
ကမ္ဘောဒီးယားနိုင်ငံ၊ ဖွံ့ဖြိုးတိုးတက်ရေးကောင်စီ (CDC) သည် ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီ လတွင် စုစုပေါင်းရင်းနှီးမြှုပ်နှံမှု မတည်ငွေ အမေရိကန်ဒေါ်လာ ၃၂၁ သန်းဖြင့် ရင်းနှီးမြှုပ်နှံမှု စီမံကိန်း ၄၄ ခုရှိခဲ့ပြီး အလုပ်အကိုင်ပေါင်း ၂၅,၀၀၀ ခန့်ဖန်တီးပေးနိုင်ခဲ့ကြောင်း အတည်ပြုခဲ့ သည်။ (CDC) ၏ထုတ်ပြန်ချက်အရ ရင်းနှီးမြှုပ်နှံမှု စီမံကိန်းအားလုံးသည် အထူးစီးပွားရေးဇုန် ပြင်ပတွင် ၂၁ ခုနှင့် အထူးစီးပွားရေးဇုန်အတွင်း ၂၃ ခု ရှိကြောင်းသိရသည်။ ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလအတွင်း ရင်းနှီးမြှုပ်နှံမှုစီမံကိန်းခွင့်ပြုချက်သည် ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ နှင့် နှိုင်းယှဥ်ပါက စီမံကိန်း (၂) ခု တိုးလာခဲ့သည်။ ၂၀၂၅ ခုနှစ်၊ ပထမ (၂) လအတွင်း ရင်းနှီးမြှုပ်နှံမှု မတည်ငွေ အမေရိကန်ဒေါ်လာ ၁ ဘီလီယံခန့်ဖြင့် ရင်းနှီးမြှုပ်နှံမှုစီမံကိန်း ၁၁၂ ခုကို အတည်ပြု ခဲ့ပြီး အလုပ်အကိုင်ပေါင်း ၇၀၀,၀၀၀ ကျော်ဖန်တီးပေးခဲ့ပြီး ၂၀၂၄ ခုနှစ်အလားတူ ကာလနှင့် နှိုင်းယှဥ်ပါကရင်းနှီးမြှုပ်နှံမှုစီမံကိန်း ၄၃ ခု တိုးလာကြောင်း အစီရင်ခံစာတွင်ဖော်ပြထားသည်။
DOCA(ရန်ကုန်)