ကုန်သွယ်မှုသတင်းများ
မုံရွာကုန်စည်ဒိုင်တွင် ပဲအမျိုးအစားအလိုက် ဈေးနှုန်းများမှာ ယခင်နှစ် ကာလတူဈေးထက် ယခုနှစ် ပဲမျိုးစုံ၊ အစေ့ထုတ်ပြောင်းနှင့် နှမ်းမျိုးစုံဈေးနှုန်းများ ဈေးပိုကောင်းလျက်ရှိပါကြောင်း မုံရွာကုန်စည်ဒိုင် ဈေးနှုန်းသတင်းများအရ သိရသည်။
မတ်ပဲ
၂၀၂၃ ခုနှစ် ဧပြီလ (တတိယ)အပတ် အတွင်း မုံရွာမြို့နယ်မှ အခြေခံစားကုန်များဖြစ်သော ရွှေဘိုပေါ်ဆန်းဆန်တစ်ပြည် (၃၆၀၀) ကျပ်၊ ဧရာမင်းဆန်တစ်ပြည် (၃၄၀၀) ကျပ်ဖြင့်အရောင်းအဝယ် ဖြစ်လျက်ရှိပါသည်။ စားအုန်းဆီ တစ်ပိဿာလျှင် (၆၇၅၀) ကျပ်၊ မြေပဲဆီတစ်ပိဿာလျှင်(၁၂၅၀၀) ကျပ်၊ နှမ်းဆီ တစ်ပိဿာလျှင် (၁၁၀၀၀) ကျပ်တို့ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိပါသည်။ ကြက်သွန်နီ လက်လီ တစ်ပိဿာလျှင် (၁၅၀၀) ကျပ်မှ (၁၆၀၀) ကျပ်ထိ၊ ကြက်သွန်ဖြူလက်လီ (ဗမာ) တစ်ပိဿာလျှင် (၅၀၀၀) ကျပ်မှ (၆၀၀၀) ကျပ်ထိ၊ ကြက်သွန်ဖြူ (ရှမ်း) တစ်ပ
တမူးနယ်စပ်ကုန်သွယ်ရေးစခန်းအနေဖြင့် ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်အတွက် ကုန်သွယ်မှုလျာထားချက်မှာ ပို့ကုန်ပမာဏ အမေရိကန်ဒေါ်လာသန်းပေါင်း(၇၀.၀၀၀)၊ သွင်းကုန်ပမာဏ အမေရိကန် ဒေါ်လာသန်းပေါင်း(၃.၀၀၀)၊ စုစုပေါင်း ကုန်သွယ်မှုပမာဏ ကျပ်သန်း(၇၃.၀၀၀)ဖြစ်ပါသည်။ တမူး နယ်စပ်ကုန်သွယ်ရေးစခန်းမှ အိန္ဒိယနိုင်ငံသို့ ကုန်သွယ်မှုအနေဖြင့် ၂၀၂၂ခုနှစ်၊ ဧပြီလမှ ၂၀၂၃ခုနှစ်၊ မတ်လ အထိ(၁၂)လတာကာလအတွင်း ပို့ကုန်ပမာဏ အမေရိကန်ဒေါ်လာသန်း(၉.၈၃၈)၊ သွင်းကုန် ပမာဏ အမေရိကန်ဒေါ်လာသန်း(၆.၂၄၈)၊ စုစုပေါင်းကုန်သွယ်မှုပမာဏ အမေ
စစ်ကိုင်းတိုင်းဒေသကြီးမှ ဆန်ပိုဒေသများဖြစ်သော ကလေး၊ ကသာ၊ ကန့်ဘလူနှင့် ရွှေဘိုခရိုင်များအနေဖြင့် ရွှေဘိုခရိုင်၊ ရေဦးခရိုင်၊ ကန့်ဘလူခရိုင်၊ မုံရွာခရိုင်နှင့် ကလေးခရိုင်တို့တွင် စပါး/ဆန်ဈေးနှုန်း အနည်းငယ်တက်နေပြီး၊ ကသာခရိုင်တွင် အရောင်းအဝယ်နည်းပါးနေသဖြင့် ဈေးအေးနေကြောင်း သိရပါသည်။
မိတ္ထီလာခရိုင်တွင် ဆောင်းကြက်သွန်နီကို များစွာစိုက်ပျိုးကြောင်း သိရပြီး၊ ဆောင်းကြက်သွန်နီမှာ သိုလှောင်ကာလကြာချိန်ခံခြင်းကြောင့် ဒေသတွင်းဝယ်လက်သာမက နယ်စပ်ဝယ်လက်များပါ ဝယ်လိုအားရှိကြောင်း သိရသည်။ ဆောင်းကြက်သွန်နီကို နိုဝင်ဘာလနှင့် ဒီဇင်ဘာလများတွင် စတင်ပျိုးထောင်စိုက်ပျိုးခဲ့ပြီး ဧပြီလတွင် ရိတ်သိမ်းကြပါသည်။ စိုက်ပျိုးရာတွင် ကြက်သွန်နီစိုက်တောင်သူများအနေဖြင့် စျေးကွက်သို့ လတ်တလောတင်ပို့မည့်ကုန်ပစ္စည်းအပြင် မျိုးကိုလည်း အလေးထားစိုက်ပျိုးကြရာ ယခုနှစ်မျိုးစံပင်ရိတ်သိမ်းသည့် မ
