ကုန်သွယ်မှုသတင်းများ
မတ်လဒုတိယပတ်အတွင်းမန္တလေးကုန်စိမ်းစျေးကွက်သို့ ထောပတ်ပဲစိမ်း၊ ပဲကြီး(ပဲစိမ်း)၊ စားတော်ပဲစိမ်း၊ ပဲစာဥ၊ ပဲစင်းငုံ၊ ရွှေပဲသီး၊ နွေပဲသီးတို့နှင့်အတူ ပဲလိပ်ပြာ(ခေါ်)ပဲစိတ်တိုပဲစိမ်းများ ဝင်ရောက်မှုများပြား လျက်ရှိပါတယ်။ မန္တလေးဒေသတွင်း မြို့နယ်များမှ ထွက်သည့်ကုန်စိမ်းများ၊ စစ်ကိုင်းတိုင်းဒေသကြီးနှင့်ရှမ်းပြည်နယ်ဒေသထွက်ကုန်စိမ်းများဝင်ရောက်မှုများပြီး၊ ကျန်ဒေသများ မှလည်း ဝင်ရောက်ကြောင်း သိရပါတယ်။ ၄၁လမ်းစျေးမှာ မန္တလေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်း ဒေသကြီးနှင့်ရှမ်းပြည်

မတ်လဒုတိယပတ်အတွင်း ကြက်ဥစျေးမှာ မတ်လပထမပတ်ပေါက်စျေးနှင့် နှိုင်းယှဉ်ပါက ကြက်ဥစျေးအနည်းငယ်ကျဆင်းသော်လည်း ဘဲဥနှင့် ငုံးဥဈေးမှာဈေးငြိမ်နေကြောင်း သိရပါတယ်။ မန္တလေးစျေးကွက်အတွင်း ပြင်ဦးလွင်မြို့နယ်၊ ပြင်စာကျေးရွာမွေးမြူရေးခြံထွက်ကြက်ဥများဝင် ရောက်မှုအများဆုံးဖြစ်ပြီး၊ ကျောက်ဆည်၊ မြစ်သား၊ မြို့သာမြို့နယ်ရှိ ခြံများမှလည်းဝင်ရောက်ကြောင်း သိရပါတယ်။ ဘဲဥမှာ အမရပူ၊ ပုသိမ်ကြီး၊မတ္တရာမြို့နယ်ရှိခြံများမှ ဝင်ရောက်မှုများပြီး၊ကျန် ဒေသ များမှလည်း ဝင်ရောက်ကြောင်း သိရပါတယ်။ ငုံးဥမ

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ပခုက္ကူမြို့ပေါ်တွင် မန်ကျည်းသီးမှည့်အသစ်များ ဝင်ရောက်အရောင်းအဝယ်ဖြစ်လျက်ရှိပြီး အဓိကအားဖြင့် ယောနယ်ဒေသများနှင့် ကျောက်ပန်းတောင်း မြို့၊ ဆိပ်ဖြူမြို့၊ မြိုင်၊ ကမ္မနှင့် မြစ်ခြေမြို့များမှ ထွက်ရှိ၍ နေ့စဉ်ဝင်ရောက် အရောင်းအဝယ် ဖြစ်လျက်ရှိပါသည်။

မွန်ပြည်နယ်၏ ကွမ်းသီးဈေးနှုန်းမှာ ယခုမတ်လတွင် ဈေးနှုန်းအနည်းငယ် ကျဆင်းလျက်ရှိကြောင်း သိရသည်။ မွန်ပြည်နယ်ရှိ မော်လမြိုင်နှင့်ရေးမြို့နယ်မှ အထွက်များသော ကွမ်းသီးဈေးနှုန်းမှာ မော်လမြိုင် အညိုသီး (အသန့်) (၁) ပိဿာလျှင် ၁၆၅၀၀ ကျပ်၊ မော်လမြိုင် ပါးပုတ်သီး (အသန့်) (၁) ပိဿာလျှင် ၁၇၅၀၀ ကျပ်၊ ရေးသီး (အသန့်) (၁) ပိဿာလျှင် ၁၉၅၀၀ ကျပ်ဖြစ်သည်။

မွန်ပြည်နယ်သည်ကျွဲကောသီးထွက်ရှိရာ ပြည်နယ်တစ်ခုဖြစ်ပါသည်။ ကျွဲကောသီးအများ ဆုံးထွက်ရှိသော မြို့နယ်များမှာ ကျိုက်ထို၊ ဘီးလင်း၊ သထုံ၊ မုဒုံ၊ မော်လမြိုင်မြို့နယ်များဖြစ်ပြီး ယခု မတ်လ ဒုတိယအပတ်တွင် ဖြစ်ပေါ်နေသော ကျွဲကောသီးဈေးနှုန်းများမှာ ပန်းရောင်ကျွဲကောသီး(အကြီး) ၂ကီလိုအထက် ၅၀၀၀ကျပ်၊ ပန်းရောင်ကျွဲကောသီး(အလတ်) ၂ကီလို ၄၀၀၀ ကျပ်၊ ပန်းရောင်ကျွဲကောသီး(အငယ်) ၂ကီလိုအောက် ၃၀၀၀ ကျပ်၊ ကျွဲကောသီးအဖြူ(အကြီး) ၂ကီလို ၃၀၀၀ ကျပ်၊ ကျွဲကောသီးအဖြူ (အငယ်) ၁.၅ကီလို ၂၀၀၀ ကျပ်ဖြစ်ပေါ်လျက်ရှ
