အာရှဈေးကွက်ထိုးဖောက်ရန် ဧရာဝတီတိုင်းရဲ့ပီလောပီနံ

Powered by Drupal

              ပီလောပီနံပင် (သို့မဟုတ်) ကလောပင်သည် နှစ်ရှည်ခံ Euphobiaceae မျိုးရင်းဝင် ချုံပုတ်ပင်အမျိုးအစားဖြစ်ပါသည်။ ​ ရှေးယခင်က ​Hydrocyanic acid ပါဝင်၍ အဆိပ်ရှိသော သီးနှံအဖြစ် သတ်မှတ်ခဲ့သော်လည်း နောက်ပိုင်းတွင် တဖြည်းဖြည်း စားသုံးမှု များလာကြပါ တယ်။ ပီလောပီနံသီးနှံသည် တောင်နှင့်မြောက်လတ္တီကျု ၃၀ ဒီဂရီတွင်း စိုက်ပျိုးဖြစ်ထွန်းနိုင် သောကြောင့် မြန်မာနိုင်ငံအနှံ့အပြား စိုက်ပျိုးနိုင်သော သီးနှံဖြစ်သည်။ ထို့အပြင် ပီလောပီနံပင် တွင်  ကျန်းမာရေးအထောက်အကူပြုနိုင်သော အသားဓာတ်၊ အမျှင်ဓာတ်၊ ကဆီဓာတ်နှင့် ဗီတာမင်စီဓာတ်နှင့် အဆီဓာတ် တို့လည်း ပါဝင်နေသည့်အတွက် တန်ဖိုးမြင့် ထုတ်ကုန်များ ဖြစ်သော ကော်ရည်၊ ကော်မှုန့်(tapioca starch)၊ အချိုမှုန့် အရက်နှင့် နို့မှုန့်အစားထိုးပစ္စည်းများ ကိုလည်းကောင်း၊ အိမ်သုံးဆေးဝါးများအဖြစ် သွေးတိုး၊ ဆီးချို၊ ကင်ဆာနှင့် အူလမ်းကြောင်း ဆိုင်ရာရောဂါ ကာကွယ်ဆေးများအဖြစ် လည်းကောင်း၊ လူသုံးကုန်ပစ္စည်းများ အဖြစ်စက္ကူ၊ ချည်မျှင်၊ လေသေနတ် ကျည်ဆန်နှင့် အလှကုန်ပစ္စည်းများအဖြစ်လည်းကောင်း၊ နွား၊ ဝက်၊ ဆိတ်၊ သိုး၊ ငါး စသည့် တိရစ္ဆာန်များအ တွက် အစာအဖြစ်လည်းကောင်း၊ ဇီ၀လောင်စာအဖြစ် လည်းကောင်း ထုတ်လုပ်လျှက်ရှိပါတယ်။ ပီလောပီနံ၏ အရွက်နှင့်ဥတို့ကို လူတို့တိုက်ရိုက် စားသုံးနိုင်ပြီး အရွက်၊ ပင်စည်နှင့် ဥတို့အား တိရစ္ဆာန် အစာအဖြစ် တိုက်ရိုက်အသုံးပြု နိုင်ပါသည်။ ၎င်းအပြင် သဘာ၀ပတ်ဝန်းကျင် ထိန်းသိမ်းရေး အထောက်အကူ ဖြစ်စေသော Bio-Plastic များကိုလည်း တွင်ကျယ်စွာ ထုတ်လုပ်အသုံးပြုလျက် ရှိသည်။  

              ပီလောပီနံသီးနှံသည် တောင်နှင့်မြောက်လတ္တီကျု ၃၀ ဒီဂရီတွင်း စိုက်ပျိုးဖြစ်ထွန်းနိုင် သောကြောင့် မြန်မာနိုင်ငံအနှံ့အပြား စိုက်ပျိုးနိုင်သော သီးနှံဖြစ်ပါသည်။ ပီလောပီနံသီးနှံသည် စက်မှုကုန်ကြမ်းသီးနှံတစ်ခုဖြစ်သည့်အပြင် ကမ္ဘာ့နိုင်ငံအတော်များများတွင် အဓိက စားသောက် သောသီးနှံဖြစ်သည့်အတွက် မြန်မာပြည်တွင်း စိုက်ပျိုးမှုအနေဖြင့်သာမက ပို့ကုန်အနေဖြင့်ပါ အလွန်လေးနက်သော Potential အနေအထားတွင် ရှိနေပါသည်။ တရုတ်နိုင်ငံနှင့် အိန္ဒိယ နိုင်ငံသည် တစ်ကမ္ဘာလုံး၏ ပီလောပီနံမှုန့်ဝယ်လိုအား၏ ၉၀ ရာခိုင်နှုန်းခန့်ရှိသည်။ မြန်မာ နိုင်ငံ၏ ရေမြေအနေအထားမှာ တစ်နိုင်ငံလုံး ပီလောပီနံ စိုက်ပျိုး နိုင်သည့် အနေအထား တွင်ရှိပြီး ဈေးကွက်ဝယ်လိုအားကောင်းသော နိုင်ငံနှစ်ခုကြားတွင် တည်ရှိသောကြောင့် နိုင်ငံခြား ဝင်ငွေ ရရှိရန် စိုက်ပျိုးသင့်သော စက်မှုသီးနှံတစ်ခုဖြစ်ပါသည်။

           တရုတ်နှင့် အိန္ဒိယ တို့၏ စားသုံးမှုဈေးကွက်ကို တည်မြဲစွာထောက်ပံ့နိုင်ရန်အတွက် ဧရာဝတီတိုင်းဒေသကြီးတွင် ပီလောပီနံစိုက်ပျိုးမှုများလည်း တဖြည်းဖြည်း တိုးတက်လာနေပြီ ဖြစ်ပါတယ်။ စိုက်ပျိုးနည်းပညာအရ ပီလောပီနံသည် အစိုဓါတ်လိုအပ်သော အပင် ဖြစ်သည့် အတွက် အထူးသဖြင့် မြေဆီဩဇာကောင်းမွန်လှသည့် ဧရာဝတီ မြစ်ဝှမ်းလွင်ပြင်များတွင် ပီလော ပီနံစိုက်ပျိုမှုလုပ်ငန်းများမှာ အောင်မြင်လျှက်ရှိပါတယ်။ပီလောပီနံကို စိုက်ပျိုးပြီးပါက (၄ နှစ် မှ ၅ နှစ်အတွင်း) အသီးထွက်လာပြီး နှစ်(၄၀) အထိ အသီး ထုတ်ပေးနိုင်သောကြောင့် ရေရှည်အမြတ်အစွန်းရရှိနိုင်သော စိုက်ပျိုးပင် ဖြစ်ပါတယ်။ ထို့ကြောင့် မြန်မာနိုင်ငံသည် တရုတ် နှင့် အိန္ဒိယ တို့၏  ဈေးကွက်ဝယ်လိုအားအရ  ဗျူဟာကျသောနေရာတွင် ရှိနေသကဲ့သို့ ပီလော ပီနံ စိုက်ပျိုးရန်အတွက် အကောင်းဆုံး အစိုဓါတ်ကောင်းလှသည့်မြေဆီဩဇာများ ရှိသည့် ဧရာဝတီတိုင်းဒေသကြီးအနေဖြင့် အာရှဈေးကွက်ထိုးဖောက်နိုင်ရန်အတွက် မျိုးကောင်းမျိုးသန့် ပီလောပီနံများစိုက်ပျိုး၍ နိုင်ငံ့ဘဏ္ဍာဖူလုံနိုင်ရေး ဆောင်ရွက်ပေးလျှက်ရှိပါကြောင်း ရေးသားတင်ပြလိုက်ရပါသည်။

DOCA(ဧရာဝတီ)