ကုန်သွယ်မှုသတင်းများ
တောင်ငူခရိုင်၊ အုတ်တွင်းမြို့နယ်၊ ရန်ကုန်-မန္တလေးအမြန်လမ်းမကြီး၊ မိုင်တိုင်အမှတ် ၁၃၂/၃၏အနောက်ဖက်တွင်ရှိသော စိန်တလုံးသရက်စိုက်ခင်းများမှာ အောင်မြင်ဖြစ်ထွန်းလျက်ရှိရာ ယခုအခါ အသီးများပေါ်နေပြီဖြစ်ပါသည်။

ဖြူးမြို့နယ်တွင် နွေစပါးစိုက်ဧက ၁၇၃၈၉ဧကစိုက်ပျိုးထားရှိရာ ယခုအခါ အချို့နေရာများ၌ စတင်ရိတ်သိမ်းနိုင်ပြီဖြစ်ပါသည်။ ရွာတန်းရှည်ကျေးရွာအုပ်စု၊ ခြံကြီးမြိုင်ရှိ တောင်သူကြီးဦးစိန်ဝင်းသည် ထိုင်းမျိုးဖြစ်သော RD 43 နှင့် Jasmine 5 အမျိုးအစားနှစ်မျိုးကို ၎င်းပိုင်လယ်မြေ (၁၂) ဧကတွင် စိုက်ပျိုးခဲ့ပါသည်။

တောင်ငူမြို့ရှိ ဆန်ဆိုင်များတွင် ယခင် ၂၀၂၃ခုနှစ်၊ ဧပြီလကုန်ပိုင်းက ရွှေဘိုပေါ်ဆန်းတစ်အိတ်လျှင် ၉၅၀၀၀ကျပ်၊ ဖျာပုံပေါ်ဆန်းတစ်အိတ်လျှင် ၈၈၀၀၀ကျပ်၊ ဒေသပေါ်ဆန်း ၈၀၀၀၀ကျပ်နှင့် ဧည့်မထမ ၆၀၀၀၀ကျပ်ရှိရာမှ ယခုမေလဆန်းပိုင်းတွင် ရွှေဘိုပေါ်ဆန်းတစ်အိတ်လျှင် ၁၅၀၀၀၀ကျပ်ဖြင့် ၅၅၀၀၀ကျပ်ဈေးမြင့်တက်ခဲ့ပါသည်။ ဖျာပုံပေါ်ဆန်းတစ်အိတ်လျှင် ၉၇၀၀၀ကျပ်၊ ဧည့်မထတစ်အိတ်လျှင် ၆၄၀၀၀ကျပ်ဖြင့် ဈေးနှုန်းအနည်းငယ်မြင့်တက်ခဲ့ပြီး ဒေသပေါ်ဆန်းတစ်အိတ်လျှင် ၈၀၀၀၀ကျပ်ဖြင့် ဈေးနှုန်းတည်ငြိမ်နေပါသည်။

တောင်ငူမြို့ရှိ ကြက်သွန်နီပွဲရုံများတွင် ကြက်သွန်နီများမှာ (အလေးချိန်၁၀ပိဿာဝင်အိတ်) တစ်အိတ်လျှင် အလုံးသေး ၁၈၀၀၀ကျပ်၊ အလုံးလတ် ၁၉၀၀၀ကျပ်နှင့် အလုံးသေး ၂၀၀၀၀ကျပ်ရှိပါသည်။
ယခင်နှစ် အလားတူကာလက ကြက်သွန်နီဆေးနှုန်းမှာ (အလေးချိန်၁၀ပိဿာဝင်အိတ်) တစ်အိတ်လျှင် အလုံးသေး ၇၅၀၀ကျပ်၊ အလုံးလတ် ၈၅၀၀ကျပ်နှင့် အလုံးသေး ၁၀၀၀၀ကျပ်ရှိပါသည်။

တောင်ငူမြို့သို့ အခြားဒေသအသီးသီးမှ ရာသီချိန်သီးနှံများဝင်ရောက်လျက်ရှိပါသည်။ ယခုအခါ တောင်ငူမြို့၏အရှေ့ဘက် ကရင်ပြည်နယ်၊ သံတောင်ကြီးဒေသမှထွက်ရှိသော လိုင်ချီးသီး (ခေါ်) နှင်းသီးနှင့် ကြက်မောက်သီးများ တောင်ငူမြို့ရှိ ဈေးအသီးသီးသီးသို့ဝင်ရောက်လာပြီး ရောင်းအားကောင်းလျက်ရှိပါသည်။
