ကုန်သွယ်မှုသတင်းများ

Powered by Drupal
10 May 2023

   ပြည်စျေးကွက်တွင် မတ်လပထမပတ်တွင် မြေပဲဆံ(အဖြူ)ဈေးများ ဆက်လက်မြင့်တက်လာခဲ့ပါသည်။ ရွှေတောင်၊ ပေါက်ခေါင်း၊ ကံမ၊ ဥသျှစ်ပင်နှင့် တောင်ကုတ်ဘက်မှ နေ့စဉ် အိတ်(၅၀၀/၆၀၀) ခန့်ဝင်ရောက်လာပြီး အရောင်းအဝယ်ဖြစ်လျက်ရှိပါသည်။ လုံးဆန် (အနီ)ကို မန္တလေးဝယ်လက်များနှင့် မြို့တွင်း ပဲကြော်ဖိုသမားများက ဝယ်ယူမှုရှိသော်လည်း ယခုအပတ်တွင် အဝယ်အားနည်းသွားပြီး လုံးဆံ(အဖြူ)ကို မြဝတီသို့ တင်ပို့ရန် ဝယ်ယူမှုရှိသဖြင့် နေ့စဉ် အရောင်းအဝယ်ဖြစ်လျက်ရှိပါသည်။ ဆီကြိတ်မြေပဲဆံကို မြို့တွင်းဆီစက်သမားများက နေ့စဉ် ဝယ်ယ

10 May 2023

     ပဲခူးတိုင်းဒေကြီး၊ ပြည်ခရိုင်အတွင်းတွင် ပဲမျိုးစုံစိုက်ပျိုးကြသော်လည်း မတ်ပဲ၊ ပဲတီစိမ်း၊ ပဲစင်းငုံ၊ ကုလားပဲသီးနှံများသာ စိုက်ဧကများပြားကြပြီး ကျန်ပဲသီးနှံများမှာ စိုက်ပျိုးဧက နည်းပါးကြပါသည်။ အများဆုံး စိုက်ပျိုးသည့် ပဲများတွင် မတ်ပဲသီးနှံမှာ စိုက်ဧက(၆၀၀၀၀)ကျော်၊ ပဲတီစိမ်းသီးနှံမှာ မိုး၊ ဆောင်း (၂)ရာသီစိုက်ပျိုးပြီး မိုးပဲတီစိမ်း စိုက်ဧက (၄)ထောင်ကျော်၊ ဆောင်းပဲတီစိမ်း စိုက်ဧကမှာ (၁၉၀၀၀)ကျော်၊ ပဲစင်းငုံစိုက်ဧကမှာ (၁၄၀၀၀)ကျော်၊ ကုလားပဲ စိုက်ဧကမှာ (၁၆၀၀၀)ကျော် စိုက်ပျိုးမှ

10 May 2023

      မကွေးတိုင်းဒေသကြီးသည် မြန်မာနိုင်ငံအလယ်ပိုင်း၊ အပူပိုင်းဒေသဖြစ်သော်လည်း မြေဆီလွှာကောင်းမွန်သောကြောင့် ဆီထွက်သီးနှံ၊ ပဲအမျိုးမျိုး၊ ဟင်းသီးဟင်းရွက်များနှင့်အခြားသောဆေးဖက်ဝင် အပင်များလည်း ပေါက်ရောက်ရာဒေသဖြစ်ပါသည်။ ၎င်းတို့အနက် သခွပ်ပင်မှ သခွပ်ပွင့်သည် အညာဒေသများတွင် အလေ့ကျပေါက်ရောက်၍ အစာလည်းဆေး၊ ဆေးလည်းအစာဖြစ်သည့် ရာသီစာစားသုံးလေ့ရှိကြသော အစားအစာတစ်မျိုးလည်းဖြစ်ပါသည်။

10 May 2023

       သရက်မြို့ရှိ အခွန်လွတ်ဈေးသည် စည်ပင်သာယာဈေး၌ရောင်းချလျက်ရှိသည့် စားဖိုဆောင်သီးနှံ၊ အသား၊ ငါးနှင့် အခြားသော ဟင်းသီးဟင်းရွက်များအား တစ်ဆင့်ခံရောင်းချသောဈေးဖြစ်ပါသည်။ စည်ပင်သာယာဈေးတွင် ရောင်းချလျက်ရှိသော ကြက်သွန်ဖြူ၊ အာလူးတို့မှာလည်း ရှမ်းပြည်နယ် ကလောမြို့ နှင့်အောင်ပန်းမြို့တို့မှ တစ်ဆင့်ဝယ်ယူရောင်းချခြင်းဖြစ်ပြီး ငရုတ်သီးအစို/ အခြောက်တို့မှာ သရက်မြို့ အနီးရှိ ကျေးရွာများဖြစ်သော စမ်းအိုင့်ရွာ၊ ကိုးပင်ရွာနှင့် အခြားစားသောက်ကုန်များကို အောင်လံမြို့နှင့် ပြည်မြို့တို့မှ အမ

10 May 2023

      နှင်းဆီပန်းသည် ပန်းမန်စိုက်ပျိုးရေးတွင် လူကြိုက်များသော ပန်းအမျိုးအစားဖြစ်ပြီး အခြားပန်းများနှင့်မတူဘဲ တစ်နှစ်ပတ်လုံး စိုက်ပျိုးထွက်ရှိပါသည်။ နှင်းဆီပန်းသည် အရောင် အဆင်းစုံလင်ခြင်း၊ ရနံ့သင်းပျံ့ခြင်း၊ တစ်နှစ်ပတ်လုံး စိုက်ပျိုးထွက်ရှိခြင်း စသောအချက်များကြောင့် အလှစိုက်ပန်းပင်အဖြစ်လည်းကောင်း၊ မိသားစုတစ်နိုင်တစ်ပိုင် စီးပွားရေးအဖြစ်လည်းကောင်း၊ စီးပွားဖြစ်လည်းကောင်း စိုက်ပျိုးလျက်ရှိကြပါသည်။ နှင်းဆီပန်းကို စိုက်ပျိုးရာတွင်လည်း မြေအမျိုး အစားမရွေး စိုက်ပျိုးနိုင်ပြီး ကုန်က

Pages