ဧရာဝတီတိုင်းရဲ့နာမည်ရ ရေကြည်မမယ်မ စားသောက်ကုန်လုပ်ငန်း

Powered by Drupal

             မုန့်ဟင်းခါး နှင့် အုန်းနို့ခေါက်ဆွဲ တို့သည် မြန်မာလူမျိုးတို့၏ ရိုးရာအစားအစာတစ်ခု ဖြစ်ပြီး မြန်မာနိုင်ငံတစ်ဝန်းရှိ မြို့၊ ရွာတိုင်းတွင် မုန့်ဟင်းခါး နှင့် အုန်းနို့ခေါက်ဆွဲ တို့ကို  ရောင်းချကြပြီး နံနက်စာ မှ နေ့လယ် နေ့ခင်း အဆာပြေ အပြင် ညလယ်စာ အဖြစ်ပါ နှစ်ခြိုက်စွာ စားလေ့ရှိကြသည်။ ထို့အပြင် မုန့်ဟင်းခါး နှင့် အုန်းနို့ခေါက်ဆွဲ တို့သည် အာဟာရ တန်ဖိုးအားဖြင့် ပရိုတင်း၊ ကာဗိုဟိုက်ဒရိုတ်နှင့် ဓာတ်ဆားများ ပါဝင်ပြီး ချက်ပုံချက်နည်း ရိုးရှင်းလွယ်ကူသည့်အပြင် စရိတ်ပါ သက်သာသောကြောင့် မြန်မာလူမျိုးတိုင်းလိုလို နှစ်သက် သော အစားအစာလည်းဖြစ်သည်။

                ယခုအခါတွင် မုန့်ဟင်းခါးနှင့် အုန်းနို့ခေါက်ဆွဲတို့သည် မြန်မာလူမျိုးများ သွားရောက် အလုပ်လုပ်ကိုင် အခြေချရာ စင်ကာပူ၊ ထိုင်း၊မလေးရှား၊ ဂျပန်၊ ကိုရီးယား၊ဗြိတိန်၊ အမေရိကန် နှင့် ပြည်ပဈေးကွက် အတွက် အထူးရည်ရွယ် ထုတ်လုပ်လာသော အသင့်ချက်ပြုတ်နိုင်သည့် မုန့်ဟင်းခါးခြောက်ထုပ် များလည်းပေါ်ပေါက်လာခဲ့ပါသည်။ ထိုကဲ့သို့သော အသင့်စား မုန့်ဟင်း ရည် အနှစ်ထုပ်နှင့် အုန်းနို့ခေါက်ဆွဲအနှစ်ထုပ်များ ထုတ်လုပ်သည့် လုပ်ငန်းများတွင် ဧရာဝတီ တိုင်းဒေသကြီး၊ မြို့မရပ်ကွက်၊ ရေကြည်မြို့နယ်တွင်ရှိသည့် “မမယ်မစားသောက်ကုန်” လုပ်ငန်း မှာလည်း နာမည်ကြီး လူကြိုက်များလှပါတယ်။ “မမယ်မစားသောက်ကုန်” လုပ်ငန်းမှ ထုတ် လုပ်သည့် မုန့်ဟင်းရည်အနှစ်ထုပ်၊ သက်သက်လွတ်မုန့်ဟင်းရည်အနှစ်ထုပ် နှင့် အုန်းနို့ ခေါက်ဆွဲ အနှစ်ထုပ် များကို ရေသန့်ဘူး(၂)လီတာခန့်ရှိသော ရေနွေးဆူဆူတွင် ရောထည့်ယုံဖြင့် လွယ်ကူစွာ စားသောက်နိုင်သည့်အပြင် အနှစ်ထုပ်များအား ရေခဲသေတ္တာ အတွင်းသိမ်းဆည်း ထားပါ က (၆)လခန့်သိမ်းဆည်း ထားနိုင်ပါသည်။ “မမယ်မစားသောက်ကုန်” လုပ်ငန်းတွင် မုန့်ဟင်းခါး နှင့် အုန်းနို့ခေါက်ဆွဲ ဟင်းရည် အနှစ်ထုပ်များအပြင် အသင့်စားသုံးနိုင်သည့် မျှင်ငါးပိပုဇွန်ခြောက်မန်းကျည်းသီး ငါးငံပြာရည်ကြော် နှင့် သတ်သတ်လွတ်ဘာလချောင်ကြော် များကိုလည်း ထုတ်လုပ်ဖြန့်ချီလျှက်ရှိပါသည်။ “မမယ်မစားသောက်ကုန်” လုပ်ငန်းမှ ထုတ်လုပ် သော စားသောက်ကုန်များမှာ အဆင်သင့် လွယ်ကူစွာ ချက်ပြုတ်စားသောက်နိုင်သည့်အပြင် တာရှည်ခံ ဆိုးဆေးများအသုံးမပြုထားသည့်အတွက် အရသာမှာလည်းအထူး ကောင်းမွန် လှသော ကြောင့် ရေကြည်မြို့တွင် နာမည်ကျော်ကြားယုံသာမက ပြည်ပနိုင်ငံများသို့ ပို့ဆောင် ပေး ရသည့် နာမည်ကြီး လူကြိုက်များလှပါကြောင်း ရေးသားတင်ပြလိုက်ရပါတယ်။

DOCA(ဧရာဝတီ)