ဧရာဝတီတိုင်းဒေသကြီးဆန်စပါး ဈေးကွက်နှင့်စီးဝင်/ စီးထွက်

Powered by Drupal

    ဧရာဝတီတိုင်းဒေသကြီးအတွင်း ပုသိမ်မြို့ဆန်စပါးဈေးကွက်တွင် ဖေဖော်ဝါရီလပထမပတ် အရောင်းအဝယ်သွက်လျက်ရှိပြီး ယခုဖေဖော်ဝါရီလနောက်ဆုံးပတ်တွင် အရောင်းအဝယ်အေးလျက်ရှိကြောင်း ဈေးကွက်မှသိရသည်။ ဧရာဝတီပေါ်ဆန်းစပါး ၁တင်းကျပ် ၃၂၀၀၀/၃၃၀၀၀ဈေး ဆန်တစ် အိတ်လျှင်ကျပ် ၁၁၀၀၀၀/၁၁၅၀၀၀ဈေးနှင့် မနောသုခ ၊မျိုးပွားစပါး၁တင်းကျပ် ၁၈၀၀၀/၁၉၀၀၀ဈေး ဆန်တစ်အိတ်ကျပ် ၆၅၀၀၀/၇၀၀၀၀ ဈေးအတွင်းနှင့် ရွှေသွယ်စပါး၁တင်း ကျပ် ၂၃၀၀၀/၂၄၀၀၀ ဈေး ဆန်တစ်အိတ်ကျပ် ၈၅၀၀၀/၉၀၀၀၀ ဈေးအတွင်းအရောင်းအဝယ်ဖြစ်နေပြီး ယခုလက်ရှိ ရွှေသွယ်စပါး ၁တင်းကျပ် ၂၁၀၀၀/၂၂၀၀၀ ဈေးဖြစ်သွား၍  စပါး၁တင်းကျပ်  ၂၀၀၀ ဝန်းကျင် ဈေးနှုန်းကျဆင်း လျှက်ရှိပြီး ဆန် ဈေးနှုန်းမှာပြောင်းလဲမှုမရှိကြောင်း ပုသိမ်ဆန်စပါးဈေးကွက် အနေဖြင့် ပိုလျှံသည့် ဆန်များကို ရန်ကုန်မြို့သို့ ပြည်တွင်းစားသုံးရန်နှင့်ပြည်ပဈေးကွက်အတွက် အဓိက တင်ပို့လျက်ရှိပြီး အထက်အညာဒေသနှင့်အခြား တိုင်းသို့လည်း တင်ပို့မှုရှိကြောင်း လက်ရှိဈေးကွက်အနေဖြင့် မကြာမီ နွေသီးထပ်၊ရက်၉၀ စပါးများလည်း မကြာမီထွက်ရှိလာမှာဖြစ်ရာ နွေစပါးပေါ်ချိန် စပါးဆန်ဈေးနှုန်းများ ပြောင်းလဲမှုမရှိနိုင်ကြောင်း ဆန်ကုန်သည် များထံမှသိရသည်။

          ဟင်္သာတခရိုင်အတွင်းရှိ ဟင်္သာတ၊ ဇလွန်၊ လေးမျက်နှာ၊ မြန်အောင်၊ ကြံခင်း၊ အင်္ဂပူမြို့နယ်များတွင် ဖေဖော်ဝါရီလပထမပတ်  ဧည့်မထစပါး ၁တင်းလျှင်ကျပ် ၁၄၀၀၀/၁၅၀၀၀ ဝန်းကျင် ဈေး ဆန်၁အိတ် ကျပ် ၇၁၀၀၀ ဈေးအတွင်း အရောင်းအဝယ်ဖြစ်နေပြီး ယခုဖေဖော်ဝါရီလ နောက်ဆုံးပတ် အချို့မြို့နယ် စပါး ၁တင်းကျပ် ၁၆၀၀၀ ဈေးဖြစ်သွားသည့်အတွက် စပါး ၁တင်းကျပ်၁၀၀၀ ဝန်းကျင် ဈေးနှုန်းမြှင့်တက် လျှက်ရှိပြီး မြို့နယ် အလိုက်စပါးအရည်အသွေးဈေးကွက်အခြေအနေပေါ်မူတည်၍ ဈေးနှုန်းကွာခြားမှုရှိကြောင်း ဈေးကွက်မှသိရသည်။

          မြောင်းမြခရိုင်အတွင်းရှိ မြို့နယ်များတွင်ဖေဖော်ဝါရီလဆန်း မိုးဧည့်မထဆန်တစ်အိတ်ကျပ် ၇၅၀၀၀/၈၀၀၀၀ ဈေးမှယခုဆန်တစ်အိတ်ကျပ် ၇၀၀၀၀/၇၅၀၀၀ ဖြစ်သွား၍ ဆန်တစ်အိတ်ကျပ် ၅၀၀၀ ဝန်းကျင်ဈေးနှုန်းကျဆင်းလျှက်ရှိပြီး ဖျာပုံခရိုင်အတွင်းရှိမြို့နယ်များတွင် ပေါ်ဆန်းဆန်တစ်အိတ်ကျပ် ၁၂၄၀၀၀ဈေးမှ ယခုဈေး ၁၁၂၀၀၀ ဖြစ်သွား၍ ဆန်တစ်အိတ်ကျပ်  ၁၀၀၀၀ခန့်နှုန်းကျဆင်းလျှက်ရှိပြီး မိုးဧည့်မထဆန်တစ်အိတ်ယခင်ကျပ် ၈၆၀၀၀မှယခုဈေးကျပ် ၇၆၀၀၀ဖြစ်သွားသည့်အတွက် ဧည့်မထ ဆန်တစ်အိတ်ကျပ် ၁၀၀၀၀ဈေးနှုန်း ကျဆင်းလျှက်ရှိကြောင်းဧရာဝတီတိုင်းဒေသကြီးမှ အခြားတိုင်း ဒေသကြီးများသို့ ကုန်းလမ်းရေလမ်းမှ ဆန်စီးထွက်မှုမှာ ၂၀၂၄ ဒီဇင်ဘာလတွင် အိတ်ရေ ၁၈၇၅၈၇၅ စီးထွက်ခဲ့ပြီး ၂၀၂၅ ဇန်နဝါရီလတွင် အိတ်ရေ ၂၀၁၆၆၄၄ စီးထွက်ခဲ့ရာ ယခင်လထက်အိတ်ရေ ၁၄၀၇၆၉ ပိုမိုစီးထွက်ခဲ့ကြောင်းသိရသည်။

DOCA(ဧရာဝတီ)