင်မြန်မာလူမျိုးများသည် နေ့စဉ် နံနက်မိုးလင်းသည်နှင့်တစ်ပြိုင်နက် ဘုရားဝေယျာဝေစ္စဖြစ်သည့် မျက်နှာသစ်တော်ရေ၊ သောက်တော်ရေချမ်း၊ ပန်း၊ ဆီမီးနှင့် ဆွမ်းတော်၊ အမွှေးတိုင်တို့ကို ယုံကြည်မှုသဒ္ဓါတရားနှင့်အညီ ကပ်လှူပူဇော်ခြင်းဖြင့် ကုသိုလ်ယူလေ့ရှိကြပါသည်။ ထိုသို့ ကုသိုလ်ယူကြရာ ဘုရားပန်းတင်သည့်အခါတွင် အောင်သပြေပန်းမှာ မပါမဖြစ်ကပ်လှူလေ့ရှိသည့်ပန်းဖြစ်ပါသည်။

15 Jun 2023

    တောင်ငူခရိုင်၊ ဖြူးမြို့တွင် ရွှေဘိုပေါ်ဆန်းတစ်အိတ်လျှင် ၁၀၅၀၀၀ကျပ်၊ ဧည့်မထ (မိုး) တစ်အိတ်လျှင် ၇၂၀၀၀ကျပ်၊ ဧည့်မထ (နွေ) တစ်အိတ်လျှင် ၆၀၀၀၀ကျပ်ဖြင့် ယခင်အပတ်အတိုင်း ဈေးနှုန်းတည်ငြိမ်နေပါသည်။

      မြေပဲဆီမှာ ယခင်အပတ်တွင် တစ်ပိဿာလျှင် ၁၅၀၀၀ကျပ်ရှိခဲ့ရာမှ ယခုအပတ်တွင် တစ်ပိဿာလျှင် ၁၅၅၀၀ကျပ်ဖြင့် ဈေးနှုန်းအနည်းငယ်တက်လာခဲ့ပြီး စားအုန်းဆီမှာ တစ်ပိဿာလျှင် ၆၅၀၀ကျပ်ဖြင့် ဈေးနှုန်းတည်ငြိမ်နေပါသည်။

Pages