ကုန်သွယ်မှုနှင့် ခရီးသွားကဏ္ဍချိတ်ဆက်ရန် ဂျပန်-ဗီယက်နမ်-ထိုင်း ဖိုရမ်ကျင်းပ

Powered by Drupal

            ဂျပန်-ဗီယက်နမ်-ထိုင်း ကုန်သွယ်ရေးနှင့် ခရီးသွားကဏ္ဍချိတ်ဆက်မှုဖိုရမ်ကို မတ်လ ၁၅ ရက်နေ့က ထိုင်းနိုင်ငံ Udon Thani ပြည်နယ်တွင် ကျင်းပပြုလုပ်ခဲ့ပြီး စီးပွားရေး လုပ်ငန်းရှင် များ၊ မူဝါဒချမှတ်သူများက စီးပွားရေးပူးပေါင်းဆောင်ရွက်မှုအခွင့်အလမ်းများ ရှာဖွေရန် တက်ရောက်ခဲ့ကြောင်း သိရပါသည်။ အခမ်းအနားကို ဂျပန်နိုင်ငံ Fukuoka နှင့် ထိုင်းနိုင်ငံ Khon Kaen ၏ ကောင်စစ်ဝန်ချုပ်များက စီးပွားရေးအသင်းများ၊ ဗီယက်နမ်လူမှု အသိုင်းအဝိုင်း အဖွဲ့အစည်းများနှင့် နှစ်နိုင်ငံစလုံးမှဗီယက်နမ်စီးပွား‌ရေးလုပ်ငန်းများနှင့် ပူးပေါင်း၍ ကျင်းပ ခဲ့ကြောင်းသိရပါသည်။ ထိုဖိုရမ်သည် နိုင်ငံသုံးနိုင်ငံအကြား စီးပွားရေးချိတ်ဆက်မှုနှင့် ဈေးကွက်လမ်းကြောင်း ကြီးထွားရန်ရည်ရွယ်ကြောင်း သိရပါသည်။ Fukuoka ၏ ဗီယက်နမ် ကောင်စစ်ဝန်ချုပ် Vu Chi Mai က ကမ္ဘာနှင့်ဒေသသည် အစဉ်အလာနှင့် အစဉ်အလာ မဟုတ်သည့် စိန်ခေါ်မှုများနှင့် ရင်ဆိုင်လျှက်ရှိသောကြောင့် ပြည်တွင်းနှင့် ပြည်ပမှ ဗီယက်နမ် စီးပွားရေးအသိုက်အဝန်းများသည် ထိုအခက်အခဲ များကို လျှော့ပါးသက်သာစေရန် ဖြေရှင်း ချက်များကို တက်ကြွစွာရှာဖွေလျှက်ရှိကြောင်း သိရပါသည်။ ထိုဖိုရမ်သည် စီးပွားရေး လုပ်ငန်းများအတွက် ဈေးကွက်သစ်များရှာဖွေရန်၊ ဗျူဟာ မြောက်မိတ်ဖက်များရှာဖွေရန်နှင့် ‌ဒေသတွင်းလုပ်ငန်းများ တိုးချဲ့ရန်အတွက် အရေးပါသော ပလက်ဖောင်း တစ်ခုဖြစ်ကြောင်းနှင့် ဗီယက်နမ်အသိုက်အဝန်းအတွက် ကမ္ဘာလုံးဆိုင်ရာ တည်ရှိမှု ကိုမြင့်တက်စေရန် ကူညီပေးနိုင်မည်ဟု Mai ကမှတ်ချက်ပြုခဲ့ပါသည်။ ထိုင်းနိုင်ငံနှင့် ဂျပန်ရှိ ဗီယက်နမ်လုပ်ငန်း ၁၀၀ ကျော်က ထိုဖိုရမ်ကို တက်ရောက်ခဲ့ကြောင်း သိရပါသည်။ ၎င်းတို့သည် ခရီးသွားကဏ္ဍ၊ ထောက်ပံ့ပို့ဆောင်ရေး၊ အစားအစာထုတ်လုပ်ခြင်းနှင့် ပြုပြင်ထုတ်လုပ်ခြင်း၊ နည်းပညာနှင့် ဆန်းသစ်တီထွင်မှု၊ ပြည့်ဖြိုးမြဲစွမ်းအင်၊ ပံ့ပိုးမှုလုပ်ငန်းများနှင့် အီလက်ထရောနစ် အစိတ်အပိုင်းများ အစရှိသည့် နယ်ပယ်များတွင် ဗီယက်နမ်၊ ဂျပန်နှင့် ထိုင်း တို့ရှိရင်းနှီးမြှုပ်နှံမှု အခွင့်အလမ်းများနှင့်ပတ်သတ်၍ နောက်ဆုံးပေါ်အခြေအနေကို သိရှိခဲ့ရကြောင်း သိရပါသည်။ ထိုလုပ်ငန်းနယ်ပယ်များသည် သုံးနိုင်ငံကြား နက်ရှိုင်းသောစီးပွားရေးပူးပေါင်းဆောင်ရွက်မှုကို မောင်းနှင်ရာတွင် အရေးပါသောကဏ္ဍအဖြစ်ပါဝင်ရန် မျှော်လင့်ရကြောင်း သိရပါသည်။ Khon Kaen ရှိ ဗီယက်နမ်ကောင်စစ်ဝန်ချုပ် Dinh Hoang Linh က သုံးနိုင်ငံကြား အားကောင်းသော ရိုးရာယဉ်ကျေးမှုနှင့် စီးပွားရေးချိတ်ဆက်မှုနှင့် ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှုအဟုန် အားကောင်း လာမှုအပေါ် အသားပေးပြောကြားခဲ့ကြောင်း သိရပါသည်။ Linh က Fukoda၊ ထိုင်းနိုင်ငံအရှေ့တောင်ပိုင်းနှင့် ဗီယက်နမ်အလယ်ပိုင်းတို့သည် အရေးပါသောစီးပွားရေးတြိဂံ ‌ဒေသဖြစ်လာနိုင်ပြီး ဒေသတွင်းစီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအတွက် အကျိုးအမြတ်များ သယ်ဆောင်လာနိုင်ကြောင်း ပြောကြားခဲ့ပါသည်။ ထိုဖိုရမ်တွင် ဂျပန်နှင့် ထိုင်းလုပ်ငန်းများ အကြား ပူးပေါင်းဆောင်ရွက်မှုသဘောတူညီချက် ၄ ခုကို လက်မှတ်ရေးထိုးခဲ့ကြောင်း သိရှိရပါသည်။

Vietnam Plus

DOCA(ရန်ကုန်)