ကမ္ဘောဒီးယားနိုင်ငံသည် ရေရှည်တည်တံ့သော စက်မှုဖွံ့ဖြိုးတိုးတက်မှုအတွက် ဂျပန်နိုင်ငံ၏ ကျွမ်းကျင်မှုများကို ရှာဖွေ

Powered by Drupal

          ကမ္ဘောဒီးယားနိုင်ငံ၊ စက်မှု၊ သိပ္ပံ၊ နည်းပညာနှင့်တီထွင်ဆန်းသစ်မှုဝန်ကြီး Hem Vanndy သည် ကမ္ဘောဒီးယားနိုင်ငံ၏ ရေရှည်တည်တံ့သော စက်မှုဖွံ့ဖြိုးတိုးတက်မှုကို ပံ့ပိုးရန်အတွက် ဂျပန်နိုင်ငံ၏ ဆယ်စုနှစ်ပေါင်းများစွာအတွေ့အကြုံနှင့် စက်မှုစီမံခန့်ခွဲမှုဆိုင်ရာကျွမ်းကျင်မှုများ ကို မည်သို့မည်ပုံအသုံးချမည်ကိုဆွေးနွေးရန်အတွက် ဂျပန်နိုင်ငံ၊ စီးပွားရေး၊ ကုန်သွယ်ရေးနှင့် စက်မှုဝန်ကြီးဌာန(METI)နှင့် Japan Environmental Management Association for Industry (JEMAI) မှကိုယ်စားလှယ်အဖွဲ့အား ၁၁-၃-၂၀၂၅ ရက်နေ့က လက်ခံတွေ့ဆုံခဲ့သည်။ METI ၏ သဘာဝပတ်ဝန်းကျင်စီမံခန့်ခွဲမှုမြှင့်တင်ရေးရုံး၊ ဒါရိုက်တာ HAMASAKA Takashi မှ ၁၉၅၀ ခုနှစ်မှ ၁၉၆၀ ခုနှစ်များအတွင်း ဂျပန်နိုင်ငံ၏ လျင်မြန်သော စက်မှုထွန်းကားလာမှုကို အလေးပေးပြောကြားခဲ့ပြီး ဂျပန်အစိုးရသည် လေထုညစ်ညမ်းမှုထိန်းချုပ်ရေးနည်းပညာများ ဖွံ့ဖြိုးတိုးတက်စေရန်နှင့် ရေရှည်တည်တံ့သောစက်မှုလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးကို မြှင့်တင်ရာ တွင် စည်မျဥ်းစည်းကမ်းများကို အကောင်အထည်ဖော်ရန်အတွက် ပုဂ္ဂလိကကဏ္ဍနှင့် တက်ကြွ စွာပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း ဆက်လက်ပြောကြားခဲ့သည်။ ဂျပန်နိုင်ငံတွင် ၁၉၇၁ ခုနှစ် က တည်းက စက်ရုံများတွင် သီးသန့်ညစ်ညမ်းမှုစီမံခန့်ခွဲရေးစနစ်များတည်ဆောက်ခြင်းများ ကို ကိုးကားပြီး က‌မ္ဘောဒီးယားနိုင်ငံ၏ လုပ်ငန်းများကို ရေရှည်တည်တံ့မှုစံနှုန်းများနှင့်အညီ ပေါင်းစည်းရန်အရေးကြီးကြောင်း ထပ်လောင်းပြောကြားခဲ့သည်။ Hem Vanndy က အခွင့် အလမ်းများနှင့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ စိန်ခေါ်မှုများကို တင်ပြနိုင်သည့် ကမ္ဘောဒီးယား နိုင်ငံ၏ စီးပွားရေးတိုးတက်မှုနှင့် မြို့ပြအသွင်ကူးပြောင်းမှုလမ်းကြောင်းများကို သတိပြုမိပြီး ဂျပန်နိုင်ငံ၏ ထိုးထွင်းသိမြင်မှုများကိုကြိုဆိုကြောင်း ပြောကြားခဲ့သည်။ သဘာဝပတ်ဝန်းကျင်၊ လူမှုရေးနှင့် အုပ်ချုပ်မှု(ESG) အကာအကွယ်များအားကောင်းလာချိန်တွင် ရင်းနှီးမြှုပ်နှံမှုများ ဆွဲဆောင်ရန် အစိုးရ၏ ရည်မှန်းချက်များကို ထပ်မံပြောကြားခဲ့သည်။ HAMASAKA Takashi က JEMAI သည် ကမ္ဘောဒီးယားနိုင်ငံ၏ လေထုညစ်ညမ်းမှုစီမံခန့်ခွဲရေးဆိုင်ရာကြိုးပမ်းအားထုတ်မှု များကို စဥ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်ရေးပန်းတိုင်များနှင့် လိုက်လျောညီထွေဖြစ်စေမည့် စက်မှု ကဏ္ဍ ကို မြှင့်တင်ပေးမည်ဟု ကတိကဝတ်ပြုခဲ့သည်။

DOCA(ရန်ကုန်)