ကုန်သွယ်မှုသတင်းများ
ကန်စွန်းဥကို မြန်မာပြည်၌ နေရာအနှံ့အပြားတွင် စိုက်ပျိုးကြသည်။ ကန်စွန်းဥကို မြေအမျိုးအစားများစွာတွင် စိုက်ပျိုးနိုင်သော်လည်း အော်ဂဲနစ်များစွာပါဝင်သော သဲနှင့်နုန်းရောထားသော သမမြေအမျိုးအစားသည် အကောင်းဆုံးဖြစ်သည်။ ရေဝပ်ခြင်းမရှိစေရန်နှင့် ရေစီးရေလာကောင်းမွန်ရန် လိုအပ်သည်။ မြစ်ရေဝင်သဲနုန်းမြေများတွင် အများဆုံးစိုက်ပျိုးကြသည်။ သို့မှသာ အမြစ်ကောင်းစွာကြီးထွားလာမည်ဖြစ်ပြီး အပင်အဖြစ်သန်၍ အထွက်နှုန်းကောင်းမွန်လာမည်။ ကန်စွန်းညွှန့်နွယ်ကိုင်းကို (၁၀) လက်မခန့်အရှည်၊ အဆစ်လေးဆစ်ပါဝင်သောအညွ

အောင်လံကုန်စည်ဒိုင်ရှိ လုပ်ငန်းရှင်အများစုမှာ သင်္ကြန်ကာလတွင် အပန်းဖြေခရီးသွားခြင်း၊ တရားစခန်းဝင်ခြင်းများကြောင့် သင်္ကြန်အပြီး (၁၉-၄-၂၀၂၃)ရက်နေ့တွင် အောင်လံကုန်စည်ဒိုင် ၌ အရောင်းအဝယ်အနည်းငယ်သာရှိခဲ့ကြောင်း သိရှိရပါသည်။

၂၀၂၃ ခုနှစ် ဧပြီလ တတိယအပတ်အတွင်း ကန့်ဘလူ၊ ကျွန်းလှ မြို့နယ်တွင် အခြေခံစားကုန်များဖြစ်သော ရွှေဘိုပေါ်ဆန်း (အသစ်)တစ်ပြည် (၄၅၀၀) ကျပ်၊ ယခင်အပတ်ထက်ရွှေဘိုပေါ်ဆန်း (အသစ်)ဈေး တစ်ပြည်လျှင် (၇၀၀)ကျပ် မြင့်တက်နေပြီး ဧရာမင်း(အသစ်)တစ်ပြည် (၃၂၀၀) ကျပ် ယခင်အပတ်ထက် ဧရာမင်း (အသစ်)ဈေး တစ်ပြည်လျှင် (၂၀၀)ကျပ် မြင့်တက်နေပြီး အရောင်းအဝယ်ဖြစ်လျက်ရှိသည်။ ကြက်သွန်နီ မြစ်သားအမျိုးအစား(အသစ်) လက်လီဈေးမှာ (အကြီး)တစ်ပိသာ (၁၈၀၀) ကျပ် ၊ (အလတ်) တစ်ပိသာ (၁၅၀၀) ကျပ် ၊ (အသေး)တစ်ပိသာ (၁၃၀၀) ကျပ် ကြက်သွန်
“အသီးမှာသရက်” ဆိုသည့်အတိုင်း သရက်သီးသည် အရွက်နုပြီး သရက်ဖူးသည့်အချိန်မှစ၍ သရက်သီး မှည့်သည့်အချိန်ထိ အသုံးဝင်သောအသီး ဖြစ်ပါသည်။ သရက်သီးတွင် ပတ္တမြားငမောက်၊ စိန်တစ်လုံး၊ ထန်းကုန်း (ခေါ်) သကြား၊ ချစ်ထွန်း၊ ရင်ကွဲမျိုး စသည်ဖြင့် အမျိုးမျိုးရှိကြောင်း၊ သရက်ပင်စိုက်ပျိုးရာတွင် အသီးသီးရန် အချိန်(၃)နှစ်ကြာမြင့်ကြောင်း၊ သရက်သီးမှည့်ချိန်မရောက်မီ လေများတိုက်ခက်၍ ရာသီဉတုအခြေအနေကြောင့် အစေ့မယှက်ခင်နှင့် အစေ့ယှက်ပြီး အချိန်များတွင် အသီးကြွေကျတတ်ကြောင်း၊ သရက်ပင်ကိုင်း ပိုးကျ၍လည်း အ
“ပြည်တွင်းကုန်သွယ်မှုဖွံ့ဖြိုးရေးနှင့် စားသုံးသူကာကွယ်ရေးလုပ်ငန်းများဖြင့် နိုင်ငံ့စီးပွားရေးဖွံ့ဖြိုးတိုးတက်စေရန်”ဆိုသည့် မျှော်မှန်းချက်နှင့်အညီ အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာ စားသုံးသူရေးရာဦးစီးဌာန၊ ကန့်ဘလူမြို့နယ်တာဝန်ခံရုံးအနေဖြင့် သီးနှံဈေးနှုန်း၊ ဈေးကွက်နှင့် စီးဝင်/စီးထွက်မှုအခြေအနေများကို စာရင်းကောက်ယူလျက်ရှိပြီး ကန့်ဘလူမြို့နယ်အတွင်း ဆန်စီးဝင်စီးထွက်အခြေအနေများကို ဖော်ပြလိုက်ရပါသည်။