
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ပန်းတနော်မြို့၊ အနောက်ပိုင်းရပ်ကွက်တွင် ပဲမျိုးစုံရောင်းဝယ်ရေးလုပ်ငန်းရှိပြီး ပန်းတနော်ကျေးရွာများမှ စိုက်ပျိုးရေးကို အဓိကလုပ်ကိုင်ပြီး သင်၊ စပါး၊ ပဲတီစိမ်း၊ နေကြာ၊ မတ်ပဲ၊ ပဲလွန်းဖြူ တို့ကို ရာသီအလိုက် စိုက်ပျိုးလျက်ရှိရာ ဆောင်းသီးနှံ ပဲလွန်းဖြူ ကို စိုက်ဧက ၈၄၆၀ ကျော် စိုက်ပျိုးထားရှိကြောင်း သိရသည်။
ပန်းတနော်မြို့နယ်အတွင်း ပဲမျိုးစုံရောင်းဝယ်ရေး လုပ်ငန်းများရှိပြီး ဒေသထွက် ပဲများကို ရန်ကုန်သို့တင်ပို့လျှက်ရှိသည်။ ပဲလွန်းဖြူသီးနှံကို ဇန်နဝါရီလ က အရောင်းအဝယ်ဈေးနှုန်းမှာ ၇၈၀၀၀ကျပ် ဖြင့်ရောင်းဝယ်လျက်ရှိသည်။ ဇန်နဝါရီလတွင် ပဲလွန်းဖြူသီးနှံကို ရန်ကုန်ဘုရင့်နောင် ပွဲရုံများသို့ တင်ပို့မှုအနေဖြင့် (၃၃၀)တင်းတင်ပို့ခဲ့ကြောင်း၊ ဖေဖော်ဝါရီလ အတွင်း ပဲလွန်းဖြူ ရောင်းဝယ်နေမှု ဈေးနှုန်းမှာ ငွေကျပ် ၇၆၀၀၀နှုန်းဖြင့် အရောင်းအဝယ်ဖြစ်ပေါ်လျက်ရှိသည်။ ဇန်နဝါရီလ ပဲလွန်ဖြူသီးနှံ ရောင်းဝယ်မှုနှင့် ဖေဖော်ဝါရီလ ပဲလွန်းဖြူသီးနှံ ရောင်းဝယ်မှုဈေးနှုန်းနှင့် နှိုင်းယှဉ်ပါက ပဲလွန်းဖြူသီးနှံ တစ်တင်းလျှင် ငွေကျပ် ၂၀၀၀ ကျဆင်းကြောင်း ဈေးကွက်အတွင်းမှ သိရှိရပါသည်။
DOCA (ဧရာဝတီ)