ကုန်သွယ်မှုသတင်းများ

Powered by Drupal
26 Apr 2023

     မန္တလေးတိုင်းဒေသကြီး၊ကျောက်ဆည်ခရိုင်တွင် ပဲတီစိမ်း (မိုးကြို)ကို ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်တွင် (၇၁၈၈)ဧကစိုက်ပျိုးခဲ့ပြီး ယခု ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်တွင် ပဲတီစိမ်း(မိုးကြို)ကို ကျောက်ဆည် မြို့နယ်တွင်(၁၉၀၄)ဧက ၊ စဉ့်ကိုင်မြို့နယ်တွင်(၂၉၃၉)ဧက နှင့် မြစ်သားမြို့နယ်တွင်(၁၆၁၅)ဧက ၊ စုစုပေါင်း(၆၄၅၈)ဧက စိုက်ပျိုးနိုင်ခဲ့ကြောင်းကို သက်ဆိုင်ရာဌာန၏ စာရင်းများအရသိရှိရပါသည် ။ ပဲတီစိမ်း (မိုးကြို)ကို မတ်လနှင့် ဧပြီလများတွင် စတင်စိုက်ပျိုးကြပြီး ဇွန်လနှင့် ဇူလိုင်လများတွင် စတင်ရိတ်သိမ်းကြောင်းသိ

26 Apr 2023

     မိတ္ထီလာခရိုင်သည် ဆန်စပါး၊ ပဲမျိုးစုံ၊ ဆီထွက်သီးနှံများနှင့် စားဖိုဆောင်သီးနှံဖြစ်သည့် ကြက်သွန်၊ ငရုတ်သီးနှံများကို အများအပြားစိုက်ပျိုးသောခရိုင်တစ်ခုဖြစ်ပါသည်။ ယခုအခါ သီးနှံများဖြစ်ထွန်းအောင်မြင်ရန် အသုံးပြုသည့်သွင်းအားစုဓာတ်မြသြစျေးများ အနည်းငယ်ကျဆင်းနေသည်ကိုတွေ့ရပါသည်။ ဧပြီလ (သင်္ကြန်မတိုင်မီ) ၌ စျေးကွက်အတွင်းဖြစ်ပေါ်နေသော မြေသြဇာစျေးနှုန်းများမှာ အာမို (50 kg) တစ်အိတ်လျှင် (၁၄၂၀၀၀) ကျပ်၊ MC (50 kg)  တစ်အိတ်လျှင် (၁၄၀၀၀၀) ကျပ်၊ ပန်းဖူး ပုလဲ (50 kg) တစ်အိတ်လျှင် (၇၈၀

26 Apr 2023

    ၂၀၂၃ခုနှစ်၊ ဧပြီလ(တတိယပတ်)အတွင်း မိတ္ထီလာမြို့နယ်တွင် အခြေခံစားသောက်ကုန်များဖြစ်သော  ရွှေဘိုပေါ်ဆန်းအသစ်တစ်ပြည်လျှင် ၄၀၀၀ကျပ်နှင့် အဟောင်းတစ်ပြည်လျှင် ၄၅၀၀ ကျပ်၊ ဧမထတစ်ပြည်လျှင် ၃၀၀၀ကျပ်နှင့် ငစိန်တစ်ပြည်လျှင် ၂၅၀၀ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိပါသည်။ စားအုန်းဆီတစ်ပိဿာလျှင် ၆၈၀၀ကျပ်၊ မြေပဲဆီတစ်ပိသာလျှင် ၁၃၀၀၀ကျပ်၊ နှမ်းဆီတစ်ပိဿာလျှင် ၁၃၀၀၀ကျပ်တို့ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိပါသည်။ ကြက်သွန်နီလက်လီတစ်ပိဿာလျှင် ၁၄၀၀ကျပ်၊ ကြက်သွန်ဖြူတစ်ပိဿာလျှင် ၃၇၀၀ကျပ်၊ ချင်းတက်တစ်ပိဿာလျ

25 Apr 2023

အိန္ဒိယနိုင်ငံတွင် ပြောင်းဈေးနှုန်းများမှာ အစိုးရက ထောက်ပံ့ပေးမည့် အခြေခံရည်ညွှန်းဈေးနှုန်းဖြစ်သည့် တစ်ကွင်တယ်လျှင် ၁၉၆၂ ရူပီးအောက်သို့ လျော့နည်းကျဆင်းနေသော်လည်း အရှေ့တောင်အာရှနှင့် ပင်လယ်ကွေ့ဒေသများသို့ သင်္ဘော တင်ပို့ရန်အတွက်မူ အရှိန်ယူနေရဆဲ ဖြစ်ကြောင်း သိရှိရပါသည်။

25 Apr 2023

အိန္ဒိယနိုင်ငံတွင် စားသုံးဆီဝယ်ယူတင်သွင်းသူများသည် နှစ်ပေါင်းများစွာကာလအတွင်း ပထမဆုံးအကြိမ်အနေဖြင့် စားအုန်းဆီတန်ချိန် ၇၅၀၀၀ ဝယ်ယူမည့် စာချုပ်များကို ပယ်ဖျက်ခဲ့ပြီး နေကြာဆီနှင့် ပဲပုပ်ဆီတို့ကဲ့သို့ အဆင့်မြင့်စားသုံးဆီများကို ပြောင်းလဲရွေးချယ်လာကြသည်ဟု အိန္ဒိယဆီလုပ်ငန်းရှင် ၅ ဦးက ပြောကြားကြောင်း ရိုက်တာသတင်းဌာနက ဖော်ပြပါသည်။

Pages