ကုန်သွယ်မှုသတင်းများ

Powered by Drupal
11 May 2023

      ပြည်ကုန်စည်ဒိုင်၏ ပဲမျိုးစုံဈေးကွက်တွင် မတ်ပဲ၊ ပဲတီစိမ်း၊ ပဲစဉ်းငုံ၊ ကုလားပဲ၊ပဲကြီး၊ စားတော်ပဲ၊ ဘိုကိတ်ပဲတို့ အရောင်းအဝယ်ဖြစ်လျက်ရှိပါသည်။ မတ်ပဲ၊ ပဲစဉ်းငုံ၊ ကုလားပဲဈေးတို့မှာ မြင့်တက် လျက်ရှိကြောင်း သိရပါသည်။

မတ်ပဲ

11 May 2023

     ပြည်ခရိုင်အတွင်းရှိ ပြည်မြို့တွင် ပဲမျိုးစုံဖြစ်သော မတ်ပဲ၊  ပဲစင်းငုံ၊   ကုလားပဲ၊  ပဲကြီး၊   ဘိုကိတ်၊စားတော်ပဲ၊ ပဲလွမ်းဖြူ အစရှိသောပဲများ အရောင်းအဝယ်ဖြစ်လျက်ရှိပါသည်။ မတ်ပဲ၊ ပဲစင်းငုံ၊ ကုလားပဲဈေးများမှာ ပဲဈေးအမြင့်ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိပါသည်။ ယခင်နှစ် ဧပြီလအစတွင် မတ်ပဲ ပိဿာ(၂၀)ဝင် တစ်တင်းမှာ (၄၇၀၀၀)ကျပ် ဖြစ်ခဲ့ပြီး ယခု၂၀၂၃ခုနှစ်၊ ဧပြီလအစမှာတော့ ပဲတစ်တင်းကို (၆၇၅၀၀-၆၈၀၀၀)ကျပ်ဖြင့် တစ်တင်းကို (၂၀၅၀၀-၂၁၀၀၀)ကျပ်ခန့် ဈေးပိုရခဲ့ကြောင်း သိရှိရပါသည်။

11 May 2023

   ပြည်ဈေးကွက်အတွင်းတွင် ရာသီပေါ်သီးနှံဖြစ်သည့် သရက်သီးမှည့်များ ရောင်းချနေကြသည့်အပြင် သရက်သီးစိမ်းများမှာလည်း ယခုအချိန်အထိ ရောင်းချလျက်ရှိကြောင်းသိရပါသည်။ သရက်သီးမှည့်ကို အချိုပွဲများအဖြစ်၊ သရက်သီးစိမ်းများကို အတို့၊ အမြုပ်၊ သရက်သီးသုပ်၊ သရက်သီးသနှပ်အဖြစ်ပြုလုပ်၍ စားသုံးကြပါသည်။ သရက်သီးအစိမ်းကို စားသုံးပေးခြင်းဖြင့် ဗီတာမင်စီ ဓါတ်ပေါကြွယ်ဝခြင်း၊ သွားဖုံးရောဂါဖြစ်ပွားခြင်းမှ ကာကွယ်ပေးခြင်း၊ ကိုယ်ခံစွမ်းအားကို မြှင့်တင်ပေးခြင်း၊ ကိုယ်အလေးချိန်လျော့ချပေးခြင်း၊ အသည်းအားကောင်းစ

11 May 2023

    ပိန်းပန်းပင်သည် မြန်မာလိုအခေါ်အဝေါ်ဖြစ်ပါသည် ။ အင်္ဂလိပ်လို ဆိုလျှင် Flamingo Flower ၊ Tail Flower ၊ Painter's Palette ၊ Laceleaf စသဖြင့် အမျိုးမျိုး‌ခေါ်ဆိုကြပါသည်။ မြန်မာ ပြည်တွင် ပိန်းပန်းပင်များအား လူကြိုက်များသလို အနောက်နိုင်ငံဖြစ်သည့် ထိုင်း၊ မလေးရှား၊ တရုတ်နှင့် ဖိလစ်ပိုင်တို့တွင်လည်း လူကြိုက်များကြောင်းသိရပါသည်။ ပိန်းပန်းပင်များသည် ပူနွေးစိုစွတ်သော ရာသီဥတုကို ကြိုက်နှစ်သက်ပါသည်။ ပိန်းပန်းပင်များသည် အရွက်၊ အပွင့်၊ အရောင်၊ အရွယ်အစားမျိုးစုံရှိပြီး ရာသီမရွေးပန်းမျာ

11 May 2023

   ပြည်ဈေးကွက်သို့ မော်လမြိုင်၊ တောင်ငူနှင့် ယိုးဒယားဘက်မှ ဒူးရင်းသီးများ ဝင်ရောက်လာပြီး အရောင်းအဝယ်ဖြစ်လျက်ရှိပါသည်။ ရာသီပေါ် အသီးအနှံဖြစ်သည့်အတွက် လူအများကြိုက် နှစ်သက်သော သီးနှံတစ်မျိုးဖြစ်ပါသည်။ ဒူးရင်းသီးကို ပြည်ဒေသတွင် စိုက်ပျိုးမှုမရှိဘဲ နယ်များမှ ဝင်ရောက်လာပြီး ဈေးကွက်အတွင်းတွင် ရောင်းချကြပြီး တချို့မှာ ကားပေါ်သို့တင်၍ နေရာအနှံ လိုက်လံရောင်းချကြပါသည်။ တချို့မှာ online မှတစ်ဆင့် ဒူရင်းသီး ကိုင်းဆက်သီးဟူ၍ ရောင်းချကြပြီး ဈေးနှုန်းအနေဖြင့် တစ်လုံးလျှင် (၁၅၀၀၀-၁၉၀၀၀)ကျပ်

Pages