
ဗီယက်နမ်ကုန်သွယ်မှုမြှင့်တင်ရေးအေဂျင်စီ (VIETRADE) သည် ၂၀၂၅ အမျိုးသား ကုန်သွယ်မှုမြှင့်တင်ရေးပရိုဂရမ်ကိုအကောင်အထည်ဖော်ရန်အတွက် ဂျပန်နိုင်ငံတွင် ကျင်းပ မည့် World Expo Osaka 2025 တွင် ပါဝင်ဆင်နွှဲရန် ကုန်သွယ်ရေးကိုယ်စားလှယ်အဖွဲ့ ဖွဲ့စည်းလျှက်ရှိကြောင်း သိရပါသည်။ ထိုကုန်သွယ်ရေးကိုယ်စားလှယ်အဖွဲ့တွင် ဗီယက်နမ် အေဂျင်စီများ၊ အဖွဲ့အစည်းများနှင့် စီးပွားရေးလုပ်ငန်းများမှ ကိုယ်စားလှယ် ၂၀ မှ ၂၅ ဦးအထိ ပါဝင်ရန် မျှော်လင့်ရကြောင်း သိရပါသည်။ မေလ ၂၄ ရက်နေ့မှ ဇွန်လ ၁ ရက်နေ့အထိ ကိုယ်စားလှယ်အဖွဲ့သည် ကုန်သွယ်မှုမြှင့်တင်ရေးလှုပ်ရှားမှုများဆောင်ရွက်ရန် Osaka၊ Aichi နှင့် Tokyo မြို့များသို့သွားရောက်လည်ပတ်မည်ဟု သိရပါသည်။ ထိုပရိုဂရမ်သည် ဗီယက်နမ်၏ အရည်အသွေးမြင့်မားသော ကုန်စည်နှင့်ဝန်ဆောင်မှုများကို ဂျပန်စီးပွားရေး လုပ်ငန်းများနှင့် မိတ်ဆက်ပေးရန်ရည်ရွယ်ကြောင်း သိရပါသည်။ ထို့ပြင် ၎င်းသည် စီးပွားရေးဆွေးနွေးပွဲများမှ တစ်ဆင့် စဉ်ဆက်မပြတ် မိတ်ဖက်ဖွဲ့စည်းရန်နှင့် ဗီယက်နမ် လုပ်ငန်းများနှင့် ဂျပန်ရှိအဖွဲ့အစည်းများ၊ သွင်းကုန်လုပ်ငန်းရှင်များ၊ ဖြန့်ဖြူးရေးသမားများ၊ လက်ကား ရောင်းချသူများ၊ လက်လီရောင်းချသူများနှင့် ကုန်ထုတ်လုပ်သူများကြား တိုက်ရိုက် အစည်း အဝေးများ လွယ်ကူချောမွေ့စေရန် ရည်ရွယ်ကြောင်းလည်း သိရပါသည်။ ပရိုဂရမ်သည် ဗီယက်နမ် စီးပွားရေးလုပ်ငန်းများနှင့် အမှတ်တံဆိပ်များ နိုင်ငံတကာစင်မြင့် ထက်တွင် မြှင့်တင်ရန်အတွက် ရွှေရောင်အခွင့်အလမ်းတစ်ခု အဖြစ်ဆောင်ရွက်ပေးနိုင် ကြောင်း သိရပါသည်။ ထို့ပြင် ၎င်းသည် စီးပွားရေးကဏ္ဍများ၊ စီးပွားရေးနှင့် ရင်းနှီးမြှုပ်နှံမှု ပံ့ပိုးသည့်အဖွဲ့အစည်းများ၊ စက်မှုဇုန်များအတွက် တံခါးဖွင့်လှစ်ပေးနိုင်ကြောင်း သိရပါသည်။ ဂျပန်သို့တင်ပို့ရန်အားကောင်းသောအလားအလာရှိသည့်ပို့ကုန်များတွင် စက်ပစ္စည်းများ၊ စိုက်ပျိုးမွေးမြူရေးထုတ်ကုန်များ၊ အစားအစာများ၊ ပရိဘောဂများ၊ သစ်ထုတ်ကုန်များ၊ ပလတ်စတစ်များ၊ အရုပ်များ၊ အဝတ်အထည်များ၊ ဖိနပ်များ၊ လက်မှုပစ္စည်းများ၊ သတင်း အချက်အလက်နည်းပညာ၊ အဆင့်မြင့်နည်းပညာ၊ ဒစ်ဂျစ်တယ်အသွင်ကူးပြောင်းခြင်းနှင့် အစိမ်းရောင်နည်းပညာတို့ပါဝင်ကြောင်း သိရပါသည်။
DOCA(ရန်ကုန်)