အသေးအဖွဲမှသည်ထုတ်လုပ်မှုနည်းစနစ်မှန်လျှင်ရွှေဖြစ်သည်

Powered by Drupal

          ကုန်စည်နှင့်ဝန်ဆောင်မှုများတွင်ကုန်စည်ထုတ်လုပ်မှုကွင်းဆက် နှင့် ဝန်ဆောင်မှု၏ မှန်ကန်ပြည့်ဝသောသတင်းအချက်အလက်များသည် စားသုံးသူများ၏ လူမှုဘဝမှန်ကန်လုံခြုံ စေရန်အဓိကအချက်ဖြစ်ပါသည်။ ကုန်စည်ထုတ်လုပ်ရာတွင် နည်းလမ်းမှန်ကန်၍ အဆင့်မြင့် နည်းပညာအသုံးပြုမှု ထွန်းကားစေခြင်း၊ ဈေးကွက်အတွင်းကုန်အညွှန်းအမှတ်အသား နှင့် ပြည့်စုံသောကုန်စည်များတိုးပွားစေခြင်း၊သိုလှောင်ရောင်းဝယ်သည့် စနစ်ကောင်းမွန်စေရန် ကျွန်တော်တို့စားသုံးသူရေးရာဦးစီးဌာနမှ စီမံချက်များဖြင့် မြေပြင်ကွင်းဆင်းစစ်ဆေးလျက်ရှိ ပါသည်။

          ထိုသို့မြေပြင်ကွင်းဆင်းစစ်ဆေးရင်း အသေးအဖွဲကုန်ကြမ်းမှ ထုတ်လုပ်မှုနည်းစနစ် မှန်ကန်အဆင့်မြင့်လျှင် ဆန်းသစ်သောနိုင်ငံတကာဈေးကွက်ဝင်ထုတ်ကုန်များ ထုတ်လုပ်ပြီး ရွှေဖြစ်နိုင်ကြောင်း လေ့လာတင်ပြချင်ပါသည်။

          ကျွန်တော်တို့ရှမ်းပြည်နယ်နှင့် မြန်မာနိုင်ငံအနှံ့အပြားတွင် ချင်း(ဂျင်း)၊ ပူစီနန်၊ ဖက် ယားပင်၊ ချဉ်ပေါင်သီး၊ ဗလရှင့်(ပက်ပါမင့်)၊ ဆေးမြင်းခွာရွက်၊ အောင်မဲညိုပွင့်၊ စမုံစပါး၊ ပဲနံသာ၊ ငါးအူသီး၊ ရက်ဘယ်ရီ၊ ထပ်တရာပန်း စသည့်စားဖိုဆောင်သီးနှံနှင့် ဘယဆေးပင်များ စိုက်ပျိုးကြသလို အလေ့ကျပေါက်ရောက်မှုများလည်းတွေ့ရှိရပါသည်။

          ထိုကဲ့သို့သော ဈေးကွက်တန်ဖိုးနည်းပါးသော ကုန်ကြမ်း သီးနှံများကိုထုတ်လုပ်မှုနည်း စနစ်မှန်ကန်စွာအဆင့်ဆင့် သန့်စင်အခြောက်ခံထုပ်ပိုး၍ ဆန်းသစ်သည့် အဆင့်မြင့် ထုတ်ကုန် တစ်မျိုးအဖြစ် ထုတ်လုပ်ပြီး ဂျပန်နှင့် ဂျာမဏီနိုင်ငံများသို့ တင်ပို့နေကြောင်း၊ ကျန်းမာရေး အထောက်အကူပြုလ္ဘက်ရည်ထုတ်လုပ် တင်ပို့ ရောင်းချ၍ပြည်တွင်း၌ အသုံးပြု နေကြောင်းသိရပါသည်။တောင်သူ များနှင့် အကျိုးတူပေါင်းစပ်၍ ကန်ထရိုက် လယ်ယာ စနစ်ဖြင့် ချင်း(ဂျင်း)၊ ပူစီနံ၊ ပဲနံသာ၊ ချဉ် ပေါင်သီး၊ ဆေးမြင်းခွာရွက်၊ ထပ်တရာပန်း၊ ဗလရှင့် (ပက်ပါမင့်)၊ စမုံစပါး စသည်တို့ကိုမျိုးစေ့ နှင့် နည်းပညာများပံ့ပိုးကူညီ၍ စိုက်ပျိုးထုတ် လုပ်နေကြောင်းသိရပါသည်။

          ဂျင်း 1kg ကို ၃၀၀၀ကျပ်နှင့် ကန်ထရိုက်စနစ်ဖြင့် ဝယ်ယူ၍ အဆင့်ဆင့်သန့်စင်ခြောက် ခံပြီး ဂျာမဏီနိုင်ငံသို့ 1kg လျှင် ၂၈၀၀၀ကျပ်ဖြင့် ကုမ္ပဏီမှတဆင့် တင်ပို့နေကြောင်း သိရပါ သည်။ ထို့အတူ ပူစီနံကို 1kg လျှင် ၁၂၀၀ကျပ်ဖြင့်ဝယ်ယူပြီး 1kg ကို၁၅.၆ ဒေါ်လာဖြင့်၎င်း ဖက်ယားပင်ကို ၁၂၀၀ကျပ်မှ ၁၅၀၀ကျပ် ဖြင့်ဝယ်ယူပြီး ကုန်ချောထုတ်ပိုးသန့်စင်ပြီး A Grade 1kg ၁၉.၉၇ ဒေါ်လာနှင့် B Grade ကို၁၃.၁၅ ဒေါ်လာဖြင့်ရောင်းချနေကြောင်း ချဉ်ပေါင်သီး 1kg ကို၁၅၀၀ကျပ်ဖြင့်ဝယ်ယူ၍၁၃.၁၅ဖြင့်၎င်း၊ ဗလရှင့်(ပက်ပါးမင့်) ကို၁၅၀၀ ကျပ်ဖြင့် ဝယ်ယူ၍ 1kg ၁၄ ဒေါ်လာရရှိကြောင်း၊ ဆေးမြင်းခွာရွက်ကို 1kg ၁၃၀၀ကျပ်ဖြင့်ဝယ်ယူ၍1kg ၁၅ ဒေါ်လာရရှိကြောင်း၊ အောင်မဲညိုပွင့်ကို 1kg ၄၀၀၀ကျပ်ဖြင့်ဝယ်ယူ၍ 1kg ၃၀ဒေါ်လာခန့် ရရှိကြောင်း၊ စမုံစပါးတစ်ပိဿာ ၈၀၀၀ကျပ်ဝယ်ယူ၍ ၁၀.၅ဒေါ်လာ ရရှိကြောင်း၊ ပဲနံသာ တစ်ပိဿာ ၅၀၀၀ကျပ်ဖြင့် ဝယ်ယူ၍1kg ကို၇ ဒေါ်လာရရှိကြောင်း၊ ငါးအူသီးခေါ် Red Barrey သီးကို 1kg ၂၀၀၀ကျပ် ဝယ်ယူ၍ 1kg ၂၅ဒေါ်လာ ရရှိနိုင်ကြောင်းနှင့် ထပ်တရာပန်း 1kg ၁၇၀၀ကျပ် ဝယ်ယူ၍ ၄၀ဒေါ်လာခန့် ရရှိနိုင်ကြောင်းလေ့လာသိရှိရပါသည်။ သီးနှံအမျိုးအစား အလိုက်ကုန်ကြမ်းမှ ကုန်ချောထုတ်လုပ်ရာတွင် ကုန်ကြမ်းမှကုန်ချောရရှိမှု ရာခိုင်နှုန်း ကွာ ခြားသော်လည်းအကျိုးအမြတ်မှာ တွက်ခြေကိုက်ကြောင်းသိရှိရပါသည်။

          ထို့ကြောင့်နိုင်ငံတကာဈေးကွက်လိုအပ်ချက်ကိုလေ့လာသိရှိနိုင်သော သတင်းအချက် အလက်နှင့် ထုတ်လုပ်မှုနည်းစဉ်မှန်ကန်၍ အဆင့်မြင့်လျှင် ဆန်းသစ်သည့်ထုတ်ကုန်များ ထုတ်လုပ်၍နိုင်ငံအတွက် နှင့် စီးပွားရေးလုပ်ငန်းရှင်များအတွက် အကျိုးကျေးဇူးတိုးပွားနိုင် ကြောင်းလေ့လာသုံးသပ်တင်ပြအပ်ပါသည်။

DOCA(ရှမ်း)