ကုန်သွယ်မှုသတင်းများ
မွန်ပြည်နယ်၊ ပေါင်မြို့နယ်၌ ကုန်ဈေးနှုန်းများတည်ငြိမ်ကျဆင်းစေရေး အခြေခံ စားသောက်ကုန်စည်များ ရောင်းချပေးခြင်းကို ၁၉.၃.၂၀၂၅ ရက်နေ့ နံနက် (၀၉:၀၀) နာရီအချိန်က ကဒါရပ်ကွက်၊ မင်္ဂလာဈေးရှေ့တွင် ရောင်းချပေးလျက်ရှိကြောင်း သိရသည်။

မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်ရှိ ကျေးရွာများတွင် အတ္တရံမြစ်ရေဖြင့် နွေသခွား သီးများ တစ်ပိုင်တစ်နိုင် စိုက်ပျိုးထားကြရာ အောင်မြင်ဖြစ်ထွန်း၍ စျေးကောင်းရရှိကာ တောင်သူများ အဆင်ပြေလျှက်ရှိသည်။
ကျိုက်မရောမြို့ပေါ် ကမ်းနားလမ်းထုံးဘိုရပ်ကွက်မှ စိုက်ပျိုးရေးကို အဓိကထား လုပ်ကိုင်ကြရာ နွေရာသီ၌ အတ္တရံမြစ်မှရေများကို ပိုက်ဖြင့်သွယ်ယူကာ နွေသခွားများကို စိုက်ပျိုးကြပြီး ယခုနှစ်၌ အထွက်နှုန်းကောင်းသဖြင့် အဆင်ပြေကြောင်း သိရသည်။

နေပြည်တော်ကောင်စီနယ်မြေအတွင်း၊ ၂၀၂၅ခုနှစ်၊ ဖေဖော်ဝါရီလ၌ ကြံ့နှစ်ကောင်(နီ) တစ် အိတ်လျှင် (၁၈၅၀၀) ကျပ်မှ ၂၀၂၅ နှစ်၊ မတ်လ တတိယပတ်၌ (၁၈၆၀၀) ကျပ်ဖြစ်ပြီး၊ (၁၀၀) ကျပ် ကျဆင်းခဲ့ပြီး လက်ကျန်(၄၂၂၄) အိတ်ကျန်ရှိပါသည်။ ALPHA တစ်အိတ်လျှင် ယခင် (၁၈၀၀၀) ကျပ်မှ ယခု (၁၈၂၀၀) ကျပ်ဖြစ်သဖြင့် (၂၀၀) ကျပ်မြင့်တက်ခဲ့ပြီး လက်ကျန်(၁၅၂၈) အိတ်ကျန်ရှိနေပါသည်။ Max တစ်အိတ်လျှင် ယခင် (၁၇၈၀၀) ကျပ်မှ ယခု (၁၈၀၀၀) ကျပ်ဖြစ်သဖြင့် (၂၀၀) ကျပ်မြင့်တက်ခဲ့ ပြီး လက်ကျန် (၇၁၀) အိတ် ကျန်ရှိကြောင်းသိရှိရပါသည်

ဒူးရင်းပင်/ဒူးရင်းသီးများသည် မြန်မာပြည်တောင်ဘက်ပိုင်းတွင်စိုက်ပျိုးဖြစ်ထွန်းသော အသီး တစ်မျိုးဖြစ်သည်။

ဧရာဝတီတိုင်းဒေသကြီးအတွင်း ဆန်စပါးဈေးကွက်တွင် မတ်လဒုတိယပတ်မြို့နယ်အချို့ စပါး၊ ဆန်ဈေးနှုန်းများအကျဘက်သို့ ဦးတည်လျက်ရှိပြီး ဖျာပုံခရိုင်၊ ဖျာပုံ ၊ ဘိုကလေး၊ ကျိုက်လတ်မြို့နယ်များတွင် လူနည်းစုစားသုံးမှုရှိသော ပေါ်ဆန်းစပါး (၄၆) ပေါင် (၁) တင်းလျှင် ယခင် ကျပ် (၂၃၆၀၀) ဈေးနှုန်းမှ ယခုဈေးစပါး (၁) တင်းလျှင် ကျပ် (၂၃၀၀၀) ဖြစ်သွား၍ ပေါ်ဆန်းစပါး (၁) တင်း ကျပ် ၆၀၀ ဈေးနှုန်းကျဆင်းလျက်ရှိပြီး ဒေးဒရဲမြို့နယ်တွင် ပေါ်ဆန်းစပါး ၄၆ ပေါင် (၁) တင်း ကျပ် ၂၃၇၀၀ ဈေးမှ ယခုဈေး ၂၃၀၀၀ ဖြစ်သွ
