ကုန်သွယ်မှုသတင်းများ
Beetroot အား မြောက်အမေရိကတွင် စတင်စိုက်ပျိုးဖြစ်ထွန်းကာ အသုံးများခဲ့သည်ဟု သိရှိရပါသည်။ Beetroot အား မြန်မာလို "သကြားမုန်လာဥ" ဟူ၍ ခေါ်ဆိုကြပါသည်။ မြန်မာနိုင်ငံတွင် စားသုံးသူနည်းပြီး တခြားနိုင်ငံတွင် ဟင်းလျာတစ်ခုအနေဖြင့် စားသုံးကြ သကဲ့သို့ Juice အနေဖြင့်သောက်သုံးကြပါသေးသည်။ ချိုမြပြီး အရသာကိုကြိုက်၍ လေ့လာကြည့်မိပါသည်။ ၁၉ရာစု အလယ်လောက်တွင် Beetroot အား ဝိုင်၏အရောင်ချယ်ရာမှ စတင် အသုံးပြုလာကြပါသည်။ Beetroot သည် မုန်လာဥကဲ့သို့အပင်တစ်မျိုးဖြစ်ပြီး အရိုးနီညိုရောင်နှင့် အစိမ်

စားဖိုဆောင်သီးနှံတစ်မျိုးဖြစ်သည့် အာလူးကို ကုန်းသာကျေးရွာ ၊ သေးဆူလဲကျေးရွာတို့တွင် စိုက်ပျိုးကြပြီး ပြည်နယ်အတွင်း စားသုံးမှုလိုအပ်ချက်အရ ရှမ်းပြည်နယ်တောင်ပိုင်း ပင်လောင်းမြို့၊ အောင်ပန်းမြို့၊ နောင်တယားမြို့တို့မှ မှာယူတင်သွင်းရောင်းချကြပါသည်။ ယခင် မတ်လ(တတိယပတ်)တွင် အာလူးတစ်ပိဿာလျှင်(၂၅၀၀)ကျပ်ဈေးဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိပြီး ယခုဧပြီလ(တတိယပတ်)တွင်လည်း အာလူးတစ်ပိဿာဈေးနှုန်းမှာ တစ်ပိဿာလျှင် (၂၅၀၀) ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိပါသည်။ယခင်မတ်လ(တတိယပတ်) အာလူးဈေး နှုန်း
သလဲသီးကို ရုက္ခဗေဒအမည်အရ Pomegranate ဟုခေါ်ဆိုပြီး သလဲပင်ကို လွန်ခဲ့သောနှစ်ပေါင်းများစွာကတည်းက မြေထဲပင်လယ်ဒေသတွင် စတင်စိုက်ပျိုးခဲ့ကြပါသည်။ သလဲသီးကိုလည်း ဆေးဖက်ဝင်သစ်သီးဝလံအနေဖြင့် စားသုံးခဲ့ကြပါသည်။ သလဲပင်၏ ပင်စည်သည်ကိုင်းဖြာမှုရှိပြီး သေးငယ်သောဆူးများလည်း ရှိပါသည်။ လွန်းပုံသဏ္ဍာန် အရွက်များရှိပါသည်။ ရွက်ထိပ်ချွန်ပြီး အနီရောင်ပန်းပွင့်များလည်း ပွင့်ပါသည်။ သလဲသီးတွင် အမျှင်ဓါတ်၊ရေဓါတ်နဲ့ ကျန်းမာရေးကိုအကျိုးပြု အထောက်ကူပေးတဲ့ ဒြပ်ပေါင်းများစွာပါ ဝင်ပါသည်။ သလဲသီးတွင် ဗီတာ
၂၀၂၃ ခုနှစ် ဧပြီလ (ပထမအပတ်)အတွင်း ကန့်ဘလူ၊ ကျွန်းလှ မြို့နယ်တွင် အခြေခံစားကုန်များဖြစ်သော ရွေဘိုပေါ်ဆန်း(အဟောင်း) တစ်ပြည် (၃၈၀၀) ကျပ်၊ ဧရာမင်း(အဟောင်း) တစ်ပြည် (၃၂၀၀) ကျပ်၊ ရွှေဘိုပေါ်ဆန်း (အသစ်)တစ်ပြည် (၃၂၀၀) ကျပ်၊ ယခင်အပတ်ထက်ရွှေဘိုပေါ်ဆန်း (အသစ်)ဈေး တစ်ပြည်လျှင် (၂၀၀)ကျပ် မြင့်တက်နေပြီး ဧရာမင်း(အသစ်)တစ်ပြည် (၃၀၀၀) ကျပ် ယခင်အပတ်ထက် ဧရာမင်း (အသစ်)ဈေး တစ်ပြည်လျှင် (၂၀၀)ကျပ် မြင့်တက်နေပြီး အရောင်းအဝယ် ဖြစ်လျှက်ရှိသည်။ ကြက်သွန်နီ မြစ်သားအမျိုးအစား(အသစ်) လက်လီဈေးမှာ (အ
ညောင်ဖူးဆိုသည်မှာ ကန့်ဘလူ၊ ကျွန်းလှ ဒေသတွင်မှ မဟုတ်ပဲ ဒေသတိုင်းနှင့်လူတိုင်း အထွေအထူးပြောပြစရာမလိုဘဲ မြင်ဘူးပြီး ရင်းနှီးပြီးသားလည်းဖြစ်ပါသည်။ လူများစားရတဲ့ ညောင်ပင်မှာဆိုရင် ညောင်ချိုပင်နှင့် ညောင်ချဉ်ပင်ဆိုပီး(၂)မျိုးရှိရာမှာ ညောင်ချိုပင်မှ ထွက်ရှိသော အဖူးနုနုထွတ်ထွထ်လေးတွေကို လူအများကခူးပြီး ရေနွေး ပွက်ပွက်ဆူ မှာထည့်ပြုတ်ကာ ခရမ်းချဉ်သီးငပိဆီချက်၊ မြေပဲဆံထောင်း၊ နှမ်းထောင်း၊ ကြက်သွန်ကြော်တို့နဲ့ သုပ်စားကြသလို ငပိရည် နဲ့ တို့စရာအဖြစ်လည်း စားကြပါသည်။ ညောင်ချည်ဖူးသည် ခ