ဗီယက်နမ်နိုင်ငံ Hai Phong ဆိပ်ကမ်းမြို့တွင် ‌ထောက်ပံ့ပို့ဆောင်ရေးစီမံကိန်း စတင်သည့် တောင်ကိုရီးယားလုပ်ငန်း

Powered by Drupal

          တောင်ကိုရီးယားနိုင်ငံမှ Jeli Group သည် Hai Phong ဆိပ်ကမ်းမြို့ရှိ Nam Dinh Vu စက်မှုဇုန်တွင် Jeli ထောက်ပံ့ပို့ဆောင်ရေး ၁ စီမံကိန်း စတင်ဆောက်လုပ်ခြင်း အခမ်းအနား ကို ဖေဖော်ဝါရီလ ၂၅ ရက်နေ့က ကျင်းပပြုလုပ်ခဲ့ပါသည်။ Jeli Group ကို ၁၉၇၈ တွင် စတင် တည်ထောင်ခဲ့ပြီး တောင်ကိုရီးယားနိုင်ငံ၏ ၁၅ ခုမြောက်အကြီးမားဆုံး ဆောက်လုပ်ရေး လုပ်ငန်းဖြစ်ကြောင်း သိရပါသည်။ Jeli Group ၏ ဘဏ္ဍာရေးမှူးချုပ်ဖြစ်သူ Kim Eun-sook က Jeli ထောက်ပံ့ပို့ဆောင်ရေး ၁ စီမံကိန်းသည် ဗီယက်နမ်တွင် ထောက်ပံ့ပို့ဆောင်ရေးရုံ တစ်ခုအဖြစ်သာမက ထောက်ပံ့မှုကွင်းဆက်နှင့် ဖြန့်ဖြူးရေးကဏ္ဍတွင် ခိုင်မာသောအခြေခံ အဆောက်အအုံအဖြစ် ပံ့ပိုးပေးနိုင်မည်ဟု ပြောကြားခဲ့ပါသည်။ ခေတ်အမီဆုံးထောက်ပံ့ ပို့ဆောင်ရေးစနစ်နှင့် ထိရောက်သော ထောက်ပံ့မှုကွင်းဆက်စီမံခန့်ခွဲမှုဖွဲ့စည်းပုံနှင့်အတူ ထိုစီမံကိန်းသည် ထောက်ပံ့မှုကွင်းဆက်ဝန်ဆောင်မှု ပိုမိုမြန်ဆန်တိကျခြင်း ကုန်ကျစရိတ် လျှော့ချခြင်းနှင့် ယှဉ်ပြိုင်နိုင်စွမ်းတိုးမြှင့်ခြင်းတို့ကို ပံ့ပိုးပေးနိုင်မည်ဟု သိရပါသည်။ ထိုစီမံကိန်းသည် ဒေသတွင်းအလုပ်အကိုင်အခွင့်အလမ်းဖန်တီးခြင်းနှင့် စီးပွားရေးဖွံ့ဖြိုး တိုးတက်မှုမြှင့်တင်ရေးတို့တွင် အပေါင်းလက္ခဏာဆောင်သော သက်ရောက်မှုကိုရရှိစေမည် ဟု သိရပါသည်။ Hai Phong စီးပွားရေးဇုန်အာဏာပိုင်အဖွဲ့၏အကြီးအကဲဖြစ်သူ Le Trung Kien က Hai Phong သည် အစိမ်းရောင်၊ ဂေဟဗေဒနှင့် စက်ဝန်းပုံစက်မှုဇုန်များဖွံ့ဖြိုး တိုးတက်ရန် ရည်ရွယ်ထားကြောင်း ပြောကြားခဲ့ပါသည်။ ၂၀၂၅ ခုနှစ်တွင် Hai Phong သည် များစွာသောစက်မှုဇုန်များကို အစိမ်းရောင်စက်မှုဇုန်များအဖြစ် ပြောင်းလဲနိုင်ရန် မျှော်လင့်ရ ကြောင်း သိရပါသည်။ Hai Phong တွင် လတ်တလော၌ နိုင်ငံနှင့်ဒေသပေါင်း ၄၂ ခုမှ မတည်ရင်းနှီးမြှုပ်နှံမှုတန်ဖိုး အမေရိကန်ဒေါ်လာ ၄၀ ဘီလီယံ ရှိသော  ပြည်ပတိုက်ရိုက် ရင်းနှီးမြှုပ်နှံမှု ၁၀၀၀ ကျော်ရှိကြောင်း သိရပါသည်။ တောင်ကိုရီးယားနိုင်ငံသည် မတည် ရင်းနှီးမြှုပ်နှံမှုတန်ဖိုး အမေရိကန်ဒေါ်လာ ၁၃ ဘီလီယံရှိသော စီမံကိန်း ၁၁၁ ခုဖြင့် ထိပ်ဆုံး တွင်ရပ်တည်နေကြောင်း သိရပါသည်။

DOCA(ရန်ကုန်)