ကုန်သွယ်မှုသတင်းများ

Powered by Drupal
24 Apr 2023

      ပဲခူးတိုင်းဒေသကြီး ပြည်ခရိုင်အတွင်း မြို့နယ်များရှိ စည်ပင်သာယာဈေးများတွင် (၂၀၂၃) ခုနှစ် ဧပြီလ (တတိယပါတ်)အတွင်း ရောင်းချလျက်ရှိသော အခြေခံစားကုန်များမှာ ဧည့်မထဆန် (သစ်) တစ်ပြည်ကျပ် (၂၃၀၀)၊ ဧည့်မထဆန် (သစ်) (၂၄)ပြည် တစ်အိတ်လျှင် ကျပ် (၅၀၀၀၀) ၊ ကြက်သွန်နီသစ် လက်လီဈေးနှုန်းမှာ (ကြီး) တစ်ပိဿာလျှင် ကျပ် (၁၆၀၀) ၊ (လတ်) တစ်ပိဿာလျှင် ကျပ် (၁၄၀၀) ၊ (အသေး) တစ်ပိဿာလျှင် ကျပ် (၁၂၀၀)၊ ကြက်သွန်ဖြူ လက်လီ (ရှမ်း) တစ်ပိဿာလျှင် ကျပ် (၇၀၀၀) ၊ ပဲနီလေး တစ်ပိဿာလျှင် ကျပ် (၄၀၀၀)၊ နနွင်းတက် တစ်

24 Apr 2023

   ပြည်စျေးကွက်တွင် အရောင်းအဝယ်ဖြစ်သော ခရမ်းချဉ်သီးများမှာ ရှမ်းသီးနှင့် ကိုင်းခရမ်းချဉ်သီးတို့ဖြစ်ပါသည်။ ယခင်က ခရမ်းချဉ်သီးစျေး တစ်ပိဿာလျှင် (၂၀၀၀)ကျပ်သာရှိရာမှ ယခု ဧပြီလနောက်ဆုံးပတ်တွင် ခရမ်းချဉ်သီး တစ်ပိဿာလျှင် (၃၅၀၀)ကျပ် မှ (၄၀၀၀)ကျပ်ထိ မြင့်တက်လာခဲ့ပါသည်။ ခရမ်းချဉ်သီးကို တခြားတိုင်းဒေသကြီးမှ ဝယ်ယူရောင်းချခြင်းနှင့် ရွှေတောင်မြို့နယ်မှ ဝယ်ယူရောင်းချကြောင်း သိရပါသည်။ ယခုအချိန်တွင် ခရမ်းချဉ်သီးစျေး မြင့်တက်လာခြင်းမှာ ခရမ်းချဉ်သီး စိုက်ပျိုးသည့်ရာသီချိန် မဟုတ်သည့်အတွက် ခရမ

24 Apr 2023

    ပြည်ခရိုင်တွင် နွေစပါးစိုက်ပျိုးပြီးစီးမှုအခြေအနေမှာ (၂၀၂၂-၂၀၂၃) ခုနှစ်တွင် ပြည်မြို့နယ်အနေဖြင့် (၁၆၄၄၀) ဧက၊ ပေါက်ခေါင်းမြို့နယ်တွင် (၁၀၄၂၄)ဧက၊ ပန်းတောင်းမြို့နယ်တွင် (၉၃၉)ဧက၊ ရွှေတောင်မြို့နယ်တွင် (၁၉၁၂)ဧက စိုက်ပျိုးပြီး ပြည်ခရိုင်အနေဖြင့် စုစုပေါင်း (၃၀၇၁၅) ဧက စိုက်ပျိုးပြီး ဖြစ်ပါသည်။ နွေစပါးအနေဖြင့် ရတနာတိုး စပါးတစ်မျိုးသာ စိုက်ပျိုးပြီး (၂၀၂၃)ခုနှစ် မတ်လပထမပတ်တွင် စတင်စိုက်ပျိုးကာ မေလ(ပထမပတ်)တွင် စတင်ရိတ်သိမ်းမည်ဖြစ်၍ ယခုလက်ရှိ နွေစပါးရတနာတိုးမျိုးစေ့ (၁)တင်းလျှင်

24 Apr 2023

      ပြည်စျေးကွက်သို့ သင်္ကြန်ပြီးစ ပွဲရုံများ စတင်ဖွင့်လှစ်သည့်အချိန်တွင် မြေပဲဆန်အိတ်များ နေ့စဉ်ဝင်ရောက်လျက်ရှိပါသည်။ ဝင်ရောက်လာသော နယ်/မြို့များမှာ တောင်ကုတ်၊ ကံမ၊ရွှေတောင်(ကျွန်းတဲ) နှင့် ပေါက်ခေါင်းဘက်မှ တစ်အိတ်လျှင် ပိဿာချိန် (၃၀)ဝင်အိတ် (၆၀၀-၇၀၀)ခန့် ဝင်ရောက်လာတာ တွေ့ရပါသည်။ ဝင်ရောက်လာသော မြေပဲဆန်များဖြစ်သော လုံးဆန် (အနီ)ကို မန္တလေးဝယ်လက်များနှင့် မြို့တွင်း ပဲကြော်ဖိုသမားများက ဝယ်ယူမှုရှိသလို လုံးဆန် (အဖြူ)ကို မြဝတီသို့ တင်ပို့ရန် ဝယ်ယူမှုရှိသဖြင့် နေ့စဉ်အရောင်းအဝယ

24 Apr 2023

     (၂၀၂၂-၂၀၂၃)ခု ဘဏ္ဍာနှစ်တွင် ပြည်ခရိုင်အတွင်းရှိ မြို့နယ်များအနေဖြင့် ကုလားပဲသီးနှံ စိုက်ပျိုးထွက်ရှိမှု အခြေအနေမှာ ပြည်မြို့နယ်တွင် (၃၀၆) ဧက စိုက်ပျိုးထားရှိ၍ (၁၃၇)ဧက ရိတ်သိမ်းပြီးဖြစ်ကာ တင်း(၂၀၀၀)ကျော် ထွက်ရှိပြီး အထွက်နှုန်းအနေဖြင့် (၁၄.၆၅)တင်း ထွက်ရှိကြောင်း၊ ပန်းတောင်းမြို့နယ်တွင် (၉၆၀၆)ဧက စိုက်ပျိုးနိုင်ခဲ့ပြီး (၂၃၁၆) ဧက ရိတ်သိမ်းပြီး ဖြစ်ကာ တင်းပေါင်း (၃၃၀၀၀)ကျော်ထွက်ရှိပြီး အထွက်နှုန်းအနေဖြင့် (၁၄.၅၆) တင်း ထွက်ရှိကြောင်း၊ ရွှေတောင်မြို့နယ်တွင် (၂၄၂)ဧက စိုက်ပျိုး

Pages