
ကမ္ဘောဒီးယားနိုင်ငံ၊ ရင်းနှီးမြှုပ်နှံမှု ဘုတ်အဖွဲ(CIB) ၏ ဒုတိယထွေထွေအတွင်းရေးမှူး Suon Sophal သည် ၁၀-၃-၂၀၂၅ ရက်နေ့က တရုတ်နိုင်ငံ၊ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၏ စီးပွားရေးပူးပေါင်းဆောင်ရွက်မှုနှင့် ပြည်ပရင်းနှီးမြှုပ်နှံမှုဦးစီးဌာန၊ ညွှန်ကြား ရေးမှူးချုပ် Li Yongjun နှင့် ရင်းနှီးမြှုပ်နှံမှုပူးပေါင်းဆောင်ရွက်ရေးနှင့် ကမ္ဘောဒီးယား-တရုတ် အထူးစီးပွားရေးဇုန် ဖွံ့ဖြိုးတိုးတက်ရေးတို့အတွက်ဆွေးနွေးမှုများ ပြုလုပ်ခဲ့ကြသည်။ Suon Sophal က ကမ္ဘောဒီးယားနိုင်ငံ၊ Preah Sihanouk ပြည်နယ်တွင် အထူးစီးပွားရေးဇုန်နှင့် ကမ္ဘောဒီးယား-တရုတ်ရင်းနှီးမြှုပ်နှံမှုပူးပေါင်းဆောင်ရွက်ချက်များ အားကောင်းစေရန်အတွက် ကမ္ဘောဒီးယားနိုင်ငံသို့ တရုတ်ရင်းနှီးမြှုပ်နှံမှုများ အားကောင်းစေရေးအတွက် ပူးပေါင်း ဆောင်ရွက်ရန်အတွက် ကမ္ဘောဒီးယားနိုင်ငံသို့ ကိုယ်တိုင်ကိုယ်ကျလာရောက်လေ့လာခဲ့ခြင်း ကြောင့် Li Yongjun အားကျေးဇူးတင်ရှိကြောင်းပြောကြားခဲ့သည်။ မိတ်ဖက်အဖွဲ့အစည်းများ၏ ပံ့ပိုးကူညီမှုများဖြင့် Preah Sihanouk Special Economic Zone သည် အလားအလာရှိသော ရင်းနှီးမြှုပ်နှံမှုများအတွက် ဆွဲဆောင်ရာနေရာတစ်ခုဖြစ်လာပြီး ကုန်သွယ်မှုပမာဏတိုးမြင့် လာကာ ရင်းနှီးမြှုပ်နှံမှု စီမံကိန်းများကို ဖန်တီးကာအလုပ်အကိုင်များစွာ ဖန်တီးပေးခြင်းဖြင့် ကမ္ဘောဒီးယားနိုင်ငံသို့ ရင်းနှီးမြှုပ်နှံမှုများ ဝင်ရောက်လာစေရန်မြှင့်တင်ပေးနေကြောင်း Suon Sophal က ဆက်လက်ပြောကြားခဲ့သည်။ ဆက်လက်ပြီး ကမ္ဘောဒီးယားနိုင်ငံ၏ လူမှုဘဝဖွံ့ဖြိုး တိုးတက်ရေးနှင့် အရည်အသွေးမြင့် နှစ်နိုင်ငံစီးပွားရေးနှင့် ကုန်သွယ်မှုဆက်ဆံရေးတိုးတက် ကောင်းမွန်လာစေရန်ရည်ရွယ်ချက်ဖြင့်နားလည်မှုစာချွန်လွှာလက်မှတ်ရေးထိုးနိုင်ရေးဆွေးနွေးမှု များပြုလုပ်ခဲ့ကြသည်။
DOCA(ရန်ကုန်)