ကန့်ဘလူမြို့မဈေးတွင် ရောင်းချနေသည့် သရက်သီးခြောက်ဈေးနှုန်း

Powered by Drupal

              စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူမြို့ “မြို့မဈေး”သည် နေ့စဉ်ဈေးရောင်းသူများ၊ ဈေးဝယ်သူများနှင့် စည်ကားလျက်ရှိပြီး ရာသီပေါ်သီးနှံများ၊ ဒေသထွက်ကုန်များအပြင် အခြားဒေသမှဝင် ရောက်သည့် လူသုံးကုန်နှင့် စားသောက်ကုန်ပစ္စည်းများကို ရောင်းချပေးလျက်ရှိကြောင်း သိရသည်။

               ၂၀၂၅ ခုနှစ်၊ ဖေဖေါ်ဝါရီလ စတုတ္ထပတ်အတွင်း “မြို့မဈေး”တွင် ရောင်းချနေသည့်  သရက် သီးခြောက်ဈေးနှုန်းများမှာ (၁၀)ကျပ်သားလျှင်(၈၀၀)ကျပ်၊ (၅၀)ကျပ်သားလျှင်(၄၀၀၀)ကျပ်၊ (၁) ပိဿာလျှင်(၇၀၀၀)ကျပ်ဖြင့် ရောင်းချကြောင်း၊ သရက်သီးလှိုင်လှိုင်ပေါ်ချိန်တွင် သရက်သီးများကို အခြောက်လှမ်းပြီး သိမ်းဆည်းထားကြောင်း၊ ယခုလိုရှားပါးချိန်တွင် သရက်သီးခြောက်သည် လူကြိုက်များကာ ဈေးကောင်းရကြောင်း၊ သရက်သီးခြောက်သည် မြို့ပေါ်ရပ်ကွက်များ၊ ကန့်ဘလူမြို့နယ်အတွင်းရှိ ကျေးရွာများမှလည်း ဝင်ရောက်ကြောင်း ကုန်မျိုးစုံရောင်းချသည့် လုပ်ငန်းရှင်များထံမှ သိရှိရပါသည်။

DOCA(စစ်ကိုင်း)