ကုန်သွယ်မှုသတင်းများ

Powered by Drupal
14 Jun 2023

    ခဝဲပင်သည် ဘူး၊ ဖရုံအမျိုးအနွယ်၌ ပါဝင်ပြီး နှစ်စဉ် စိုက်ပျိုးဖြစ်ထွန်းသော အပင်မျိုးဖြစ်ပါသည်။ ခဝဲပင်ကို မြန်မာနိုင်ငံအနှံ့အပြားတွင် စိုက်ပျိုးကြပါသည်။ ခဝဲသီးသည် လုံးချောမဟုတ်ဘဲ စောင်းပါရှိပါသည်။ ခဝဲသီးတွင်ပါသောစောင်းများအား ခြစ်ထုတ်၍ အခွံသင်ပြီးသည့်နောက် ကြော်၍သော်လည်းကောင်း၊ ချက်၍သော်လည်းကောင်း အသားငါး၊ ပုစွန်များနှင့်ရောချက်စား၍သော်လည်းကောင်း စားသုံးနိုင်ပါသည်။ ထို့ပြင် ခဝဲသီးကိုမီးဖုတ်၍ သော်လည်းကောင်း၊ ပြုတ်၍သော်လည်းကောင်း ငါးပိရည်အတို့အမြှုပ်နှင့်သုံးဆောင်နိုင်ပြီး ဟ

14 Jun 2023

    ပဲခူးတိုင်းဒေသကြီး ၊ သာယာဝတီခရိုင် ၊ အုတ်ဖိုမြို့နယ်တွင် ငရုတ်သီးစိမ်းများ လှိုင်လှိုင်ပေါ်လာပြီး ဈေးကောင်းလည်းရနေလျက်ရှိကြောင်း ၊ ငရုတ်စိုက်တောင်သူများထံမှ သိရှိရပါသည်။ ဈေးကွက်အတွင်း၌ အုတ်ဖိုငရုတ်နာမည်ဖြင့် ဈေးကွက်ရနေပြီး အုတ်ဖိုမြို့နယ်အနေဖြင့် ငရုတ်စိုက်ဧက ၄၀၀ ကျော်ခန့်ကို ကျေးရွာပေါင်း ၂၂ရွာခန့်မှ စိုက်ပျိုးလျက်ရှိကြောင်း သိရှိရပါသည် ။

14 Jun 2023

    ပြည်ဈေးကွက်အတွင်း ယခုကာလတွင် နံနံပင်ဈေးနှုန်းများ အဆမတန်မြင့်တက်လျက်ရှိပြီး ၂၀၂၃ခုနှစ်၊ မေလ၊ နောက်ဆုံးအပတ်မှစတင်ကာ မြင့်တက်လျက်ရှိကြောင်း သိရပါသည်။ ပြည်ဈေးကွက်သို့ ရွှေတောင်မြို့နယ်၊ ဝက်ထီးကန်မြို့နယ်တို့မှ ဝင်ရောက်လျက်ရှိပြီး ပုံမှန်အချိန်၌ ယခုကဲ့သို့ မိုးကျကာလတွင် နံနံပင်အထွက်များလျက်ရှိသော်လည်း ယခုနှစ် မိုးနောက်ကျပြီး ရာသီဥတုအပူချိန်ပြင်းသည့်အတွက် နံနံပင်များသေကာ အထွက်နည်းသဖြင့် ဝင်ရောက်မှုမှာ သုံးပုံတစ်ပုံခန့်သာရှိတော့ကြောင်း သိရပါသည်။ ဝင်ရောက်မှုနည်းသွားသဖြင့် ဈေးန

14 Jun 2023

    ပဲခူးတိုင်းဒေသကြီး ၊  သာယာဝတီခရိုင် ၊  အုတ်ဖိုမြို့နယ်အတွင်းတွင် ခရမ်းသီးများ စိုက်ပျိုးကြပါသည်။ ထိုသို့စိုက်ပျိုးထားရှိရာတွင် ခရမ်းသီးမှာအရင်းအနှီးနည်းပြီး အကျိုးအမြတ်များသဖြင့် စီးပွားဖြစ် တိုးချဲ့စိုက်လာပါသည်။ အများစိုက်ပျိုးသော ခရမ်းသီးအမျိုးအစားမှာ ဆင်စွယ်ခရမ်းသီးနှင့် ပြုတ်ခရမ်းသီးမျိုးများကိုသာ စိုက်ပျိုးကြကြောင်း သိရှိရပါသည်။ ခရမ်းသီးကို အုတ်ဖိုမြို့နယ်တွင် ကျေးရွာ အုပ်စု(၇)အုပ်စုမှ ကျေးရွာပေါင်း (၃၂)ရွာက စိုက်ပျိုးကြကြောင်း သိရှိရပါသည်။

14 Jun 2023

    ပြည်ခရိုင်အတွင်း မြို့နယ်များရှိဈေးများတွင် ပေါ်ဦးပေါ်ဖျားခဝဲသီးများမှာ ဈေးကောင်းရလျက် ရောင်းချနေကြပါသည်။ ခဝဲသီးအမျိုးအစား (၂) မျိုးရှိပြီး တစ်မျိုးမှာ အပုမျိုးဖြစ်၍ (၅) လက်မ၊ (၆) လက်မခန့်ရှိပါသည်။ အသီးပုံမှာ အမြီးပိုင်းတုတ်ပြီး အဖျားပိုင်းရှူးသွားပါသည်။ ကျန်တစ်မျိုးမှာ အရှည်မျိုးဖြစ်ပြီး တစ်ပေခန့်ရှည်၍ အရင်းအဖျားညီညာပြီး တစ်ဖြောင့်တည်းသေးသွယ်ပါသည်။ အများအားဖြင့် ဇွန်၊ ဇူလိုင်နှင့်ဩဂုတ်လများတွင် စိုက်ပျိုးကြသော်လည်း နွေရာသီတွင် ရေဝအောင်သွင်း၍ စိုက်ပျိုးကြပါသည်။ ယခုအချိန

Pages