
ပုသိမ်မြို့ပေါ်တွင် ပြည်တွင်းဈေးကွက် ဝယ်လိုအားရှိသော ကံ့ကော်ပန်းခြောက်များကို ကံ့ကော်ပန်းပွင့်ချိန် မတ်လမှစတင်၍ ဝယ်ယူလျက်ရှိပြီး မေလအထိသာ အရောင်းအဝယ်ဖြစ်ကြောင်း ကံ့ကော်ပန်းခြောက်များကို သာပေါင်းမြို့နယ်၊ ချောင်းသာ၊ ဟိုင်းကြီးကျွန်းနှင့် ပုသိမ်မြို့ပေါ်မှ လာရောက်ရောင်းချလျက် ယခင်နှစ်က ကံ့ကော်ပန်းခြောက် တစ်ပိဿာကို ကျပ် ၁၅၀၀/၂၀၀၀ နှုန်းဖြင့် ပုသိမ်မြို့ပေါ် အဝယ်ဒိုင်မှဝယ်ယူလျက်ရှိပြီး ပြည်တွင်းဈေးကွက် အသုံးပြုရန် ရန်ကုန်မြို့သို့ တင်ပို့ ရောင်းချလျက်ရှိကြောင်း သိရသည်။
ကံ့ကော်ပင်က လေထုကိုသန့်စင်ပေးသလို ကံ့ကော်ပန်း၊ အရွက်နှင့်အခေါက်အားလုံးက ဆေးဖက်ဝင်ကြောင်း ကျန်းမာရေးနှင့်ပတ်သက်၍ ကံ့ကော်ပန်းခြောက်ကို အသုံးပြုရာတွင် အဖျား သက်သာစေရန် ကံ့ကော်ပန်းပြုတ်ရည် အသုံးပြု၍ရသလို ပန်းအခြောက်မှုန့်ကိုလည်း အသုံးပြုနိုင်ကြောင်း၊ ကံကော်ဝတ်ဆံကိ သနပ်ခါးထဲထည့်၍ လိမ်းပါက ဝက်ခြံ၊ အမာရွတ်တွေ သက်သာစေပြီး အသားအရေလှပနိုင်ကြောင်း၊ အစာချေစနစ်ကောင်းမွန်စေရန်၊ အသက်ရှုလမ်းကြောင်း ကောင်းမွန်စေရန်၊ ဝမ်းကိုက်ဝေဒနာ၊ အဆစ်ရောင်နာ၊ လေးဖက်နာ၊ ဆီးရောဂါဝေဒနာ၊ အရေပြားယားယံ၊ အသားအရောင်မညီတာ စသည့်ရောဂါများအတွက် မြန်မာ့တိုင်းရင်းဆေးဖော်စပ်ရာတွင် ကံ့ကော်ပန်းခြောက်ကို အမျိုးမျိုးထည့်သွင်းအသုံးပြုလျက်ရှိပြီး မြန်မာ့ရိုးရာသနပ်ခါးဘူးများတွင်လည်း သဘာဝအမွှေးအနံရရှိစေရန် ကံကော်ပန်းခြောက်ကိုထည့်သွင်းအသုံးပြုလျက်ရှိကြောင်းနှင့် ယခုနှစ်တွင် တစ်ပိဿာလျှင် ၃၀၀၀ ကျပ်နှုန်းဖြင့် ဝယ်ယူလျက်ရှိပြီး ယခင်နှစ်ထက် ဈေးနှုန်းပိုမိုရရှိကြောင်း ဈေးကွက် မှသိရှိရပါသည်။
DOCA(ဧရာဝတီ)