ကုန်သွယ်မှုသတင်းများ
တောင်ငူမြို့ရှိ ကြက်သွန်နီပွဲရုံများတွင် ကြက်သွန်နီများမှာ (အလေးချိန်၁၀ပိဿာဝင်အိတ်) တစ်အိတ်လျှင် အလုံးသေး ၁၈၀၀၀ကျပ်၊ အလုံးလတ် ၁၉၀၀၀ကျပ်နှင့် အလုံးသေး ၂၀၀၀၀ကျပ်ရှိပါသည်။
ယခင်နှစ် အလားတူကာလက ကြက်သွန်နီဆေးနှုန်းမှာ (အလေးချိန်၁၀ပိဿာဝင်အိတ်) တစ်အိတ်လျှင် အလုံးသေး ၇၅၀၀ကျပ်၊ အလုံးလတ် ၈၅၀၀ကျပ်နှင့် အလုံးသေး ၁၀၀၀၀ကျပ်ရှိပါသည်။

တောင်ငူမြို့သို့ အခြားဒေသအသီးသီးမှ ရာသီချိန်သီးနှံများဝင်ရောက်လျက်ရှိပါသည်။ ယခုအခါ တောင်ငူမြို့၏အရှေ့ဘက် ကရင်ပြည်နယ်၊ သံတောင်ကြီးဒေသမှထွက်ရှိသော လိုင်ချီးသီး (ခေါ်) နှင်းသီးနှင့် ကြက်မောက်သီးများ တောင်ငူမြို့ရှိ ဈေးအသီးသီးသီးသို့ဝင်ရောက်လာပြီး ရောင်းအားကောင်းလျက်ရှိပါသည်။

ထန်းတပင်မြို့နယ်တွင် ယခုနှစ်တွင် နေကြာသီးသန့် ၁၁၀ဧက၊ သီးညှပ် ၃၄၀၄ဧက၊ စုစုပေါင်း ၃၅၁၄ဧကစိုက်ပျိုးပါသည်။ သီးသန့်စိုက်ပျိုးသူများအနေဖြင့် တစ်ဧကလျှင် အကျိုးအမြတ်မှာ ၁၅၀၀၀၀ကျပ်မှ ၃၀၀၀၀၀ကျပ်ထိရှိပြီး သီးညှပ်စိုက်ပျိုးသောတောင်သူများအနေဖြင့် မိမိတို့၏မီးဖိုချောင်အတွက် စားသုံးဆီအသင့်အတင့်ဖူလုံမှုရရှိပါသည်။

ပဲခူးတိုင်း၊ တောင်ငူခရိုင်၊ အုတ်တွင်းမြို့နယ်၌ နွေစပါး ၁၉၁၂၁ဧကစိုက်ပျိုးလျက်ရှိရာ အင်ဒိုင်းကျေးရွာ၊ ဘုရားကလေးကျေးရွာ၊ အုတ်ဖိုကျေးရွာနှင့် ကျွဲပွဲမြို့တို့တွင် ထိုင်းနှံကောက်စပါးများကိုစိုက်ပျိုးပြီး ယခုအခါတွင် ရိတ်သိမ်းနေပြီဖြစ်ပါသည်။

၂၀၂၃ခုနှစ်၊မေလ(ဒုတိယပတ်)အတွင်း ရွှေဘိုမြို့နယ်တွင် အခြေခံစားကုန်များဖြစ်သော ရွှေဘိုပေါ်ဆန်းဆန်တစ်ပြည် ၃၈၀၀ကျပ်၊ ဧရာမင်းဆန်(သစ်) တစ်ပြည် ၃၅၀၀ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိသည်။ကြက်သွန်နီ(သစ်) လက်လီဈေးမှာ (ကြီး) တစ်ပိဿာ ၂၀၀၀ကျပ်၊ (လတ်) တစ်ပိဿာ ၁၇၀၀ကျပ်၊ (သေး)တစ်ပိဿာ ၁၅၀၀ကျပ်နှုန်းဖြင့် အရောင်းအဝယ် ဖြစ်လျက်ရှိသည်။ ကြက်သွန်ဖြူလက်လီဈေးမှာ (ဗမာ)တစ်ပိဿာလျင် ၅၀၀၀ကျပ်မှ ၆၀၀၀ကျပ်ထိ၊ ရှမ်း ကြက်သွန်ဖြူ တစ်ပိဿာ ၅၅၀၀ကျပ်မှ ၆၅၀၀ကျပ်ထိ ၊ (ကြူကုပ်) တစ်ပိဿာ ၅၅၀၀ကျပ်မှ ၆၅၀၀ကျပ်ထိ၊ ချင်း
