ကုန်သွယ်မှုသတင်းများ
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်ရှိ၊ ပြည်မြို့နယ်တွင် နွေစပါးများ စတင်ထွက်ပေါ်နေပြီဖြစ်ပါသည်။ ပြည်ခရိုင်တွင်နွေစပါးစိုက်ဧကပေါင်း ၆၁၂၂၂ ဧက စိုက်ပျိုးပြီး ဆည်ရေရရှိသောမြို့နယ်များမှသာ နွေစပါးကိုစိုက်ပျိုးနိုင်သော်လည်း ပြည်မြို့နယ်တွင် နွေစပါးကို(၁၅၄၅၄) ဧက စိုက်ပျိုးနိုင်ခဲ့သဖြင့် ပြည်ခရိုင် (၆)မြို့နယ်တွင် အများဆုံးစိုက်ပျိုးသည့် မြို့နယ်ဖြစ်ပါသည်။ စိုက်ပျိုးသည့် စပါးမျိုးများမှာ ရတနာတိုးစပါး၊ ရက်(၁၀၀)စပါး၊ ထိုင်းနှံကောက်စပါးမျိုးတို့ဖြစ်ပြီး ပြည်မြို့နယ်အတွင်း

ပြည်တွင်းမွေးမြူရေးလုပ်ငန်းအတွက် အဓိကအစာကုန်ကြမ်းဖြစ်သည့် ဖွဲနု(Rice Bran) ဈေးနှုန်းသည် ယခုနှစ်အတွင်း၌ မြင့်တက်လျှက်ရှိကြောင်း သိရှိရသည်။ စပါးဘေးထွက်ပစ္စည်းဖြစ်သည့် ဖွဲနုသည် ယခင်နှစ်တွင် တစ်ပေါင်လျှင်(၁၀၅-၁၁၀)ကျပ် တစ်အိတ်(ပေါင်၇၀)လျှင် (၇၃၀၀-၇၇၀၀)ကျပ် သာရှိကြောင်း လက်ရှိအချိန်တွင် တစ်ပေါင်လျှင် (၁၉၅-၂၀၀) ကျပ် တစ်အိတ်(ပေါင်၇၀) လျှင် (၁၃၀၀၀-၁၄၀၀၀) ကျပ် အထိ ရှိနေပြီး ဖွဲနုကုန်ကြမ်း အခြေခံပြီးကျွေးသည့် မွေးမြူရေးလုပ်ငန်းများတွင် အခက်အခဲများရှိကြောင်း သိရသည်။

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့နယ်တွင် ငါးရံ့ခြောက်ကို ဒေသထွက်ကုန်တစ်ခုအနေဖြင့် ထုတ်လုပ်ရောင်းချလျက်ရှိပါသည်။ ငါးရံ့ခြောက်ကို ခရီးသွားပြည်သူများအနေဖြင့် လက်ဆောင်ပေးခြင်းအတွက်သော်လည်းကောင်း ကိုယ်တိုင်စားသုံးရန်အတွက်သော်လည်းကောင်း ဝယ်ယူလျက်ရှိ

ယခုနှစ် မတ်လအတွင်းက ထွက်ရှိခဲ့သည့် ဆောင်းမြေပဲများမှာ ယခုတစ်ပတ်အတွင်းမုံရွာ ဈေးကွက်သို့ နယ်အဝင်များခဲ့သလို အရောင်းအဝယ်လည်းဖြစ်ခဲ့ကြောင်း ကုန်သည်များထံမှ သိရှိရပါသည်။ မေလဆန်းပိုင်းမှစ၍ မြန်မာနိုင်ငံသို့ စားအုန်းဆီ အဓိကတင်သွင်းနေသည့် အင်ဒိုနီးရှားနိုင်ငံမှ စားအုန်းဆီပြတ်လပ်မှုကို လျော့ချရန်နှင့် ဈေးနှုန်းများထိန်းထားနိုင်ရန်အတွက် ပြည်ပနိုင်ငံများသို့ စားအုန်းဆီတင်ပို့ရောင်းချမှုအား ရပ်ဆိုင်းခဲ့ပြီးနောက် ပြည်တွင်းစားအုန်းဆီ ဈေးနှုန်းများ မြင့်တက်လာသည့်နှင့် အမျှဒေ

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်သည် ဆောင်းသီးနှံမတ်ပဲ စိုက်ဧက လေးသိန်းကျော် စိုက်ပျိုးပြီး ၊ ပဲသစ်စတင်ထွက်ရှိချိန် ၂၀၂၂ ခုနှစ် ဇန်နဝါရီလမှစ၍ ဟင်္သာတကုန်စည်ဒိုင်တွင် မတ်ပဲတစ်တင်းလျှင် ၄၀၀၀၀ ကျပ်ဝန်းကျင်ဖြင့် အရောင်းအဝယ်ဖြစ်ပြီး ၊ မတ်လနောက်ဆုံးပတ်တွင် ၄၉၇၀၀ ကျပ်ဈေးထိ အမြင့်ဆုံးရရှိခဲ့ပါသည်။ မြန်မာနိုင်ငံမှ မတ်ပဲကို အဓိကဝယ်ယူနေသည့် အိန္ဒိယနိုင်ငံ၏ မတ်ပဲတင်သွင်းခွင့်ကာလကို ၂၀၂၃ ခုနှစ် မတ်လထိတိုးမြှင့်လိုက်ပြီးနောက် မတ်ပဲဈေးမှာ တဖြည်းဖြည်းအေးသွားပြီး ဈေးကျဆင်းလာခဲ့
