လက်ဖက်စိမ်း (Green Tea)နှင့် ကျန်းမာရေး

Powered by Drupal

ကမ္ဘာပေါ်တွင် ရေပြီးလျှင် ဒုတိယသောက်သုံးမှုအများဆုံးမှာ “ရေနွေးကြမ်း” ဖြစ်ပါသည်။ ရေနွေးကြမ်းသည် လက်ဖက်ခြောက်နှင့် ရေနွေးကိုပေါင်းစပ်ထားသည့် လက်ဖက်ရည်ကြမ်းတစ်မျိုး ဖြစ်ပါသည်။ လက်ဖက်စိမ်း(Green Tea)မှာ ကျန်းမာစေသည့်ဇီဝပစ္စည်း ဒြပ်ပေါင်းများစွာပါဝင်ခြင်းကြောင့် ဦးနှောက်၏လုပ်ငန်းဆောင်တာများကို တိုးတက်စေခြင်း၊ အဆီများကို လောင်ကျွမ်းစေနိုင်ခြင်း၊ လက်ဖက်စိမ်းတွင်ပါဝင်သော ဓာတ်တိုးပစ္စည်းကြောင့် ကင်ဆာရောဂါ ဖြစ်ပွားမှုနှုန်း ကျဆင်းစေခြင်း၊ ဦးနှေက်ရဲ့အိုမင်းခြင်းကို ကာကွယ်ပေးခြင်း(အယ်ဇိုင်းမား၊ ပါကင်ဆန်ရောဂါ)၊ သွေးသွင်းသကြားဓာတ်ကို လျော့ချပေးနိုင်လို့ ဆီးချိုရောဂါအမျိုးအစား(၂)မျိုးကို ကာကွယ်ရာမှာ အလွန်ထိရောက်ခြင်း၊ နှလုံးသွေးကြောကျဉ်းရောဂါကို ကာကွယ်ပေးနိုင်ခြင်း၊ ကိုယ်အလေးချိန်ကို လျော့ချပေးနိုင်ခြင်း စသည့်ကျန်းမာရေးအကျိုးကျေးဇူးများ ရရှိနိုင်ပါသည်။ အရသာ၊ လက်ဖက်ခြောက် အရောင်အသွေးနှင့် ရောင်းဈေးတို့မှာလည်း အဆင့်ဆင့်ကွာခြား သွားသည်။ လက်ဖက်စိမ်း(Green Tea) တစ်ပိဿာလျှင် (၂၈၀၀၀) ကျပ်မှ (၃၀၀၀၀) ကျပ် အထိရှိကြောင်း သိရှိရပါသည်။

DOCA(ရှမ်း)