ကုန်သွယ်မှုသတင်းများ
တောင်ငူမြို့ ညောင်ပင်လေးဈေးရှိ ဟင်းသီးဟင်းရွက်ဈေးတွင် ငရုပ်သီးစိမ်း (မိုးထောင်သီး) တစ်ပိဿာလျှင် ၄၀၀၀ ကျပ်မှ ၄၅၀၀ ကျပ်အထိ၊ ကုလားအော်သီးစိမ်းမှာ တစ်ပိဿာလျှင် ၆၀၀၀ ကျပ်၊ ခရမ်းသီးဖြူ တစ်ပိဿာလျှင် ၅၅၀ ကျပ် မှ ၆၀၀ ကျပ်အထိဖြင့် ဧပြီလ ပထမပတ်အတိုင်း ဈေးနှုန်းတည်ငြိမ်နေပြီး ခရမ်းသီးညိုမှာ ဧပြီလ (ပထမပတ်)တွင် တစ်ပိဿာလျှင် ၁၁၀၀ ကျပ် မှ ၁၂၀၀ ကျပ်အထိရှိရာမှ သင်္ကြန်ကာလပြီးသည့် ယခုအပတ်တွင် တစ်ပိဿာလျှင် ၁၃၀၀ ကျပ်မှ ၁၅၀၀ ကျပ်ဖြင့် ဈေးနှုန်းအနည်းငယ်မြင့်တက်ပါသည်။
တိုင်းဒေသကြီး/ပြည်နယ်များ၏ စပါးဆန် ဈေးနှုန်းများအား ယခင်နှစ်၊ ယခင်လ၊ ယနေ့ ကာလတူ နှိုင်းယှဉ်ပြုစုတင်ပြအပ်ပါသည်။
တိုင်းဒေသကြီး/ပြည်နယ်များရှိ ကုန်စည်ဒိုင်များတွင် ဖြစ်ပေါ်နေသော မတ်ပဲ၊ ပဲတီစိမ်း နှင့် ပဲစဉ်းငုံ တစ်တန် ဈေးနှုန်းများအား ယခင်နှစ်၊ ယခင်လ၊ ယခင်အပတ်၊ ယခင်နေ့၊ ကာလတူ ဈေးနှုန်းစာရင်းအား နှိုင်းယှဉ်ပြုစု တင်ပြအပ်ပါသည်။
၂၄.၄.၂၀၂၃ ရက်နေ့တွင် တိုင်းဒေသကြီးနှင့်ပြည်နယ် မြို့နယ်အလိုက် ဆန်၊ ဆီ၊ မီးဖိုချောင်သုံးပစ္စည်းများ၊ သားငါး၊ စက်သုံးဆီ၊ ရွှေ၊ ဒေါ်လာ ဈေးနှုန်းများအား အောက်ပါ .pdf တွင် ဝင်ရောက်ကြည့်ရှုနိုင်ပါသည်- ၂၄.၄.၂၀၂၃ ရက်နေ့တွင် တိုင်းဒေသကြီးနှင့်ပြည်နယ် မြို့နယ်အလိုက် ဆန်၊ ဆီ၊ မီးဖိုချောင်သုံးပစ္စည်းများ၊ သားငါး၊ စက်သုံးဆီ၊ ရွှေ၊ ဒေါ်လာ ဈေးနှုန်းများအား အောက်ပါ .pdf တွင် ဝင်ရောက်ကြည့်ရှုနိုင်ပါသည်-
တောင်ငူမြို့ရှိ ဆန်ဆိုင်များတွင် ရွှေဘိုပေါ်ဆန်း တစ်အိတ်လျှင် ယခုလ ပထမပတ်တွင် ၈၉၀၀၀ ကျပ်ရှိရာမှ သင်္ကြန်ကာလပြီးဆုံးသည့် ယခုအပတ်တွင် ၉၀၀၀၀ ကျပ်၊ ဖျာပုံပေါ်ဆန်းမှာ ယခုလ ပထမပတ်တွင် တစ်အိတ်လျှင် ၇၈၀၀၀ ကျပ်ရှိရာမှ သင်္ကြန်ကာလပြီးဆုံးသည့် ယခုအပတ်တွင် တစ်အိတ်လျှင် ၈၃၀၀၀ ကျပ်၊ ဒေသပေါ်ဆန်းမှာ ယခုလ ပထမပတ်တွင် တစ်အိတ် လျှင် ၇၂၀၀၀ ကျပ်ရှိရာမှ သင်္ကြန်ကာလပြီးဆုံးသည့် ယခုအပတ်တွင် တစ်အိတ်လျှင် ၇၅၀၀၀ ကျပ်ဖြင့် ဈေးနှုန်းအနည်းငယ်မြင့်တက်ခဲ့ပြီး ဧည့်မထမှာ တစ်အိတ်လျှင် ၅၈၀၀၀ ကျပ်ဖြင့် ဈေ