
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့နယ်သည် စားဖိုဆောင်သီးနှံများကို ရာသီချိန်အလိုက်စိုက်ပျိုးကြကြောင်း ဈေးကွက်အတွင်းလူကြိုက်များပြီး အရောင်းအဝယ်သွက်သည့် ကိုက်လန်ရွက်များ ရောင်းချလျက်ရှိသည်။
ကိုက်လန်ရွက်ကို မြို့ပေါ်ရပ်ကွက်များမှ အဓိကထွက်ရှိကြောင်း၊ ကန့်ဘလူမြို့နယ် နတ်အင်း ကျေးရွာတွင်လည်း မိမိတို့ယာကွက်များ၌ တစ်နိုင်တစ်ပိုင်စိုက်ပျိုးကြကြောင်း၊ ကိုက်လန်ရွက်ကို စားသောက်ဆိုင်များ၊ ထမင်းဆိုင်များစသည့်တို့မှ ဝယ်ယူအသုံးပြုသည့်အတွက် အရောင်းအဝယ် သွက်လျက်ရှိကြောင်း၊ မတ်လ တတိယပတ်အတွင်း ကန့်ဘလူမြို့မဈေးတွင် ကိုက်လန်ရွက်တစ်စီး လျှင်(၃၀၀)ကျပ်၊ (၃)စီလျှင် ၈၀၀ကျပ်နှင့်(၁၀)စီးပါတစ်ထုံးလျှင်(၂၇၀၀)ကျပ်ဖြင့် ရောင်းချရကြောင်း ၊ ကိုက်လန်ရွက်သည် စိုက်ပျိုးစရိတ်ကုန်ကျမှု နည်းသည့်အတွက် ထိုက်သင့်သည့်အကျိုးအမြတ် ရရှိကြောင်း စိုက်ပျိုးရောင်းချသူထံမှ သိရှိရပါသည်။
DOCA(စစ်ကိုင်း)