ကုန်သွယ်မှုသတင်းများ
ပြည်ကုန်စည်ဒိုင်တွင် အရောင်းအဝယ်ဖြစ်လျက်ရှိသော မတ်ပဲ၊ ပဲတီစိမ်း၊ ပဲစင်းငုံ၊ ကုလားပဲ၊ ပဲကြီး ၊ ဘိုကိတ်၊ စားတော်ပဲသီးနှံများ၏ ဈေးနှုန်းများကို ကုန်သည်များထံမှ လေ့လာသိရှိရပါသည်။
မတ်ပဲ
မိုးရာသီတွင် ရာသီစာများစွာရှိသည့်အနက် ဒညင်းသီးသည်လည်း တစ်ခုအပါအဝင်ဖြစ်ပါသည်။ ဒညင်းသီးကို ကြော်၍ဖြစ်စေ၊ ချက်၍ဖြစ်စေ၊ ပြုတ်၍ဖြစ်စေ အမျိုးမျိုးစားသုံးနိုင်ပါသည်။ ဒညင်းသီးကို ဆားရည်စိမ်ပြီး ငါးပိရည်နှင့်တို့မြှုပ်စရာအဖြစ်လည်း စားသုံးကြပါသည်။

ယခုကဲ့သို့ သရက်သီးလှိုင်လှိုင်ပေါသောရာသီတွင် သရက်သီးမှည့်များကို သရက်ပြင်များ၊ သရက်ယိုများလုပ်ထား၍ သရက်သီးများရှားပါးချိန်တွင် အစားထိုးစားသုံးကြပါသည်။ သရက်ပြင်ရရန်အတွက် သရက်သီးအမှည့်များကို အစိတ်ကလေးများလှီးပြီး ကြိတ်စက်ထဲသို့ ထည့်ကြိတ်ရပါသည်။

တောင်ငူမြို့ရှိ ကုန်စုံဆိုင်များတွင် ချင်းတက်များမှာ ၂၀၂၃ခုနှစ်၊ မေလတွင် တစ်ပိဿာလျှင် ၂၅၀၀ကျပ်ရှိခဲ့ရာမှ တစ်ပတ်ချင်းစီတွင် တဖြည်းဖြည်းမြင့်တက်လာခဲ့ရာ ယခု ဇွန်လ၌ တစ်ပိဿာလျှင် ၁၀၀၀၀ကျပ်မှ ၁၁၀၀၀ ကျပ်ထိမြင့်တက်လာပါသည်။
အရောင်းအဝယ်မှာလည်း မဝယ်မဖြစ်သည့်စားသောက်ဆိုင်များနှင့် ထမင်းဆိုင်များသာဝယ်ယူကြပြီး အိမ်သုံးသူ အိမ်ရှင်မများအနေဖြင့် အနည်းငယ်သာဝယ်ယူကြကြောင်း သိရပါသည်။

မိုးညိုမြို့နယ်တွင် စပါးသည် အဓိက စိုက်ပျိုးသော သီးနှံအမျိုးအစားတွင်ပါဝင်ပြီး နှစ်စဉ် မိုးစပါး စိုက်ဧက ၄၈၆၉၅ ကျော် စိုက်ပျိုးလျက်ရှိရာ ၂၀၂၃ခုနှစ်သည် ၂၀၂၂ခုနှစ် စိုက်ဧကထက် ပိုမို စိုက်ပျိုးနိုင်သည်ဟု ခန့်မှန်းသိရှိရပါသည် ။ ဧပြီလတွင် မိုးရွာသွန်းမှုကြောင့် မေလမှစတင်၍ စပါး အခြောက်ကြဲခင်းများ စတင်စိုက်ပျိုးနေလျက်ရှိပြီး ကြဲခင်းဧကမှာ မိုးစပါး စိုက်ဧက၏ ၃၀ ရာခိုင်နှုန်းခန့် စိုက်ပျိုးပြီးစီးနေကြောင်း သိရှိရပါသည် ။