ကုန်သွယ်မှုသတင်းများ
တောင်ငူမြို့ရှိ ဆန်ဆိုင်များတွင် ယခင် ၂၀၂၃ခုနှစ်၊ ဧပြီလကုန်ပိုင်းက ရွှေဘိုပေါ်ဆန်းတစ်အိတ်လျှင် ၉၅၀၀၀ကျပ်၊ ဖျာပုံပေါ်ဆန်းတစ်အိတ်လျှင် ၈၈၀၀၀ကျပ်၊ ဒေသပေါ်ဆန်း ၈၀၀၀၀ကျပ်နှင့် ဧည့်မထမ ၆၀၀၀၀ကျပ်ရှိရာမှ ယခုမေလဆန်းပိုင်းတွင် ရွှေဘိုပေါ်ဆန်းတစ်အိတ်လျှင် ၁၅၀၀၀၀ကျပ်ဖြင့် ၅၅၀၀၀ကျပ်ဈေးမြင့်တက်ခဲ့ပါသည်။ ဖျာပုံပေါ်ဆန်းတစ်အိတ်လျှင် ၉၇၀၀၀ကျပ်၊ ဧည့်မထတစ်အိတ်လျှင် ၆၄၀၀၀ကျပ်ဖြင့် ဈေးနှုန်းအနည်းငယ်မြင့်တက်ခဲ့ပြီး ဒေသပေါ်ဆန်းတစ်အိတ်လျှင် ၈၀၀၀၀ကျပ်ဖြင့် ဈေးနှုန်းတည်ငြိမ်နေပါသည်။

တောင်ငူမြို့ရှိ ကြက်သွန်နီပွဲရုံများတွင် ကြက်သွန်နီများမှာ (အလေးချိန်၁၀ပိဿာဝင်အိတ်) တစ်အိတ်လျှင် အလုံးသေး ၁၈၀၀၀ကျပ်၊ အလုံးလတ် ၁၉၀၀၀ကျပ်နှင့် အလုံးသေး ၂၀၀၀၀ကျပ်ရှိပါသည်။
ယခင်နှစ် အလားတူကာလက ကြက်သွန်နီဆေးနှုန်းမှာ (အလေးချိန်၁၀ပိဿာဝင်အိတ်) တစ်အိတ်လျှင် အလုံးသေး ၇၅၀၀ကျပ်၊ အလုံးလတ် ၈၅၀၀ကျပ်နှင့် အလုံးသေး ၁၀၀၀၀ကျပ်ရှိပါသည်။

တောင်ငူမြို့သို့ အခြားဒေသအသီးသီးမှ ရာသီချိန်သီးနှံများဝင်ရောက်လျက်ရှိပါသည်။ ယခုအခါ တောင်ငူမြို့၏အရှေ့ဘက် ကရင်ပြည်နယ်၊ သံတောင်ကြီးဒေသမှထွက်ရှိသော လိုင်ချီးသီး (ခေါ်) နှင်းသီးနှင့် ကြက်မောက်သီးများ တောင်ငူမြို့ရှိ ဈေးအသီးသီးသီးသို့ဝင်ရောက်လာပြီး ရောင်းအားကောင်းလျက်ရှိပါသည်။

ထန်းတပင်မြို့နယ်တွင် ယခုနှစ်တွင် နေကြာသီးသန့် ၁၁၀ဧက၊ သီးညှပ် ၃၄၀၄ဧက၊ စုစုပေါင်း ၃၅၁၄ဧကစိုက်ပျိုးပါသည်။ သီးသန့်စိုက်ပျိုးသူများအနေဖြင့် တစ်ဧကလျှင် အကျိုးအမြတ်မှာ ၁၅၀၀၀၀ကျပ်မှ ၃၀၀၀၀၀ကျပ်ထိရှိပြီး သီးညှပ်စိုက်ပျိုးသောတောင်သူများအနေဖြင့် မိမိတို့၏မီးဖိုချောင်အတွက် စားသုံးဆီအသင့်အတင့်ဖူလုံမှုရရှိပါသည်။

ပဲခူးတိုင်း၊ တောင်ငူခရိုင်၊ အုတ်တွင်းမြို့နယ်၌ နွေစပါး ၁၉၁၂၁ဧကစိုက်ပျိုးလျက်ရှိရာ အင်ဒိုင်းကျေးရွာ၊ ဘုရားကလေးကျေးရွာ၊ အုတ်ဖိုကျေးရွာနှင့် ကျွဲပွဲမြို့တို့တွင် ထိုင်းနှံကောက်စပါးများကိုစိုက်ပျိုးပြီး ယခုအခါတွင် ရိတ်သိမ်းနေပြီဖြစ်ပါသည်။
