
TikTok သည် ထိုင်းနိုင်ငံတွင် ဘတ် ၃၀၀ ဘီလီယံပတ်လည် ရင်းနှီးမြှုပ်နှံရန် အစီ အစဉ်ကိုကြေညာခဲ့ပြီး နိုင်ငံအား အာဆီယံနည်းပညာအချက်အချာဖြစ်လာရန် ကူညီပေးမည် ဟု သိရပါသည်။ ထိုအာမခံချက်ကို TikTok အတွက် Public Policy ဒုတိယဥက္ကဌဖြစ်သူ Helena Lersch နှင့် ထိုင်းဝန်ကြီးချုပ် Paetongtarn Shinawatra တို့၏ ဘန်ကောက်မြို့ တွင် ဖေဖော်ဝါရီလ ၂၈ ရက်နေ့က ဆွေးနွေးမှုအတွင်း ရရှိခဲ့ခြင်းဖြစ်ကြောင်း အစိုးရပြောခွင့်ရ ပုဂ္ဂိုလ် Jirayu Houngsub ကပြောကြားခဲ့ပါသည်။ Ms Lersch သည် ထိုင်းနိုင်ငံတွင် ရင်းနှီး မြှုပ်နှံမှုနှင့် လုပ်ငန်းလည်ပတ်မှုများအတွက် ထိုင်းအစိုးရ၏ပံ့ပိုးမှုကို ကျေးဇူးတင်ကြောင်း ပြောကြားခဲ့ပါသည်။ တရုတ်အခြေစိုက်ကုမ္ပဏီသည် ထိုင်း၏ နည်းပညာအခြေခံအဆောက် အအုံ အားကောင်းစေရန် ရည်ရွယ်၍ လာမည့်ငါးနှစ်အတွင်း အမေရိကန်ဒေါ်လာ ၈.၈ ဘီလီယံ( ဘတ် ၃၀၀ ဘီလီယံ) ရင်းနှီးမြှုပ်နှံမည်ဟု သိရပါသည်။ ထိုထဲတွင် ထိုင်းနှင့် အရှေ့ တောင်အာရှတွင် အသုံးပြုသူများအတွက် အချက်အလက်စီမံခန့်ခွဲမှု တိုးတက်ရန် အချက် အလက်လက်ခံသည့်စင်တာ တည်ထောင်ရန်ပါဝင်ကြောင်း သိရပါသည်။ Mr Jirayu က ဆွေးနွေးမှုများအတွင်း အစိုးရသည် မီဒီယာကျွမ်းကျင်မှုမြှင့်တင်ခြင်း၏ အရေးပါမှုကို အသား ပေးပြောကြားခဲ့ပြီး Ms Paetongtarn သည် သတင်းမှားများနှင့် အွန်လိုင်းလိမ်လည်မှုများကို ဖြေရှင်းရန် TikTok နှင့် ပူးပေါင်းဆောင်ရွက်ရန် ဆန္ဒရှိကြောင်း ဖော်ပြခဲ့သည်ဟု သိရ ပါသည်။ TikTok မှ အလုပ်အမှုဆောင်အဖွဲ့ဝင်များကလည်း စားသုံးသူကာကွယ်ရေးနှင့် အွန်လိုင်းခြိမ်းခြောက်များနှင့်ပတ်သတ်၍ နားလည်သဘောပေါက်မှုမြှင့်တင်ရန်ရည်ရွယ်၍ ဒစ်ဂျစ်တယ်ကျွမ်းကျင်တတ်မြောက်မှု မြှင့်တင်မှု campaign များ ပြုလုပ်ရန်နှင့် စောင့်ကြည့် ရန် အစိုးရနှင့်ပူးပေါင်းဆောင်ရွက်သွားမည်ဟု အတည်ပြုခဲ့ကြောင်း သိရပါသည်။ ထိုပူးပေါင်း ဆောင်ရွက်မှုသည် ထိုင်းနိုင်ငံ၏ စီးပွားရေးကိုအရှိန်မြှင့်တင်ရန် ဒစ်ဂျစ်တယ်ကဏ္ဍတွင် Public-Private မိတ်ဖက်ဖွဲ့မှု အားကောင်းစေရန် သိသာသောခြေလှမ်းတစ်ရမ်ဖြစ်ခဲ့ကြောင်း သိရပါသည်။ ထိုင်းဝန်ကြီးချုပ်သည် ထိုင်းနိုင်ငံတွင် အချက်အလက်လက်ခံသည့်စင်တာ တည်ထောင်သည့်အတွက် TikTok ကိုကျေးဇူးတင်ကြောင်းနှင့် TikTok Shop platform မှတစ်ဆင့် ထိုင်းထုတ်ကုန်များကို ကြေညာမြှင့်တင်ရန်အားထုတ်မှုများအတွက် အမွှမ်းတင် ပြောကြားခဲ့ပါသည်။ ထိုင်းနိုင်ငံတွင် TikTok အသုံးပြုသူ သန်း ၅၀ ကျော်ရှိပြီး TikTok Shop Account အသုံးသူ ၃ သန်းကျော်ရှိကြောင်း သိရပါသည်။ ကုမ္ပဏီတွင် ထိုင်းဝန်ထမ်း ၁၀၀၀ ကျော်ရှိကြောင်း သိရပါသည်။ ထိုင်းဝန်ကြီးချုပ်က ကုမ္ပဏီအား ဖျော်ဖြေရေးသက်သက် သာမက အလုပ်အကိုင်ဖန်တီးခြင်းနှင့် ယဉ်ကျေးမှုဖလှယ်ခြင်းတို့တွင် အဓိကကဏ္ဍ၌ပါဝင် ပေးလျှက်ရှိသည့်အတွက် ချီးကျူးပြောကြားခဲ့ပါသည်။
DOCA(ရန်ကုန်)