နတ်တလင်းမြို့နယ်ရှိ ဈေးများတွင်ရောင်းချနေသော ငါး ဈေးနှုန်းများ

Powered by Drupal

နတ်တလင်းခရိုင် ၊ နတ်တလင်းမြို့ ၊ မြို့မဈေး၊ အာရုံဈေးနှင့် ညဈေးတို့တွင် ငါးကြင်း ၊ ငါးခူ၊ ငါးရံ့ ၊ ငါးဇရိုင်းစသည့် ငါးများကိုရောင်းချလျက်ရှိပါသည်။

၂၀၂၄ ခုနှစ် ဖေဖေါ်ဝါရီလ တတိယပတ်တွင် ရောင်းချနေသော ငါးဈေးနှုန်းများမှာ ရန်ကုန် ငါးကြင်း တစ်ပိဿာ (၂၂၀၀၀)ကျပ် ၊ ငါးကြင်းဖြူ တစ်ပိဿာ (၂၄၀၀၀)ကျပ် ၊ အင်းမငါးကြင်း တစ်ပိဿာ (၁၅၀၀၀) ကျပ် ၊ ငါးခူ တစ်ပိဿာ (၂၀၀၀၀)ကျပ် ၊ငါးရံ့ တစ်ပိဿာ (၁၅၀၀၀)ကျပ် ၊ ငါးဇရိုင်းတစ်ပိဿာ (၁၀၀၀၀)ကျပ်၊ ငါးမွှေထိုး တစ်ပိဿာ (၁၅၀၀၀)ကျပ် ၊ ငါးကြင်းခြစ် တစ်ပိဿာ (၂၀၀၀၀)ကျပ် ၊ ငါးဖယ်ခြစ်တစ်ပိဿာ (၂၅၀၀၀)ကျပ် ၊ ငါးကျည်းတစ်ပိဿာ (၂၀၀၀၀)ကျပ် နှုန်းများဖြင့် ရောင်းချလျက်ရှိပြီး ဇန်နဝါရီလ နောက်ဆုံးပတ်တွင် ရောင်းချနေသော ငါးဈေးနှုန်း များနှင့် နှိုင်းယှဉ်ပါက တချို့ငါးဈေးနှုန်းများကပြောင်းလဲမှုမရှိဘဲ ငါးကြင်းဖြူ ဈေးနှုန်းများသည် အနည်းငယ် မြင့်တက်နေကြောင်း သိရှိရပါသည်။

ယခုအချိန် ရာသီပေါ်ငါးများဖြစ်ကြသော ငါးသလောက် တစ်ပိဿာ (၃၀၀၀၀)ကျပ်နှင့် ငါးဘတ် တစ်ပိဿာ ဈေးနှုန်းမှာ (၁၅၀၀၀)ကျပ်ဖြင့် ရောင်းချနေကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)