
တရုတ်နိုင်ငံ Yunnan ပြည်နယ် Hekou ကောင်တီမှ ကိုယ်စားလှယ်အဖွဲ့သည် လွတ်လပ်သောကုန်သွယ်ရေးဇုန်များတည်ထောင်ရာတွင် အတွေ့အကြုံများဝေမျှပေးရန် ဗီယက်နမ်နိုင်ငံ Hai Phong စီးပွားရေးဇုန်အာဏာပိုင်အဖွဲ့နှင့် Nam Cau Kien စက်မှုဇုန်သို့ မတ်လ ၁၉ မှ ၂၀ ရက်နေ့ ထိ လည်ပတ်ခဲ့ကြောင်း သိရပါသည်။ Hai Phong စီးပွားရေးဇုန်အာဏာပိုင်အဖွဲ့၏ အကြီးအကဲ ဖြစ်သူ Le Trung Kien က Hai Phong ဆိပ်ကမ်းမြို့၏ များစွာသောကဏ္ဍများတွင် မဟာဗျူဟာမြောက်မိတ်ဖက်အဖြစ်တည်ရှိနေသည့် တရုတ်၏အခန်းကဏ္ဍကို အသားပေး ပြောကြားခဲ့ကြောင်း သိရပါသည်။ တရုတ်နိုင်ငံသည် အမေရိကန်ဒေါ်လာ ၆.၂ ဘီလီယံ တန်ကြေး ရှိသည့် စီမံကိန်း ၂၄၅ ခုနှင့်အတူ Hai Phong တွင် ရင်းနှီးမြှုပ်နှံလျှက်ရှိသည့် နိုင်ငံနှင့် ဒေသပေါင်း ၄၂ ခုတွင် ဒုတိယ နေရာ၌ ရပ်တည်နေကြောင်း သိရပါသည်။ Hai Phong သည် လတ်တလောတွင် ၎င်းတို့၏ တောင်ပိုင်းစီးပွားရေးဇုန်ကို စိမ်းလန်းသော၊ ဂေဟစနစ်အကျိုး ရှိသောနှင့် စက်ဝန်းပုံစက်မှုပုံစံ တည်ထောင်လျှက်ရှိပြီး လွတ်လပ်သော ကုန်သွယ်ရေး ဇုန် တည်ထောင်ရန် လုပ်ဆောင်လျှက်ရှိ ကြောင်း သိရပါသည်။ Hekou ကောင်တီပါတီ ကော်မတီ၏ အတွင်းရေးမှူးနှင့် Yunnan ရှေ့ပြေး လွတ်လပ်သောကုန်သွယ်ရေးဇုန်- Honghe ဧရိယာ၏ အကြီးအကဲဖြစ်သူ Yu Yang က လွန်ခဲ့သည့်နှစ်များအတွင်း Hai Phong ၏ အားကောင်းသော ကြီးထွားမှုကို ချီးမွမ်းပြောကြားခဲ့ပါ သည်။ Yang က အားကောင်းသော ဗီယက်နမ်-တရုတ်ပူးပေါင်းဆောင်ရွက်မှုနှင့် Yunnan နှင့် Hai Phong ကြား အနီးကပ်ချိတ်ဆက် ဆောင်ရွက်မှုသည် နှစ်ဖက်စလုံးအတွက် အာမခံချက်ရှိသော အလားအလာနှင့် အခွင့်အလမ်း သစ်များအတွက် အဓိကမောင်းနှင်အားများဖြစ်လာမည်ဟု ပြောကြားခဲ့ပါသည်။ နှစ်ဖက်စလုံးသည် အကြီးတန်းအဆင့်အပြန်အလှန်လည်ပတ်မှုများ၊ ခင်မင်ရင်းနှီးမှုဖလှယ်ခြင်းနှင့် ရထားလမ်းအခြေခံအဆောက်အအုံချိတ်ဆက်မှု အစရှိသည့်ဧရိယာများတွင် ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရန် သဘောတူခဲ့ကြကြောင်း သိရပါသည်။ ၎င်းတို့သည် Kumming-Lao Cai-Hanoi-Hai Phong ရထားလမ်းတည်ဆောက်မှု အဆင့်မြှင့်တင်ရန် လုပ်ဆောင်လျှက်ရှိပြီး Hai Phong နှင့် Yunnan ကြားတိုက်ရိုက်လေကြောင်းလမ်းပြန်လည် စတင်မည်ဟု သိရပါသည်။ ထို့ပြင် Hai Phong ၏ စီးပွားရေးဇုန်များနှင့် Yunnan လွတ်လပ်သော ကုန်သွယ်ရေးဇုန်ကြား ပူးပေါင်း ဆောင်ရွက်မှု မူဘောင် တည်ထောင်မည်ဟု သိရှိရပါသည်။
Vietnam Plus
DOCA(ရန်ကုန်)