ကုန်သွယ်မှုသတင်းများ
ပန်းဂေါ်ဖီစိမ်းသည် ၁၉၈၀ပြည့်နှစ်ခန့်မှစ၍ မြန်မာပြည်တွင် စိုက်ပျိုးလာသောမျိုးဖြစ်ပါသည်။ ပန်းဂေါ်ဖီ အစိမ်းသည် ပိုမိုနူးညံ့ပြီးဗီတာမင်ကေ ပါဝင်မှုအထူးများပြားပြီး နှလုံးသွေးကြောကျဉ်းရောဂါ၊ အစာအိမ်ကင်ဆာနှင့် ရင်သားကင်ဆာတို့ကို ပျောက်ကင်းစေနိုင်ပါသည်။ပန်းဂေါ်ဖီစိမ်းသည် ပန်းဂေါ်ဖီအဖြူစတင်ဖြစ်ထွန်းရာ ဒေသများဖြစ်သော အီတလီနိုင်ငံ၊ အမေရိကန် နိုင်ငံတို့တွင် ၁၉၄၅ ခုနှစ်နောက်ပိုင်း ထုတ်လုပ်ရာမှ ကမ္ဘာတွင် ကျယ်ကျယ်ပြန့်ပြန့် စိုက်ပျိုးလာခြင်းဖြစ်ပါသည်။ပန်း ဂေါ်ဖီစိမ်းတွင် အဓိကအားဖြင့်
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်မြို့နယ်၊ တလုပ်လပ်နောင် (၄)မိုင်ကျေးရွာတွင် အာတာလွတ်(ခ) သင်ဥကို နှစ်စဉ်စိုက်ပျိုးလျက်ရှိပြီး တစ်နှစ်လျှင် နှစ်ကြိမ်စိုက်ပျိုးကြကြောင်း၊ အာတာလွတ်(ခ) သင်ဥကို ယခင်နှစ်က စိုက်ဧက ၅၀ ခန့် စိုက်ပျိုး၍ ယခုနှစ်တွင် စိုက်ဧက ၆၀ ကျော် စိုက်ပျိုးထားရှိကြောင်း သိရှိရပါသည်။

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့ ပဲမျိုးစုံနှင့် ဆီထွက်သီးနှံမျိုးစုံရောင်းဝယ်ရေး ဈေးကွက်တွင် ဆီထွက်သီးနှံ မြေပဲများ နေ့စဉ်အရောင်းအဝယ်ဖြစ်လျက်ရှိရာ စိုက်ပျိုးမှုများသော ပခုက္ကူ၊ မြိုင်၊ ပေါက်၊ ရေစကြို၊ ယောနယ်ဒေသများနှင့် စစ်ကိုင်းတိုင်း၊ မန္တလေးတိုင်းဒေသကြီးအတွင်းရှိ ကျေးရွာများမှထွက်ရှိသော မိုးမြေပဲ(အသစ်)များ ပခုက္ကူဈေးကွက်သို့ ဝင်ရောက်အရောင်းအဝယ်ဖြစ်လျက် ရှိပါသည်။ မိုးမြေပဲတူးဖော်ရိတ်သိမ်းပြီး ဆောင်းမြေပဲစိုက်ပျိုးချိန် ကြားကာလတွင် မြေပဲသစ်များ ဝင်ရောက်မှုနည်းသော်လည်း

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ဆိပ်ဖြူမြို့နယ်အတွင်းရှိ ဒေသခံပြည်သူများသည် စိုက်ပျိုးရေး လုပ်ငန်းကို စီးပွားဖြစ် လုပ်ကိုင်ကြပြီး သီးနှံမျိုးစုံအနက်မှ (ကျွန်း)စားတော်ပဲ စိုက်ပျိုးမှု ကိုလည်း တစ်ပိုင်တစ်နိုင် စိုက်ပျိုးကြကြောင်း၊ ဧရာဝတီမြစ်ရိုးတစ်လျှောက်ရှိ ကိုင်းကျွန်းမြေများတွင် သီးညှပ် စိုက်ခင်းအပြင် သီးသန့်စိုက်ပျိုးမှုကိုလည်း နှစ်စဉ်မပြတ်စိုက်ပျိုးကြောင်း၊ မြေပဲခင်းများတွင် လည်းသီးညှပ်အဖြစ် စိုက်ပျိုးမှုများကြောင်း သိရှိရသည်။
သာပေါင်းမြို့နယ်သည် မြေလွတ်မြေရိုင်းအတော်အသင့်ရှိနေခြင်း ယခင်နှစ်ရှည်ပင်များအစား အစားထိုး၍ အခြားနှစ်ရှည်ပင်များစိုက်ပျိုးလာခြင်း၊ ထုတ်လုပ်မှု၊ သွင်းအားစု၊ လုပ်သားခများ ကြီးမြင့်ခြင်းတို့ကြောင့် ကုန်ကျစရိတ်များပြားသော နှစ်ရှည်သီးနှံများအစား ကုန်ကျစရိတ်သက်သာသော နှစ်ရှည်မန်ဂျန်ရှားသစ်မျိုးကို စိုက်ပျိုးလာကြပါသည်။ မန်ဂျန်ရှားပင်သည် ဖြောင့်စင်းပြီးကြီးမြန်သစ်ပင်မျိုးဖြစ်ကြောင်း တွေ့ရှိရပါသည်။ အပွင့်မှာ အဖြူရောင်ဖြစ်ပြီး မျိုးစိတ်ပေါင်း (၂၀၀) ကျော်ရှိကြောင်း သိရှိရပါသည်
