ကုန်သွယ်မှုသတင်းများ

Powered by Drupal
16 May 2023

     မြန်မာနိုင်ငံတွင် သရက်ပင်ကို အပူပိုင်းဒေသ မကွေးတိုင်းဒေသကြီးနှင့် မန္တလေးတိုင်းဒေသကြီးတို့တွင် စီးပွားဖြစ်စိုက်ပျိုးဖြစ်ထွန်းလျက်ရှိပါသည်။ သရက်သီးအမျိုးပေါင်းများစွာရှိပြီး တစ်မျိုးနှင့်တစ်မျိုးအရသာမတူညီကြသော်လည်း ခန္ဓာကိုယ်အတွက် ကျန်းမာရေးအထောက်အကူပြုရာတွင် အတူတူဖြစ်ပါသည်။ စိုက်ပျိုးရာတွင် စိန်တစ်လုံးသရက်၊ ရင်ကွဲသရက်၊ မချစ်စုသရက်၊ ဘဲလေး သရက်၊ သရက်သခွားနှင့် ပတ္တမြားငမောက်သရက်များကို အများဆုံးစိုက်ပျိုးကြသည်။

16 May 2023

အာဆီယံစီးပွားရေးအသိုက်အဝန်းအသေးစိတ်အစီအစဉ် ၂၀၂၅ အား အကောင်အထည်ဖော်ဆောင်မှု၏ အစိတ်အပိုင်းတစ်ရပ်ဖြစ်သည့် ဒေသတွင်းငွေပေးချေဆက်သွယ်ဆောင်ရွက်မှု တိုးတက်ရေးနှင့် ‌ဒေသသုံးငွေကြေးသို့ ကူးပြောင်းမှု မြင့်တင်ရေးဆိုင်ရာ အာဆီယံခေါင်းဆောင်များ၏ ကြေညာချက်မူကြမ်းကို ထိုင်းနိုင်ငံအစိုးရအဖွဲ့က မေလ ၉ ရက်နေ့တွင် လက်ခံအတည်ပြုခဲ့ကြောင်း သိရှိရပါသည်။

16 May 2023

      မကွေးမြို့ ကန်သာဈေး၌ မကွေးမြို့နယ် ချောင်းဖြူကျေးရွာ၊ မြင်းကင်းကျေးရွာ၊ မင်းဘူးမြို့နယ်(ကျောက်တန်းကျေးရွာ)၊ စလင်း(ဆင်ဖြူကျွန်း)၊ တောင်တွင်းကြီးနှင့် အောင်ပန်းတို့မှ ဟင်းသီးဟင်းရွက်နှင့် သစ်သီးဝလံပန်းမန်များ အများဆုံးဝင်ရောက်လျက်ရှိကြောင်း သိရပါသည်။

16 May 2023

      ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာတောင်ညွှန့်မြို့နယ်၊ သိမ်ဖြူဈေးကြီးအတွင်း ကြက်သွန်ဖြူ၊ ကြက်သွန်နီများအား ကား၊ ရထားတို့ဖြင့် ဘုရင့်နောင်ကုန်စည်ဒိုင်နှင့် ရှမ်းပြည်နယ်တို့မှ နေ့စဉ် ဝင်ရောက်လျက်ရှိပြီး လက်လီလက်ကား ပြန်လည်ရောင်းချလျက်ရှိရာ (၂၀.၄.၂၀၂၃) မှ (၂၆.၄.၂၀၂၃) ရက်အထိ ကြက်သွန်နီ(ဆိပ်ဖြူ)အဝင် (၃၅၉၀၀)ပိဿာနှင့် ကြက်သွန်ဖြူ(ကြူကုတ်) (၁၁၃၀၀) ပိဿာ ဝင်ရောက်ခဲ့ပြီး ကြက်သွန်နီ(ဆိပ်ဖြူ)လက်ကားဈေးမှာ ၁ပိဿာလျှင် ၁၂၀၀ ကျပ်မှ ၁၇၀၀ ကျပ် ထိ ဖြစ်၍ ကြက်သွန်ဖြူ(ကြူကုတ်) လက်ကားဈေးမှာ ၁ပိဿာလ

16 May 2023

ဗီယက်နမ်နိုင်ငံ၌ ပထမဦးဆုံး တည်ဆောက်ခဲ့သော နိုင်ငံ၏ အလယ်ပိုင်းဒေသ၊ ကွမ်ညိုင်ပြည်နယ်ရှိ Dung Quat Oil Refinery စက်ရုံ၏ ရေနံသန့်စင်ချက်လုပ်နိုင်စွမ်းကို တစ်ရက်လျှင် ရေနံစည်ပေါင်း ၁၄၈၀၀၀ မှ ၁၇၁၀၀၀ သို့ အဆင့်မြှင့်တင်နိုင်ရန် ရင်းနှီးမြှုပ်နှံမှုတန်ဖိုး အမေရိကန် ဒေါ်လာ ၁.၂၆ ဘီလီယံ ကျခံဆောင်ရွက်မည်ဖြစ်ကြောင်း သိရှိရပါသည်။

Pages