မတ်လအတွင်း ဟင်္သာတကုန်စည်ဒိုင် အရောင်းအဝယ်ဖြစ်မှုအခြေအနေ

Powered by Drupal

          ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဟင်္သာတကုန်စည်ဒိုင်တွင် ၂၀၂၄-၂၀၂၅ခုနှစ်ထွက် ဆောင်းသီးနှံ ပဲမျိုးစုံများလည်း ဈေးကွက်သို့ ဝင်ရောက်နေပြီဖြစ်သဖြင့် မတ်ပဲ၊ ပဲတီစိမ်းဆီပြောင်၊ ပဲတီစိမ်းအနီ၊ ပဲယင်းနီ၊ ပဲပုတ်ဆီတိုး၊ ပဲလွန်းဖြူ၊ ပဲလွန်းနီအစရှိသော ပဲများကိုအရောင်းအဝယ် ပြုလုပ်နေကြောင်းသိရှိရပါသည်။ ယခုတစ်ပတ်မတ်ပဲဈေးမှာ ပိဿာ(၂၀)တစ်တင်းကို (၉၆၀၀ဝိ/) ပဲယင်းနီဈေးမှာ ပိဿာ(၂၀)တစ်တင်းကို ( ၇၉၀၀၀ )ကျပ် ၊ ပဲတီစိမ်း ဆီပြောင်ဈေးမှာ ပိဿာ(၂၀) တစ်တင်းကို (၁၀၂၀၀၀)ကျပ်၊ ပဲတီစိမ်းအနီဈေးမှာ ပိဿာ(၂၀)တစ်တင်းကို (၁၂၃၀၀၀)ကျပ်၊ ပဲပုတ်ဆီတိုးဈေးမှာ ပိဿာ(၂၀)တစ်တင်းကို (၁၂၃၀၀၀)ကျပ်၊ ပဲလွန်းဖြူဈေးမှာ  ပိဿာ( ၂၀ ) တစ်တင်းကို (၇၅၀၀၀)ကျပ်၊ ပဲလွန်းနီဈေးမှာ ပိဿာ(၂၀)တစ်တင်းကို (၇၈၀၀၀)ကျပ်၊အစေ့ထုတ် ပြောင်းပိဿာ(၂၀)တစ်တင်းကို(၃၂၅၀၀)ကျပ်ဈေးဖြင့် အသီးသီး အရောင်းအဝယ်ဖြစ်လျက်ရှိပါသည်။ ယခင်ကာလတူ ဈေးနှုန်းဖြင့် နှိုင်းယှဉ်ပါက ပဲတီစိမ်းအနီ၊ ပဲတီစိမ်းဆီပြောင်၊ အစေ့ထုတ်ပြောင်း ပိဿာ(၂၀)တစ်တင်းကို (၅၀ဝိ/-မှ၁၅၀ဝိ)ကျပ်ထိ ဈေးအနည်းငယ်မြင့်တက်လျက်ရှိပြီး ပဲလွန်းဖြူ၊ ပဲလွန်းနီ၊ ပဲယင်းနီ၊ ပဲပုတ်၊ မတ်ပဲသီးနှံဈေးမှာ ဈေးငြိမ်လျက်ရှိကြောင်းသိရှိရပါသည်။ မတ်ပဲသီးနှံမှာ တစ်ရက်လျှင် ၃၀၀၀အိတ် မှ ၃၅၀၀အိတ်ကြား အရောင်းအဝယ်ဖြစ်ပြီး ကျန်ပဲများမှာ အိတ် ၁၀၀၀  မှ ၁၅၀၀ ကြား အရောင်းအဝယ်ဖြစ်ကြောင်း သိရှိရပါသည်။ ရန်ကုန် ဘုရင့်နောင်ကုန်စည်ဒိုင်သို့ နေ့စဉ်တင်ပို့ရောင်းချလျက်ရှိပြီး တစ်ပတ်အတွင်း အိတ်ရေ(၂၅၀၀၀)ခန့်တင်ပို့နိုင်ကြောင်း လေ့လာသိရှိရပါသည်။

DOCA(ဧရာဝတီ)