ကုန်သွယ်မှုသတင်းများ

Powered by Drupal
11 May 2023

    တိုင်းဒေသကြီး/ပြည်နယ်များ၏ စပါးဆန် ဈေးနှုန်းများအား ယခင်နှစ်၊ ယခင်လ၊ ယနေ့ ကာလတူ နှိုင်းယှဉ်ပြုစုတင်ပြအပ်ပါသည်။

11 May 2023

  တောင်ငူမြို့၊ ညောင်ပင်လေးဈေးရှိ ဟင်းသီးဟင်းရွက်ဈေးတွင် ငရုတ်သီးစိမ်း(မိုးထောင်သီး)တစ်ပိဿာလျှင် ၄၀၀၀ကျပ်မှ ၄၅၀၀ကျပ်အထိ၊ ကုလားအော်သီးစိမ်းတစ်ပိဿာလျှင် ၇၅၀၀ကျပ်မှ ၈၀၀၀ကျပ်အထိဖြင့် ဈေးတက်ပါသည်။ ခရမ်းသီးဖြူတစ်ပိဿာလျှင် ၅၅၀ကျပ်မှ ၆၀၀ကျပ်အထိ၊ ခရမ်းသီးညိုတစ်ပိဿာလျှင် ၁၃၀၀ကျပ်မှ ၁၅၀၀ကျပ်အထိ၊ ဒေသသခွားသီးတစ်ပိဿာလျှင် ၇၀၀ကျပ်မှ ၁၀၀၀ကျပ်အထိနှင့် ရှမ်းပြည်သခွားသီးတစ်ပိဿာလျှင် ၁၂၀၀ကျပ်တို့ဖြင့် ဈေးနှုန်းတည်ငြိမ်နေပါသည်။

11 May 2023

      ၁၁.၅.၂၀၂၃ ရက်နေ့တွင် တိုင်းဒေသကြီးနှင့်ပြည်နယ် မြို့နယ်အလိုက် ဆန်၊ ဆီ၊ မီးဖိုချောင်သုံးပစ္စည်းများ၊ သားငါး၊ စက်သုံးဆီ၊ ရွှေ၊ ဒေါ်လာ ဈေးနှုန်းများအား အောက်ပါ .pdf တွင် ဝင်ရောက်ကြည့်ရှုနိုင်ပါ

11 May 2023

    တောင်ငူခရိုင်၊ အုတ်တွင်းမြို့နယ်၊ ရန်ကုန်-မန္တလေးအမြန်လမ်းမကြီး၊ မိုင်တိုင်အမှတ် ၁၃၂/၃၏အနောက်ဖက်တွင်ရှိသော စိန်တလုံးသရက်စိုက်ခင်းများမှာ အောင်မြင်ဖြစ်ထွန်းလျက်ရှိရာ ယခုအခါ အသီးများပေါ်နေပြီဖြစ်ပါသည်။

11 May 2023

     ဖြူးမြို့နယ်တွင် နွေစပါးစိုက်ဧက ၁၇၃၈၉ဧကစိုက်ပျိုးထားရှိရာ ယခုအခါ အချို့နေရာများ၌ စတင်ရိတ်သိမ်းနိုင်ပြီဖြစ်ပါသည်။ ရွာတန်းရှည်ကျေးရွာအုပ်စု၊ ခြံကြီးမြိုင်ရှိ တောင်သူကြီးဦးစိန်ဝင်းသည် ထိုင်းမျိုးဖြစ်သော RD 43 နှင့် Jasmine 5 အမျိုးအစားနှစ်မျိုးကို  ၎င်းပိုင်လယ်မြေ (၁၂) ဧကတွင် စိုက်ပျိုးခဲ့ပါသည်။

Pages