ကုန်သွယ်မှုသတင်းများ
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ပခုက္ကူမြို့ပေါ်တွင် ၂၀၂၃ခုနှစ်၊ ဧပြီလ (တတိယပတ်) တွင် အရောင်းအဝယ်ဖြစ်လျက်ရှိသော စားသုံးဆီဈေးနှုန်းများမှာ ပဲဆုံဆီလက်ကားတစ်ပိဿာလျှင် ကျပ် (၁၂၀၀၀)၊ လက်လီတစ်ပိဿာလျှင် ကျပ် (၁၂၅၀၀)၊ နှမ်းဆီလက်ကားတစ်ပိဿာလျှင် ကျပ် (၁၁၅၀၀)၊ လက်လီတစ်ပိဿာလျှင် ကျပ် (၁၂၀၀၀)၊ နှမ်းရောဆီလက်ကားတစ်ပိဿာလျှင် ကျပ် (၉၅၀၀)၊ လက်လီတစ်ပိဿာလျှင် ကျပ်(၁၀၀၀၀)၊ စားအုန်းဆီလက်ကားတစ်ပိဿာလျှင် ကျပ် (၆၈၀၀)၊ လက်လီတစ်ပိဿာလျှင် ကျပ်(၇၀၀၀)၊ နေကြာဆီလက်ကားတစ်ပိဿာလျှင် ကျပ် (၁၂၅၀၀)၊ လက

ဆိပ်ဖြူမြို့၊ ကြက်သွန်နီအရောင်းအဝယ်ဖြစ်လျက်ရှိသော ကုန်စည်ဒိုင်နှင့် ကြက်သွန်နီပွဲရုံများတွင် (၁-၄-၂၀၂၃ မှ ၁၂-၄-၂၀၂၃) ရက်နေ့အထိ ပထမ(၂)ပတ်အတွင်း (နွေ)ကြက်သွန်နီများမှာ တစ်ရက်လျှင် ပျမ်းမျှကြက်သွန်နီကုန်ချိန်ပိဿာ(၄)သောင်းခန့်၊ (၂)ပတ်အတွင်း စုစုပေါင်းပိဿာ(၄)သိန်းခန့် ကုန်စည်ဒိုင်/ပွဲရုံများသို့ ဝင်ရောက်အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရှိရသည်။

ပဲခူးတိုင်းဒေသကြီး ၊ သာယာဝတီခရိုင် ၊ လက်ပံတန်းမြို့နယ် ၊ မိုးအိုင်အုပ်စု ၊ မိုးအိုင်ကျေးရွာရှိ မတ်ပဲစိုက်တောင်သူ ဦးအောင်မင်းနှင့်တွေ့ဆုံ၍ (၂၀.၄.၂၀၂၃)ရက်နေ့ ၊ နံနက် (၁၀: ၀၀) နာရီအချိန်တွင် မတ်ပဲသီးနှံ စိုက်ပျိုးထားမှုအခြေနေ၊ သွင်းအားစုသုံးစွဲမှုအခြေအနေ ၊ ကုန်ကျစရိတ်နှင့် အကျိုးအမြတ် ရရှိမှု အခြေနေများအား တွေ့ဆုံမေးမြန်းခဲ့ပါသည်။
ပဲခူးတိုင်းဒေသကြီး ၊ သာယာဝတီခရိုင်၊ လက်ပံတန်းမြို့နယ်၊ ရန်ကုန်-ပြည် ကားလမ်းမဘေးတွင် ထန်းသီးများ လှိုင်လှိုင်ပေါ်နေပြီဖြစ်ရာ စျေးကောင်းရရှိနေကြကြောင်း၊ ထန်းသီးတစ်လုံးလျှင် ၄၀၀ကျပ်ဖြင့် ထန်းသီး အလုံးအကြီး/အသေးမျှပြီး အခိုင်အလိုက်စျေးပေး၍ရောင်းချရကြောင်း၊ တစ်နေ့လျှင် ထန်းသီး အခိုင် (၂၁၀)ခန့် ၊ အလုံးအရေအတွက်အားဖြင့် (၂၁၀၀)ခန့် ၊ ရန်ကုန်-ပြည်ကားလမ်းမတစ်လျှောက် ဘုရားဖူးများနှင့် ခရီးသွားပြည်သူများဝယ်ယူစားသုံးကြကြောင်း သိရပါသည်။ ထန်းပင်သည် နှစ်ပေါင်း (၁၀၀)ခန့် အသက်ရှည်ပြီး မ
သာယာဝတီခရိုင်တွင် ယခုလ သင်္ကြန်ကာလအပြီး မတ်ပဲဈေးနှုန်းများမှာ အနည်းငယ်မြင့်တက်၍ အရောင်းအဝယ်အေးနေကြောင်း သိရှိရပါသည်။ ယခင်မတ်လ နောက်ဆုံးပတ်က အနိမ့်ဆုံး ပိဿာ (၂၀) တစ်တင်းလျှင် ၆၆၉၀၀ ကျပ်နှင့် အမြင့်ဆုံး ၆၇၀၀၀ ကျပ်သာရှိသော်လည်း ယခု ဧပြီလတတိယပတ်တွင် ပိဿာ (၂၀) တစ်တင်းလျှင် အနိမ့်ဆုံး ၆၇၁၀၀ ကျပ်နှင့် အမြင့်ဆုံး ၆၇၃၀၀ ကျပ်ထိ အရောင်းအဝယ်ဖြစ်ပေါ်နေကြောင်း သိရှိရပါသည်။ ပဲတီစိမ်းဈေးနှုန်းအနေဖြင့် ပိဿာ ၂၀ တစ်တင်းလျှင် မတ်လ နောက်ဆုံးပတ်က ၄၈၀၀၀ ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိပြီး ယ