ကုန်သွယ်မှုသတင်းများ
ပြည်ခရိုင်၊ ပေါက်ခေါင်းမြို့နယ်တွင် မုန်လာဥနီများ စိုက်ပျိုးထားရှိပြီး ကုန်ကျစရိတ် အကျိုးအမြတ်အား သိရှိနိုင်ပါရန် ကွင်းဆင်းလေ့လာခဲ့ပါသည်။
ပြည်ခရိုင်အတွင်း မြို့နယ်အားလုံး ဖူးစားပြောင်းစိုက်ပျိုးလျက်ရှိပြီး ရွှေတောင်နှင့် ပန်းတောင်းမြို့နယ်မှ ဧကအများဆုံး စိုက်ပျိုးပါသည်။ ယခုနှစ် ၂၀၂၂-၂၀၂၃ ခုနှစ် ပြည်မြို့နယ်တွင် စိုက်ဧက (၁၁၅၃) ဧက၊ ပေါက်ခေါင်းမြို့နယ်တွင် (၉၉၅) ဧက၊ ပန်းတောင်းမြို့နယ်တွင် (၈၇၂၃)ဧကနှင့် ရွှေတောင်မြို့နယ်တွင် (၆၈၈၉)ဧကဖြင့် စုစုပေါင်း (၁၇၇၆၀)ဧက စိုက်ပျိုးထားရှိပါသည်။ ဧက(၁၇၄၀၀)ကျော်ခန့် ရိတ်သိမ်းပြီး တစ်ဧကလျှင် အထွက်နှုန်းအနေဖြင့် (၂၄၇၈၀)ဖူးရှိ၍ (၄၃၁၁၇၂၀၀၀) ဖူးခန့် ထွက်ရှိကြောင်း သိရှိရပါသည်။
တောင်ငူမြို့ မြို့မဈေးကြီးနှင့် ညောင်ပင်ဈေးများသို့ တောင်ငူမြို့နှင့်အနီးတဝိုက်မှ ဒေသထွက် ငှက်ပျောသီးများ ဝင်ရောက်လျက်ရှိပါသည်။ ယခုအချိန်ကာလသည် မြန်မာ့ဓလေ့ထုံးတမ်း အစဉ်အလာအရ အလှူပွဲများစည်ကားသိုက်မြိုက်စွာ ပြုလုပ်ကြရာ အလှူတွင် မပါမဖြစ်သော ဘုရားပွဲ၊ နတ်ပွဲများတွင် အဓိကပါဝင်သည့် ရခိုင်ငှက်ပျောသီးသည် ယခင်က တစ်ဖီးလျှင် ၃၀၀ ကျပ် မှ ၄၀၀ ကျပ်အထိသာရှိရာမှာ ယခုအခါတွင် တစ်ဖီးလျှင် ၇၀၀ ကျပ်မှ ၈၀၀ ကျပ်အထိပေးရပြီး အလုံးလှ၍ အနာလွတ်လျှင် တစ်ဖီး ၁၀၀၀ ကျပ်အထိ ဈေးကောင်းရပါသည်။
တောင်ငူခရိုင်၊ ဖြူးမြို့တွင် ရွှေဘိုပေါ်ဆန်း တစ်အိတ်လျှင် ၈၅၀၀၀ ကျပ်ဖြင့် ဈေးတည်ငြိမ်နေပါသည်။ ဧည့်မထဈေးနှုန်းမှာ ယခင်အပတ်က တစ်အိတ်လျှင် ၅၄၀၀၀ ကျပ်မှ ၅၆၀၀၀ ကျပ်အထိရှိပြီး ယခုအပတ်တွင် တစ်အိတ်လျှင် ၅၇၀၀ ကျပ်ဖြင့် ဈေးနှုန်း အနည်းငယ် မြင့်တက်ခဲ့ပါသည်။
မြေပဲဆီမှာ တစ်ပိဿာလျှင် ၁၄၀၀၀ ကျပ်ဖြင့် ဈေးနှုန်းတည်ငြိမ်နေပြီး စားအုန်းဆီမှာ ယခင်အပတ်က တစ်ပိဿာလျှင် ၇၄၀၀ ကျပ်မှ ယခုအပတ်တွင် တစ်ပိဿာလျှင် ၆၈၀၀ ကျပ်မှ ၇၀၀၀ ကျပ်အထိ ဈေးအနည်းငယ် ကျဆင်းပါသည်။

တောင်ငူမြို့၊ ညောင်ပင်ဈေးရှိ အုန်းသီးအရောင်းဆိုင်တွင် ကြွက်မြီးပါအုန်းသီး အလုံးချောအကြီး ၁လုံးလျှင် ၁၈၀၀ ကျပ်၊ အုန်းသီးအသေး ၁လုံးလျှင် ၁၅၀၀ ကျပ်နှင့် အခွံနွှာထားသော အုန်းသီး ၁လုံးလျှင် ၁၀၀၀ကျပ်ဖြင့် ရောင်းချပါသည်။