ကုန်သွယ်မှုသတင်းများ

Powered by Drupal
26 Apr 2023

     အုတ်တွင်းမြို့နယ်အတွင်း ကျေးရွာအုပ်စု (၃၁)အုပ်စုရှိသည့်အနက် ဆောင်းနေကြာ သီးသန့်စိုက်ပျိုးမှုအနေဖြင့် ဝါးတီးကျေးရွာ၊ ခေါင်ရမ်းကျေးရွာ၊ သာဂရကျေးရွာနှင့် ဇီးဖြူသောင်ကျေးရွာတို့တွင် ဆောင်းနေကြာ ၁၀၉ ဧက စိုက်ပျိုးခဲ့ရာ စိုက်ဧကအားလုံး ရိတ်သိမ်းပြီးစီးချိန်တွင် မြေခံရေခံပေါ်မူတည်၍ တစ်ဧကလျှင် အနည်းဆုံး ၉ တင်းမှ အများဆုံး ၁၅ တင်းအထိ ထွက်ရှိကြောင်း သိရပါသည်။

26 Apr 2023

    တောင်ငူမြို့ ညောင်ပင်ဈေးတွင် တညင်းသီးများရောင်းချနေပြီဖြစ်ရာ တောင်ငူမြို့ အရှေ့ဘက် သံတောင်ဒေသထွက် တညင်းသီးများကို တောင်ငူမြို့တွင်လာရောက် ရောင်းချကြခြင်း ဖြစ်ပါသည်။ သံတောင်ဒေသထွက် တညင်းသီးများသည် မတ်လကုန်လောက်တွင်စတင်ပေါ်ပါသည်။ ပေါ်ခါစ တညင်းသီးများမှာ အသီးသေး၍ မရင့်ပါ။ တညင်းသီးရာသီချိန်တွင် မြန်မာလူမျိုးအများစု၏ ထမင်းစားပွဲတွင် ငါးပိရည်နှင့်တွဲဖက်၍ တညင်းသီးကို အတို့အဖြစ် စားသုံးကြပါသည်။ တညင်းသီး ကို ပြုတ်၍လည်းကောင်း၊ ဆားရေစိမ်၍ သော်လည်းကောင်း၊ အစိမ်းစား၍သော်လည်းကောင်း စ

26 Apr 2023

     တောင်ငူမြို့တွင် သင်္ကြန်မတိုင်မီ ဧပြီလ ပထမပတ်က လိမ္မော်သီး တစ်ပိဿာလျှင် ၇၀၀၀ ကျပ် ရှိရာမှ သင်္ကြန်ပြီးသည့် ယခုအပတ်တွင် တစ်ပိဿာလျှင် ၁၀၀၀၀ ကျပ်၊  စပျစ်သီး မှာ ဧပြီလ ပထမပတ်က အလုံးသေး တစ်ပိသာလျှင် ၇၀၀၀ ကျပ်၊ အကြီးအလုံးလှ တစ်ပိဿာလျှင် ၉၀၀၀ ကျပ်ရှိရာမှ ယခုအပတ်တွင် အလုံးသေး တစ်ပိဿာလျှင် ၁၀၀၀၀ ကျပ်၊ အလုံးကြီး အလုံးလှ တစ်ပိဿာလျှင် ၁၂၀၀၀ ကျပ်၊ စတော်ဘယ်ရီသီးမှာ ဧပြီလ ပထမပတ်က တစ်ပိဿာလျှင် ၇၀၀၀ ကျပ်ရှိရာမှ ယခုအပတ်တွင် တစ်ပိဿာလျှင် ၈၀၀၀ ကျပ်ဖြင့် ဈေးနှုန်း မြင့်တက်လာပါသည်။

26 Apr 2023

      မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ပခုက္ကူမြို့ပေါ်တွင် ၂၀၂၃ခုနှစ်၊ ဧပြီလ (တတိယပတ်) တွင် အရောင်းအဝယ်ဖြစ်လျက်ရှိသော စားသုံးဆီဈေးနှုန်းများမှာ ပဲဆုံဆီလက်ကားတစ်ပိဿာလျှင် ကျပ် (၁၂၀၀၀)၊ လက်လီတစ်ပိဿာလျှင် ကျပ် (၁၂၅၀၀)၊ နှမ်းဆီလက်ကားတစ်ပိဿာလျှင် ကျပ် (၁၁၅၀၀)၊ လက်လီတစ်ပိဿာလျှင် ကျပ် (၁၂၀၀၀)၊ နှမ်းရောဆီလက်ကားတစ်ပိဿာလျှင် ကျပ် (၉၅၀၀)၊ လက်လီတစ်ပိဿာလျှင် ကျပ်(၁၀၀၀၀)၊ စားအုန်းဆီလက်ကားတစ်ပိဿာလျှင် ကျပ် (၆၈၀၀)၊ လက်လီတစ်ပိဿာလျှင် ကျပ်(၇၀၀၀)၊ နေကြာဆီလက်ကားတစ်ပိဿာလျှင် ကျပ် (၁၂၅၀၀)၊ လက

26 Apr 2023

      ဆိပ်ဖြူမြို့၊ ကြက်သွန်နီအရောင်းအဝယ်ဖြစ်လျက်ရှိသော ကုန်စည်ဒိုင်နှင့် ကြက်သွန်နီပွဲရုံများတွင် (၁-၄-၂၀၂၃ မှ ၁၂-၄-၂၀၂၃) ရက်နေ့အထိ ပထမ(၂)ပတ်အတွင်း (နွေ)ကြက်သွန်နီများမှာ တစ်ရက်လျှင် ပျမ်းမျှကြက်သွန်နီကုန်ချိန်ပိဿာ(၄)သောင်းခန့်၊ (၂)ပတ်အတွင်း စုစုပေါင်းပိဿာ(၄)သိန်းခန့် ကုန်စည်ဒိုင်/ပွဲရုံများသို့ ဝင်ရောက်အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရှိရသည်။

Pages