ကုန်သွယ်မှုသတင်းများ
မြန်မာနိုင်ငံစက်သုံးဆီတင်သွင်း/သိုလှောင်/ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီက တိုင်းဒေသကြီး/ပြည်နယ်အလိုက် မြို့ကြီးများ၏စက်သုံးဆီရည်ညွှန်းလက်ကားဈေးနှုန်းများအား နေ့စဉ် ထုတ်ပြန်ပေးလျက်ရှိပါသည်။

မကွေးတိုင်းဒေသကြီးအတွင်း၌ ထန်းပင်၊ မန်ကျည်းပင်၊ တမာပင်နှင့် ဆီးပင်ကဲ့သို့သောသီးနှံပင်များမှာ သဘာဝအလျောက် အလေ့ကျပေါက်ရောက်ပြန့်ပွားခြင်းကြောင့်လည်းကောင်း၊ လူတို့စိုက်ပျိုးခြင်းကြောင့်လည်းကောင်း နေရာအနှံ့အပြားတွင် ဖြစ်ထွန်းလျက်ရှိပါသည်။ ပခုက္ကူခရိုင်နှင့် မကွေးခရိုင်တို့သည် ဆီးစိုက်ဧကအများဆုံးဖြစ်ကြောင်း သိရှိရပါသည်။

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်အတွင်း ယခုနှစ် နွေရာသီကာလ၌ စားသုံးဆီဖူလုံရေးအတွက် မင်းဘူးမြို့နယ်တွင် (၁၂၈၅၉) ဧက၊ ပွင့်ဖြူမြို့နယ်တွင် (၄၈၀၇၈) ဧက၊ ငဖဲမြို့နယ်တွင် (၇၇၅) ဧက၊ စလင်းမြို့နယ်တွင် (၂၈၈၄) ဧက၊ စေတုတ္တရာမြို့နယ်တွင် (၆၄၄) ဧက၊ စုစုပေါင်းနွေနှမ်းစိုက်ဧကပေါင်း (၉၁၂၀၂) ဧကစိုက်ပျိုးနိုင်ခဲ့ကြောင်း စိုက်ပျိုးရေးဦးစီးဌာနမှ သိရှိရပါသည်။

မိတ္ထီလာခရိုင်တွင် ကြက်သွန်နီစျေးမှာ ယခင်တစ်ပတ် မေလဆန်းက တစ်ပိဿာ ၂၂၀၀ ကျပ်ထိ စျေးနှုန်းမြင့်တက်ခဲ့ကြောင်း သိရသည်။ မြဝတီနှင့် မူဆယ်တို့မှ အဝယ်လိုက်သဖြင့် စျေးမြင့်ခဲ့ခြင်း ဖြစ်သည်။ မြဝတီမှ တစ်ကြိမ်လျှင် (၁၂) ဘီးကား (၁၀)စီးခန့်နှင့် မူဆယ်မှ တစ်ကြိမ်လျှင် တွဲကား (၅) စီး ဝန်းကျင်အဝယ်လိုက်လေ့ရှိပါသည်။ ယခုတစ်ပတ်တွင် ရာသီဥတုအခြေအနေအရ တင်ပို့မှုနည်းခြင်းတို့ ကြောင့်လည်းကောင်း၊ ရန်ကုန်အဝယ်အေးခြင်းကြောင့်လည်းကောင်း၊ စျေးနှုန်းအနည်းငယ်ပြန်အေး လာရာ နယ်စျေးမှာ တစ်ပိဿာလျှင် ၂၀၀၀ ကျပ
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ပွင့်ဖြူမြို့နယ်ရှိကျေးရွာများ၌ သရက်သီးများလှိုင်လှိုင်ပေါ်ချိန်ဖြစ်၍ သရက်ချဉ်လုပ်ငန်းကို အိမ်တွင်းစီးပွားရေးလုပ်ငန်းအနေဖြင့်လုပ်ကိုင်ကာ မိသားစုစားဝတ်နေရေးအဆင်ပြေလျက်ရှိကြောင်း သိရှိရပါသည်။
