ကုန်သွယ်မှုသတင်းများ
ပြည်မြို့နယ်၏ အနီးအနားပတ်ဝန်းကျင်ဒေသများဖြစ်သော စက်မှုဇုန်၊ အောင်မြေမာဟု၊ ဇီးအုပ်၊ နတ်တလင်း၊ မြောင်းငယ်လှ စသည့်နေရာဒေသများတွင် ဧပြီလ၊ နောက်ဆုံးအပတ်မှစ၍ စိန်တလုံးသရက်သီးများစတင်ထွက်ရှိပြီး ပြည်မြို့၊ မြို့မဈေးကြီးနှင့် အောင်မင်္ဂလာဈေး၊ ကသည်ဈေး၊ ကိုးသောင်းဈေးအစရှိသောဈေးများသို့ ဝင်ရောက်မှုရှိနေကြောင်း သိရပါသည်။ စိန်တစ်လုံးသရက်သီးဈေးနှုန်းများအနေဖြင့် အလုံးအကြီး/အသေးပေါ်မူတည်ပြီး တစ်လုံးလျှင် (၈၀၀)ကျပ်မှ (၁၀၀၀)ကျပ်ထိရောင်းချမှုရှိကြောင်း သိရပါသည်။ ယခုမေလဆန်းတွင် သရက်သီးတစ်

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ရွှေဘိုခရိုင်အနေဖြင့် စားသုံးသူကာကွယ်ရေးလုပ်ငန်းများအပြင် အခြေခံစားကုန်ဈေးနှုန်းများကို အပတ်စဉ်တင်ပြလျက်ရှိပါသည်။
ကသာခရိုင်တွင် ၂၀၂၃-၂၀၂၄ ခုနှစ် ဆောင်းမြေပဲစိုက်ပျိုးဧက (၈၆၁၁၃)ဧကရှိကာ ဆောင်းမြေပဲ ကို နှစ်စဉ် ဇန်နဝါရီလနှင့် ဖေဖော်ဝါရီလများတွင် စိုက်ပျိုးကြပြီး ဧပြီလနှင့် မေလတွင် နုတ်သိမ်းကြ သည်။ ယခုနှစ် ဆောင်းမြေပဲပေါ်ချိန် ဒေသပေါက်ဈေး အတောင့်တစ်တင်း (၁၃၅၀၀)ကျပ်ရှိသော ကြောင့် ပဲတောင်သူများ အဆင်ပြေလျက်ရှိကြောင်း သိရသည်။
သံပရာသီးသည် ကျန်းမာရေးအတွက်အစွမ်းထက်သော သီးနှံတစ်ခုဖြစ်သည့်အပြင် အလှအပရေးရာအတွက်လည်း အလွန်အသုံးဝင်သောအသီးတစ်မျိုးဖြစ်ပါသည်။ သံပရာသီးသည် လူခန္ဓာကိုယ်၏ ခေါင်းအစခြေအဆုံးအသုံးဝင်ပါသည်။ သံပရာသီးတွင် ဗီတာမင်ဓာတ်ကြွယ်ဝစွာပါသည့်အပြင် ဗီတာမင်အေ၊ ဗီတာမင်ကေ၊ ကယ်လစီယမ်၊ မဂ္ဂနီဆီယမ်များစွာပါဝင်ပါသည်။ သံပရာသီးကို အသားစိမ်းစားသုံးရာတွင် အသုံးပြုသည့်အပြင် အသုပ်သုပ်ရာတွင်လည်း အသုံးပြုကြပါသည်။ အမောပြေစေရန်အတွက်လည်း သံပရာရည်ကိုသောက်သုံးလေ့ရှိကြပါသည်။ ထို့ပြင် သံပရာသီးကိုပါးပါးလှီးပြီး ရေ

မြန်မာနိုင်ငံတွင် သရက်သီးအမျိုးအစားပေါင်း များစွာရှိသည့်အနက် ပြည်မြို့၏ တစ်ဖက်ကမ်း ရွှေဘုံသာရွာ၊ မကျည်းစုရွာ အစရှိသည့် အနီးအနားရွာများမှသာ ထွက်ရှိသော သရက်သီးအမျိုးအစားမှာ ဘုတ်ထုံသရက်သီးဖြစ်ပါသည်။ ယခု၂၀၂၃ခုနှစ်၊ မေလဆန်းတွင် စတင်ထွက်သည့်အချိန်တွင် ဘုတ်ထုံသရက်သီးဈေးမှာ အလုံးချော (၁၀)လုံးလျှင် (၂၅၀၀)ကျပ်၊ အလုံးသေး (၁၀)လုံးလျှင် (၂၀၀၀)ကျပ်ဖြင့် ဈေးများတွင် ရောင်းချလျက်ရှိပါသည်။ ဘုတ်ထုံသရက်သီး၏ အရသာမှာ အချိုလေး၍ အနံ့မှာမွှေးပြီး ကြိုက်နှစ်သက်သူများအနေဖြင့် အခြားသရက်သီးများအာ