ဇီးကုန်းမြို့နယ်တွင် ကြောင်လျှာသီး (အနု)နှင့် ကြောင်လျှာသီး (အရင့်)များ အဝယ်လိုက်

Powered by Drupal

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင် ၊ ဇီးကုန်းမြို့နယ်ရှိ  ကြောင်လျှာသီးသီးနှံ ဈေးကွက် မှာ ဈေးနှုန်းမြင့်တက်နေကြောင်း ကြောင်လျှာသီး ဝယ်ယူရောင်းချနေသူ ထံမှသိရပါသည်။ ကြောင်လျှာ သီး ဈေးကွက်အတွင်းတွင် အသီးနုသာမက အသီးရင့်များကိုပါ ဝယ်ယူမှုများရှိကြောင်း သိရပါသည်။

ဈေးကွက်အတွင်း အသီးနုကို စားသုံးရန်အတွက် ရောင်းဝယ်နေသလို စားလို့ မရတော့တဲ့ ကြောင်လျှာသီး အရင့်များကိုလည်း ကြောင်လျှာသီးအရင့်ကနေ ကြောင်လျှာဆံထုတ်ရန် ဝယ်ယူမှု များရှိပြီး ကြောင်လျှာသီး အရင့်တစ်တောင့်လျှင် ၁၅၀ကျပ်၊ အနုတောင့် တစ်တောင့်လျှင် (၃၀၀ကျပ် မှ၄၀၀ကျပ်)၊ ကြောင်လျှာဆံ နေလှမ်းပြီးသား တစ်ပိဿာလျှင် (၁၅၀၀၀ကျပ်)နှုန်း ရှိကြောင်း သိရပါသည်။ ကြောင်လျှာသီး အထဲရှိအဆံကို ယခင်နှစ်က   ထိုင်းမှဝယ်ယူမှုရှိပြီး ယခုနှစ် တရုတ် ဘက်မှ ဝယ်ယူ၍ တိုင်းရင်းဆေးဝါး ထုတ်လုပ်ရန် ကုန်ကြမ်းအဖြစ် ဝယ်ယူခြင်းဖြစ်ကြောင်း သိရပါ သည်။ အသီးနုကိုတော့ ဒေသတွင်းနှင့် ရန်ကုန်မြို့ တညင်းကုန်းဈေးသို့ တင်ပို့ရောင်းချ ကြောင်းသိရှိ ရပါသည်။  မြန်မာနိုင်ငံတွင် ကြောင်လျှာသီးကို စားစရာဟင်းလျှာ အဖြစ်လည်းကောင်း၊ ဆေးဝါး ဓာတ်စာအဖြစ်လည်းကောင်း၊ စားသုံးလေ့ရှိပြီး စီးပွားဖြစ်စိုက်ခင်းများအနေဖြင့် စိုက်ပျိုးမှုမရှိ သလောက်ရှားပါးပြီး တစ်ပိုင်တစ်နိုင်သာ စိုက်ပျိုးကြကြောင်းသိရသည်။    

DOCA(ပဲခူး)