ကုန်သွယ်မှုသတင်းများ

Powered by Drupal
15 Jun 2023

    ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ တောင်ငူမြို့နယ်၏ သောက်ရေခပ်ချောင်းဘေးရှိ နဂါးမောက်ရွာ၊ ကျောက်ပုထိုးရွာနှင့် ဒိုးသောင်ကျေးရွာများတွင် တစ်နိုင်တစ်ပိုင်ဥယျာဉ်ခြံများကိုစိုက်ပျိုးထားကြပါသည်။ သောက်ရေခပ်ချောင်းသည် ရေပြတ်လပ်မှုမရှိသည့်အတွက် သောက်ရေခပ်ချောင်းမှ  ရေစုပ်စက်များဖြင့် စိုက်ပျိုးပင်များကို ရေလောင်း၊ ရေသွင်းပြုလုပ်ကြပါသည်။ သံပရာပင်၊ သံပယိုပင်၊ ငှက်ပျော၊ ပိန္နဲ၊ သင်္ဘော၊ ရှောက်ပင်များကိုစိုက်ပျိုးကြပါသည်။

15 Jun 2023

     ပြည်မြို့နယ်အတွင်းရှိ ဈေးများအတွင်းတွင် ဝါစေ့လေးများကို ညှောက်ဖောက်၍ ရရှိလာသော ဝါစေ့ပင်ပေါက်လေးများရောင်းချနေသည်ကို တွေ့ရှိရပါသည်။ ဝါပင်များကို ပြည်ခရိုင်အတွင်းရှိ ပေါက်ခေါင်းမြို့နယ်တွင် အဓိကထား၍ စီးပွားဖြစ်စိုက်ပျိုးလျက်ရှိပြီး ပြည်မြို့နယ် အနီးတဝိုက်ရှိ ဝက်ထီးကန်မြို့နှင့် ပေါင်းတလည်မြို့တို့တွင်လည်း စိုက်ပျိုးကြပါသည်။ ''ဝါစေ့ပင်ပေါက်"၏အရသာမှာ စိမ့်သောအရသာရှိပါသည်။ ဆူးပုပ်ရွက်၊ ပိန္နဲသီးများနှင့် ရော၍လည်းကောင်း၊ ကြော်ချက်အရည် သောက်ချက်၍လည်းကောင်း၊ ကြက်သွန်ဖြူ၊ ငရုတ်

15 Jun 2023

    ယခုအချိန်တွင် ပြည်ဈေးကွက်သို့ ဖလံတောင်ဝှေးများစတင်ဝင်ရောက်၍ ရောင်းချလျက်ရှိပါသည်။ ယခုလိုမိုးတွင်းကာလများတွင်သာ တွေ့ရသော ရာသီစာဖလံတောင်ဝှေးပင်ကို အိမ်ရှင်မများက ပေါ်ဦးပေါ်ဖျားဝယ်ယူ၍ စားသောက်ကြသဖြင့် ပေါ်ခါစတွင် ဈေးနှုန်းများ မြင့်တက်လာပြီး လှိုင်လှိုင်ပေါ်ချိန်တွင် ဈေးနှုန်းများကျဆင်းလာ၍ လူတကာဝယ်ယူ စားသုံးကြပါသည်။ ဖလံတောင်ဝှေးကို ချက်ပြုတ်စားသောက်ရာတွင် အပင်၏ရင့်သောအပိုင်းကို ဖဲ့ချွေပြီးနောက် ဖလံတောင်ဝှေးနုနုများကို ငရုတ်ကျည်ပွေ့ဖြင့် ထု၍ကြော်စားကြပါသည်။ ဖလံတောင်ဝှေးကို

15 Jun 2023

      သံပုရာသီးတွင် နွေသံပုရာနှင့် မိုးသံပုရာဟု (၂)မျိုးရှိရာ နွေသံပုရာသည် နွေရာသီဖြစ်သော မတ်လတွင် အသီးများစတင်သီးပြီး ဧပြီလနှင့် မေလတွင် စတင်ခူးဆွတ်ရပါသည်။ မိုးသံပုရာမှာ မိုးရာသီဖြစ်သော ဇွန်လမှစ၍ အောက်တိုဘာလအထိ အသီးအထွက်အလှိုင်ဆုံးအချိန်ဖြစ်ပါသည်။ နွေသံပုရာသည် အလုံးသေးငယ်ပြီး အထွက်နှုန်းနည်းသလောက်၊ မိုးသံပုရာသည် အလုံးချောပြီး သီးနှုန်းအားကောင်းပါသည်။

14 Jun 2023

   တိုင်းဒေသကြီး/ပြည်နယ်များ၏ စပါးဆန် ဈေးနှုန်းများအား ယခင်နှစ်၊ ယခင်လ၊ ယနေ့ ကာလတူ နှိုင်းယှဉ်ပြုစုတင်ပြအပ်ပါသည်။

Pages