
ဩဇာပင်ကို နတ်တလင်းမြိုနယ် အတွင်းရှိ ကျေးရွာများတွင် မိသားစုစားသုံးရန် ပိုလျှံသည်များကို ရောင်းချရန် တစ်ပိုင်တစ်နိုင် စိုက်ပျိုးကြပါသည် အများအားဖြင့် ဒေသမျိုးများကိုသာ စိုက်ပျိုးကြပါသည်။ နတ်တလင်းမြို့နယ်၊ မြို့မဈေးနှင့် ညနေဈေးတို့တွင် ၂၀၂၆ခုနှစ် ဩဂုတ်လ စတုတ္ထပတ်မှ စတင်ပြီး ရှားဖြူကုန်း ကျေးရွာ၊ သခွတ်ကုန်းကျေးရွာ၊ အနောက်စုကျေးရွာနှင့် ကျေးရွာအချို့မှ ဩဇာသီးများဝင်ရောက် လာကြောင်း သိရှိရပြီး ပေါ်ဦးစ ဩဇာသီး အကြီးတစ်လုံး လျှင် (၁၅၀၀)ကျပ်၊ အလတ်တစ်လုံး (၁၂၀၀)ကျပ်၊ အသေးတစ်လုံး လျှင် (၁၀၀၀)ကျပ်နှုန်း ဖြင့်ဈေးကောင်းရရှိခဲ့ပြီး ယခု၂၀၂၆ခုနှစ်၊ စက်တင်ဘာလ ပထမပတ် အသီးထွက်ရှိမှု များသောအချိန် တွင် ဩဇာသီး အကြီးတစ်လုံး လျှင် (၁၅၀၀)ကျပ်၊ အလတ်တစ်လုံး (၁၂၀၀)ကျပ်၊ အသေးတစ်လုံး လျှင် (၁၀၀၀)ကျပ်နှုန်းဖြင့် ရောင်းချနေကြောင်း၊ တစ်နှစ် တစ်ကြိမ်သာထွက်ရှိသည့် သီးနှံ ဖြစ်သည့်အတွက် စားသုံးသူများက ကြိုက်နှစ်သက်စွာ ဝယ်ယူစားသုံးကြသလို လက်ဆောင်ပေးရန် ဝယ်ယူခြင်း များလည်းရှိ၍ အရောင်းသွက်လျှက်ရှိ ကြောင်းနှင့် ဥက္ကံမြို့၊ သုံးဆယ်မြို့များသို့ တင်ပို့ရောင်းချကြောင်း ဩဇာသီးရောင်းချသူများ ထံမှ သိရပါသည်။
DOCA(ပဲခူး)
